Episode 21 (Zawgyi)

180 13 0
                                    

ထောင်သား ၂၁၀၅.. ဧည့်သည်လာတယ်.."

ညနေခင်းထမင်းစားချိန်၌ ထောင်စောင့်တစ်ယောက်က ဝင်လာ ကာ အော်ပြောလာသဖြင့် သွင်ထူးမြတ်လည်း စားနေ ရာမှ ထလာခဲ့လိုက်ကာ ထောင်စောင့်အနောက်သို့ လိုက်လာခဲ့သည်..။

ဘယ်သူက လာတွေ့တာလဲ..။ အဖေလား..။

ဧည့်တွေ့ခန်းထဲသို့ ဝင်လာခဲ့တော့ အခန်းထဲ၌ ထိုင်နေ သူ၏ အကြည့်ကြောင့် သွင်ထူးမြတ်တစ်ယောက် ကြောင်အ,စွာဖြင့် ရပ်ကြည့်နေမိသည်..။

"ထိုင်လေ..ဘာရပ်လုပ်နေတာလဲ.."

ထိုလူ၏ အပြောကြောင့် သွင်ထူးမြတ်လည်း မျက်နှာ ချင်းဆိုင် ထိုင်ခုံ၌ ဝင်ထိုင်လိုက်ကာ-

"အမရာ..နင်က ဘယ်လိုလုပ်ပြီး.."

"အဆင်ပြေရဲ့လား..နေရထိုင်ရတာ.."

အမရာ့မျက်နှာက ၅နာရီလောက် ငိုထားပြီး မို့အစ်နေ သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလာသဖြင့် သွင်ထူးမြတ် အနားသို့ တိုးကပ်သွားကာ-

"အမရာ..နင်..မဟုတ်မှ.. ငိုထားတာလား.."

ဒဲ့တိုးကြီး မေးလိုက်သောကြောင့် အမရာလည်း ဖြေရ ခက်သွားကာ မျက်နှာလွှဲသွားပြီး-

"အဟီး..ဟုတ်တယ်..ညက ဇာတ်ကားကြည့်တာ များ သွားလို့..ညီမမေးတာကျတော့ မဖြေဘူး..နေရထိုင်ရတာဘယ်လိုလဲလို့.."

"ဪ..အဆင်ပြေပါတယ်.."

သွင်ထူးမြတ် အမရာ့ကို ကြည့်နေရင်းမှာပင် ခေါင်းထဲ ဝင်လာသည့် အတွေးတစ်ခု..။

"အမရာ.."

"ရှင်.."

"နင်..ငါ မင်းသစ်မာန်ကို ပြန်ပေးဆွဲခဲ့တယ်ဆိုတာ.. ယုံလား.."

"အင်း..ပြောရရင်..အခုထိမယုံကြည်နိုင်သေးဘူး.. ကိုသွင်က ဘာလို့မင်းသစ်မာန်ကို ပြန်ပေးဆွဲတာလဲ.."

"ငါမဟူတ်ဘူး အမရာ..တကယ်ပြောတာ..ငါ..အဲ့ဒီ့အကြောင်းတွေကို တကယ်မသိခဲ့တာ..မင်းသစ်မာန်ပျောက်တယ်ဆိုတာ ကြားပေမဲ့ ငါ့အိမ်မှာ မရှိခဲ့တာ သေချာတယ်.."

"ဒါပေမဲ့ မင်းသစ်မာန်ပျောက်တဲ့ညက ကိုသွင့်အိမ် မှာ ကိုသွင်တစ်ယောက်တည်းလေ..ကိုသွင့်အဖေက ခရီးလွန်နေခဲ့တာလေ.."

Bad Guy is falling in love with The Good Boy [Completed]Tahanan ng mga kuwento. Tumuklas ngayon