Episode 20 (Zawgyi)

123 11 0
                                    

မတရားခံလိုက်ရတာပဲ..။

သွင်ထူးမြတ်တစ်ယောက် ထောင်ဒဏ်နှစ်နှစ် ကျခံရ မည်ဟု တရားခွင်၌ အမိန့်ထုတ်ပြန်ပြီးသည့်နောက် စိတ်ထဲ၌ အခဲမကျေဘဲ တနုတ်နုတ် ဖြစ်နေသည်..။

ဘယ်သူကများ ငါလို့ ​ချောက်ချလိုက်တာလဲ..။ မင်း သစ်မာန်ကို ငါဘာမှ မလုပ်ခဲ့ဘူးလေ..။

ထောင်သားဝတ်စုံနှင့် အကျဉ်းခန်းလေး၏ ထောင့်၌ ထိုင်နေခဲ့သည်..။

မင်းသစ်မာန်ပျောက်တဲ့ အဲဒီနေ့ညက ငါအိမ်ကိုပဲ တန်းပြန်ခဲ့တာလေ..၊ စဉ်းစားစမ်..ဘယ်သူလဲ..။

အတွေးထဲ၌ ရုတ်တရက်ဆိုတော့ ဘာမှစဉ်းစားလို့မရ ခဲ့ဘဲ တော်တော်ကြာတော့မှ မျက်စိထဲ မြင်ယောင်လာသည်က ကောင်းပြတဲ့ ဓာတ်ပုံ..။ ဟုတ်တယ်..၊ အဲဒီ့ဓာတ်ပုံထဲမှာ မင်းသစ်မာန်ကို ပြန်ပေးဆွဲသွား တယ်ဆိုတဲ့သူက ငါဆိုပြီးတော့ ကောင်းသံသယဝင် ခဲ့တာလေ..။

အဲဒီ့လူဝတ်ထားတံအင်္ကျီရဲ့အရောင်ကလည်း ငါအဲ့ နေ့ညကဝတ်တဲ့ အရောင်ပဲ..။ သေချာအကွက်ကျကျ စီစဉ်ထားခဲ့တာပဲ..။

>>>>>>>>>>

"ဒီလအတွက် presentation ရှိတယ်နော်.. team နဲ့ အလုပ်လုပ်ရတာဆိုတော့ power pointကို တစ် ယောက်က လုပ်ပေးလိုက်နော်.."

ကျူတာဆရာမက ပြောပြီးတာနဲ့ အခန်းထဲမှ ထွက်သွားလေတော့သည်..။ ကောင်းလျှံပိုင်လည်း လုပ်စ ရာရှိသည်တို့ကို လုပ်နေစဉ်..အနောက်မှ လက်လှမ်းတို့မှုကြောင့် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်..။

"ငါတို့အဖွဲ့ထဲမှာ မင်းပဲကျန်တော့တာ..အားလုံး လုပ် ပြီးကုန်ကြပြီ..ဒီတစ်ခေါက် မင်းအလှည့်နော် ကောင်း လျှံပိုင်..မင်း power point လုပ်..ငါတို့ မင်းကို telegram group ကနေ အချက်အလက်တွေ ပို့ ပေးမယ်.."

"အာ..ငါလုပ်ရမယ့်အလှည့်လား.."

"အင်း..အိမ်မှာ laptop တော့ ရှိမှာပါနော်.."

မျက်ခုံးပင့်ကာ ရိသဲ့သဲ့နှင့် မေးလာသည့် ထိုလူ့အမေး ကို ကောင်းလျှံပိုင်တစ်ယောက် ခေါင်းသာ ညိတ်ပြလိုက်သည်..။

"ရှိပါတယ်..အချက်အလက်တွေသာ စုံအောင် ပို့ပေး.. ပြီးတော့..power point ကို ငါ့ဖာသာအဆင် ပြေသလို လုပ်ရမလား..ဒါမှမဟုတ်..zoom meeting join မလား.."

Bad Guy is falling in love with The Good Boy [Completed]Where stories live. Discover now