Episode 6 (Zawgyi)

157 19 0
                                    

အစ်ကိုတစ်ယောက် မနက်က စာမေးပွဲမှီမှာပါနော်..။

မင်းသစ်မာန်တစ်ယောက် နေ့လည်ထမင်းစားချိန်ရောက်တော့ ကန်တင်းအဝင်လမ်းဘက် လှည့်တကြည့်ကြည့်နှင့် တွေးနေမိသည်..။

ပြီးတော့..ငါ့ကိုလည်း စိတ်ဆိုးပြေလောက်မှာပါနော်..။

မင်းသစ်မာန်တစ်ယောက် ငြိမ်သက်စွာ ထိုင်နေပြီး ခနကြာတော့ အစ်ကိုက ကန်တင်းထဲသို့ ဝင်လာခဲ့လေ သည်..။

မင်းသစ်မာန်ဘက်က လှမ်းခေါ်ဖို့ မရဲဝံ့သောကြောင့် အစ်ကိုနှင့် မျက်လုံးချင်းဆုံဖို့အတွက်သာ ကြိုးစားရ တော့သည်..၊ မင်းသစ်မာန်တစ်ယောက် ဆက်တိုက် အစ်ကို့ကို စိုက်ကြည့်နေပြီး ခနကြာတော့ အစ်ကိုနှင့် မျက်လုံးနှင့် ဆုံသွားလေတော့သည်..။

မင်းသစ်မာန် ထပ်ပြီး မရဲဝံ့စွာနှင့် ပြုံးပြလိုက်သည်..။ ထို့အပြင် အစ်ကိုကလည်း မင်းသစ်မာန်နှင့် မျက်လုံးချင်းဆုံမိပြီးတာနဲ့ သူထိုင်နေသည့် စားပွဲဝိုင်းရှိရာဆီသို့ လျှောက်လာလေသည်..။

သို့သော် မင်းသစ်မာန်ကတော့ မနေ့ကကိစ္စကြောင့် မျက်နှာပူပြီး မျက်လုံးချင်းထပ်မဆုံရဲချေ..။ အစ်ကို ကတော့ သူနှင့် မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်လိုက် ကာ-

"မနေ့က ဖုန်းထဲကနေ တောင်းပန်မခံချင်လို့ သက် သက် block လိုက်တာ..အခုချိန်လောက်ဆို ကိုယ့် အမှားကိုယ် သုံးသပ်မိလောက်ရောပေါ့..ဘယ်လိုလဲ.. တောင်းပန်မှာလား.."

အစ်ကို့ရဲ့ ခပ်ပြတ်ပြတ်စကား​ကြောင့် မင်းသစ်မာန်ခမျာ ခေါင်းတောင် မဖော်ရဲဘဲ ငိုက်စိုက်ချထားလေ သည်..။ ပြီးတော့ မင်းသစ်မာန်ဘက်ကလည်း တစ်ခါ မှ တခြားသူကို တောင်းပန်လေ့မရှိတာကြောင့် အာ စေးကပ်နေလေသည်..။

"အခွင့်အရေးပေးတုန်း တောင်းပန်နော်.."

အစ်ကို့ရဲ့စကားကို ကြားပေမဲ့ မင်းသစ်မာန်ကတော့ တစ်လုံးမှ မဟချေ..။ ဖုန်းထဲမှာ တောင်းပန်စကား ပြောတုန်းကသာ လွယ်ပေမဲ့ အပြင်မှာအခုလို ပြောဖို့ ကျတော့ နည်းနည်း ခက်ခဲတယ်လေ..။

"မင်းသစ်မာန်..တောင်းပန်ပါတယ်ဆိုတာလေး ပြော ဖို့ကို ဘာလို့ဒီလောက်ခက်နေတာလဲ..မပြောရင်လည်း ပြန်တော့မယ်.."

Bad Guy is falling in love with The Good Boy [Completed]Where stories live. Discover now