Episode 17 (Unicode)

831 57 0
                                    

"မင်းသစ်မာန် ပျောက်သွားတယ်ဆိုတဲ့ညက ကျွန်တော့်ဆီကို ဖုန်းဆက်တယ်..သူတောင်းပန်တဲ့အ ကြောင်းတွေကို မူးမူးနဲ့ပြောနေခဲ့တယ်..သူ့ဘေးမှာ လည်း တီးလုံးတွေက ဆူညံနေတယ်..အဲဒါနဲ့ ကျွန် တော်လည်း အမူးပြေမှ ဖုန်းဆက်ဆိုပြီး ပြောလိုက် တယ်..အဲ့နောက်ပိုင်းကျွန်တော်လည်း အဆက်အ သွယ်မရတော့ဘူး.."

"ဒါဆို..ဒီက ကျောင်းသားပြောပုံအရဆိုရင်.. သူ နောက်ဆုံးရှိခဲ့တဲ့နေရာက တီးလုံးသံတွေ ဆူညံနေတဲ့ နေရာပေါ့.."

"ဟုတ်ကဲ့.."

ကောင်းလျှံပိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်..။

ထိုအခါ ရဲသားဦးလေးကြီးက ဘေးနားက သူ့တပည့်ဘက် လှည့်ကာ-

"မင်းသစ်မာန်ရဲ့ မိဘတွေကို မေးကြည့်..သူ့သား ထွက်သွားတုန်းက ဘာနဲ့သွားလဲဆိုတာ..အကယ်၍ ကားနဲ့ဆိုရင် ဆက်ပြီး ရှာလို့ရပြီ.."

"ဟုတ်ကဲ့ ဆရာ.."

ရဲသားဦးလေးကြီးက ကောင်းလျှံပိုင်ဘက် ပြန်လှည့် လာကာ-

"အခုလို ပြောပြပေးလို့ ကျေးဇူးပါပဲ..အကယ်၍ ဒီက ကျောင်းသားဆီကို မင်းသစ်မာန်က ဆက်သွယ်လာခဲ့မယ်ဆိုရင် ဦးလေးတို့ကို ပြန်ပြီး အကြောင်းကြားပေး ပါနော်.."

"ဟုတ်ကဲ့ပါဗျ.."

အားလုံးက အေးအေးဆေးဆေးပင် ပြီးသွားခဲ့သည်..။ သွင်နဲ့ ဟန်ဆောင်ရည်းစားတွေဘာတွေ လုပ် နေခဲ့တာ..၊ အခု မင်းသစ်မာန်ပျောက်တဲ့ကိစ္စက ဟိုကိစ္စထက်တောင် ပိုအရေးကြီးတော့..ဟိုကိစ္စကို သတိမရကြတော့ချေ..။ ပြီးတော့ အခန်းထဲကသူတွေကလည်း မင်းသစ်မာန်ပျောက်တဲ့အမှုကိုပဲ အာရုံ ထားကြတော့သည်..။

>>>>>>>>>

ညနေရောက်တော့ ကောင်းလျှံပိုင်တစ်ယောက် မင်း သစ်မာန်ဆီသို့ ဖုန်းဆက်ကြည့်မိသည်..။ စစချင်း ဖုန်းခေါ်တော့ ဖုန်းစက်ပိတ်ထားသည်..။

မင်းသစ်မာန်က ဖုန်းကို စက်ပိတ်ထားရတဲ့အထိ ပုန်း နေစရာလိုလို့လား..၊ ဒီကောင်လေး ဘာတွေ လုပ်ထား လို့ အခုလို ပုန်းနေရတာလဲ..။

ကောင်းလျှံပိုင်တစ်ယောက် သက်ပြင်းဆွဲတစ်ခုကို လေးလေးပင်ပင် ချမိပြီးနောက် နောက်တစ်ကြိမ် ဖုန်းခေါ်ကြည့်မိသည်..။

Bad Guy is falling in love with The Good Boy [Completed]Donde viven las historias. Descúbrelo ahora