Episode 19 (Unicode)

906 54 5
                                    

ချစ်တင်းနှောပြီး၍ အိပ်ရာထဲ၌ မာန့်ကို ရင်ခွင်ထဲသို့ သွင်းထားကာ မှေးနေခဲ့သည့် ကောင်း..။

ဒေါက်! ဒေါက်!

ရုတ်တရက် တံခါးလာခေါက်သံကြောင့် ကောင်းလျှံ ပိုင် တံခါးဘက်သို့ ခေါင်းထောင်ကြည့်လိုက်ကာ -

"ခနလေးနော်.."

ကောင်းလည်း ကုတင်ပေါ်မှ ထလာခဲ့ပြီး တံခါးဆီသို့ လျှောက်လာခဲ့လိုက်သည်..။ ထို့နောက် တံခါးဖွင့်ကြည့်လိုက်တော့ တံခါးခေါက်သည့်သူက တီလေး..။

"သား..ဘာများဖြစ်လို့လဲ.."

"ဘာကိုလဲ တီလေးရဲ့.."

"ဘာဖြစ်လို့ ကျောင်းမသွားတာလဲလို့ မေးတာပါ.."

"ဪ..ဘာမှ​တော့ မဖြစ်ပါဘူး..presentation အတွက် လုပ်စရာလေးရှိလို့ပါ.."

"ဪ..ဒါနဲ့..ခုနက စကားပြောသံတွေ ကြားနေတယ်.. ဘယ်သူရှိလို့လဲ.."

တီလေးစကားကြောင့် ကောင်းမျက်ခုံးပင့်သွားပြီး ချက်ချင်းပြန်မဖြေမိခဲ့ချေ..။

"ကျွန်တော်နဲ့ပါ.."

ရုတ်တရက် နောက်ကျောဘက်မှ မာန့်အသံကြောင့် ကောင်း အနောက်သို့ လှည့်ကြည့်လိုက်ရသည်..။

"သူက?? "

တီလေး၏ အမေးစကားသံကြောင့် ကောင်းလည်း မထူးတော့သည့်အဆုံး ပြောပြဖို့သာ ဆုံးဖြတ်လိုက်ရ သည်..။

"ဟို..ကျောင်းမှာ လူပျောက်တယ်ဆိုတာလေ..အဲဒါ သူပေါ့.."

"ဪ..ဟို မင်းသစ်မာန်ဆိုတဲ့ ကျောင်းသားလား.."

"ဟုတ်တယ် တီလေး.."

"ဒါနဲ့..မျက်နှာက ဘယ်လိုဖြစ်တာလဲ..မြင်မကောင်း လိုက်တာကွယ်.."

"အဲဒါက သူ့ကို ပြန်ပေးဆွဲသွားတဲ့သူက နှိပ်စက်ထား တာ ထင်တယ်.."

"ဒီကိုကရော..ဘယ်လိုရောက်လာတာလဲ.."

"မနေ့ညက ည၁၀နာရီလောက်ကြီး..ထွက်ပြေးလာတာ ထင်တယ်.."

"ဟောတော်..မသေကောင်းမပျောက်ကောင်း..ပြန်ပေးဆွဲသွားတဲ့သူကိုရော..မှတ်မိလား.."

"ဟုတ်ကဲ့.."

မာန့်ရဲ့ အဖြေကြောင့် ကောင်းလည်း မာန့် ဘက်ကို လှည့်ကြည့်လိုက်မိသည်..။

Bad Guy is falling in love with The Good Boy [Completed]Where stories live. Discover now