Episode 12 (Unicode)

1K 61 1
                                    

"ကောင်း..ငါတို့ရဲ့ ဆက်ဆံရေးက..ထင်သလို မရိုးရှင်းခဲ့ဘူးနော်..မင်းလည်း သိမှာပါ.."

သွင့်ရဲ့စကားတွေကြောင့်နဲ့ စိတ်မယိမ်းယိုင်မိအောင် ကြိုးစားရင်း ကောင်းလျှံပိုင်တစ်ယောက် ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားပြီး ခေါင်းကိုသာ ငိုက်စိုက်ချထားမိသည်..။

"အကယ်၍..နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရ မယ်ဆိုရင်.."

မေးမှမေးပါ့မလားလို့ တွေးနေမိတာ..၊ သို့သော်လည်း အကယ်၍ မေးလာခဲ့ရင် အဖြေကတစ်ခုထဲ..။

ထိုအမေးကြောင်း ကောင်းလျှံပိုင်တစ်ယောက် သွင်ထူးမြတ်ကို မော့ကြည့်လိုက်ပြီး သူ့မျက်ဝန်းများကို အတန်ကြာစိုက်ကြည့်ကာ-

"ဖြေစရာလိုလို့လား.."

"အင်း..လိုတယ်.."

သွင့်ရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်ရောင်ခြည်တွေ လဲ့နေလေသည်..။ သူမျှော်လင့်နေပေမဲ့လည်း ကောင်းလျှံပိုင်က အဲ့သလောက်ထိတော့ မတုံးအ ချေ..။

အကယ်၍ ပြန်လက်ခံလိုက်ပြီး ပြန်တွဲခဲ့ရင်လည်း.. တုံရင်းက တုံရင်းပဲ..၊ ငွေကြေးတန်းညှိတတ်တဲ့သူ့ အဖေတနဲ့ ထပ်ပြီး မျက်နှာချင်းဆိုင်ရဦးမည်..၊ သူ့အဖေရဲ့ မတူသလို မတန်သလိုအကြည့်တွေကို ခါး စည်းခံရဦးမည်..၊ ငွေကြောင့်နဲ့ ထပ်ပြီး မျက်နှာအ ငယ်ခံရဦးမည်..။

အချစ်အတွက်ဆိုရင် ဘာမဆို လုပ်ရဲရမှာပေါ့ဆိုတံ စကားက လက်တွေ့ဘဝမှာတော့ ထင်သလောက် မလွယ်ကူချေ..။ မာနမရှိသည့် ယောက်ျား..၊ ငွေ ကြေး မပြည့်စုံသည့် ယောက်ျား..၊ ငွေရှိတဲ့သူကို ကပ်ပါးနေသည့် ယောက်ျားဟုလည်း အထင်သေးခံရဦးမည်..။

တော်ပါပြီ..၊ တစ်ခါပဲ ခံပါရစေ..။ ကောင်လျှံပိုင်ဆို သည့်သူက အချစ်အတွက်ဆိုပြီး အဲ့သလောက်ထိ တော့ မတုံးအချေ..။

"မင်းသစ်မာန်ကိုပဲ..ငါရွေးတယ်..သွင်ထူးမြတ်..မင်း ကိုတော့..ပြန်မတွဲဘူး.."

သူ့ရဲ့မျှော်လင့်ချက်တွေ ရိုက်ချိုးလိုက်သလို ဖြစ်သွားချင် ဖြစ်သွားလိမ့်မည်..၊ သို့သော် မင်းသစ်မာန် အပေါ်မှာတော့ သစ္စာရှိတဲ့သူတစ်ယောက်အနေနဲ့တော့ လိပ်ပြာသန့်သန့် ရပ်တည်ပေးချင်သည်..။ အတိတ်က ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့..၊ ဘယ်အတိုင်းအတာ..၊ ဘယ်အဆင့်ထိပဲ ရောက်ရောက်.. အဲ့ဒါတွေအားလုံးက ပြန်ယူလို့မရတော့တဲ့ အတိတ်တွေ ဖြစ်ခဲ့ပြီလေ..၊ အခုကောင်းလျှံပိုင်လည်း အချစ် သစ်နဲ့ဖြစ်နေပြီ..၊ သွင်ထူးမြတ်နဲ့ကလည်း..သူစိမ်း အပြင်လူဖြစ်သွားခဲ့ပြီ..။

Bad Guy is falling in love with The Good Boy [Completed]जहाँ कहानियाँ रहती हैं। अभी खोजें