ကြွေငယ်လေးဟာကောင်းကင်ကိုမော့ကြည့်လိုက်တော့မိုးဖွဲလေးတွေဟာတဖြည်းဖြည်းနဲ့ကြီးလာတယ်အဲ့တာကြောင့်ခြေလှမ်းတွေကိုပိုမြန်အောင်လှမ်းလိုက်တယ်
ဟူး ခက်ရချည်ရဲ့ မိုးမင်းကြီးရယ်
မရွာလိုက်ပါနဲ့လားဗျာ
မဟုတ်ရင်ကြီးမြကဆူတော့မှာပဲ
သက်ပြင်းလေးချရင်းကြွေငယ်ဆုတောင်းလိုက်မိတယ်မိုးမင်းကြီးကအလုပ်ရှုပ်နေပုံရပါတယ်ကြွေငယ်ရဲ့ဆုတောင်းကိုမဖြည့်ဆည်းပေးခဲ့ဘူးခနအကြာမှာပဲကောင်းကင်တစ်ခုလုံးမှောင်လာပြီးမိုးတွေတဝေါ::ဝေါ
သည်းထန်းစွာရွာလာတယ်
စိုကုန်တော့မှာပဲ သစ်ပင်အရိပ်အောက်မှာ မိုးခိုလိုက်အုံးမယ် မဟုတ်ရင်ဖျားတော့မှာ
တစ်ယောက်ထဲရေရွတ်ရင်းအရိပ်ကောင်းတဲ့သစ်ပင်အောက်မှာမိုးခိုလိုက်မိတယ်မိုးကတော်ရုံနဲ့မစဲတော့ကြွေငယ်လေးဝမ်းနည်းလာတယ်
အိမ်ရောက်ရင်ကြီးမြကရိုက်ပြီးထမင်းမကျွေးပဲထားတော့မှာတွေးပြီးမျက်ရည်တွေဝိုင်းလာတယ်ပြီးတော့မိုးနဲ့အတူရှိုက်ကြီးတငင် ငိုချလိုက်တယ်
ဟင့်...ဟင့်...ရွတ်
ဟင့်...ဟင့်...ရွတ်
ဗိုက်ကလဲဆာလာပြီမိုးကလဲမတိတ်သေးဘူး
ငိုရတာလဲမောနေပြီ ဟင့်...ဟင့်...
ခနကြာတော့မိုးမင်းကြီးကကြွေငယ်လေးငိုတာမကြည့်ရက်တော့လို့ထင်ပါရဲ့မိုးတဖြည်းဖြည်းနဲ့တိတ်သွားတယ်
အဲ့တော့မှကြွေငယ်လဲအိမ်ကိုမပြေးရုံတမယ်ပြန်လာခဲ့တယ်အိမ်ရှေ့ရောက်တော့ကြီးမြကစပြီးဆူပါလေရော
ဟဲ့ နေခကြွေ နင်ဘယ်တွေသဝေထိုးနေတာလဲ သွားတာကြာပြီအခုမှပြန်လာတာ
ဘာလဲ အရိုက်ခံချင်နေပြီလား
ကြွေငယ်ကရိုက်ခံရမှာအရမ်းကြောက်ပါတယ်ပြီးတော့ကြီးမြရိုက်ရင်ကြွေငယ်သွေးထွက်တဲ့အထိရိုက်တာ
ကြွေငယ်လဲကြောက်ကြောက်နဲ့ပဲအသံတွေတောင်တုန်လာတယ်
မဟုတ်... မဟုတ်ပါဘူး ကြီးမြ
ကျွန်တော်ဘယ်မှသဝေမထိုးပါဘူး
မိုးကြီးလာလို့သစ်ပင်အောက်မှာမိုးခနဝင်ခိုတာပါ........
ဘာ.....အခုနင်ငါ့ကိုပြန်ပြောနေတာလား
မိုးရေထဲပြန်လာခဲ့လို့ရတာပဲ
နင့်ကိုစောင့်နေတာနဲ့ငါတို့တွေ
ထမင်းငတ်တော့မယ်
သွားထမင်းသွားချက်.... ပြီးတော့
ဒီမနက်နင်ထမင်းမစားရဘူး
ဟို......
ဘာဟို...နေတာလဲ မကျေနပ်ဘူး လား
နင့်ကိုအခုအသက်အရွယ်ထိငါကျွေးလာတာနော်
အခုနင့်ကိုတောင်မဟုတ်ဘူး
ဟိုဒုက္ခိတအဖိုးကြီးကိုတောင်ရှာကျွေးနေရတယ်
ဒါတောင်ကျေးဇူးမသိတတ်ဘူး
နင်ကျပ်ကျပ်သတိထားနေညကျရင်အရိုက်ခံရမယ်မှတ်
သွား.....ထမင်းမြန်မြန်သွားချက် ငါ့
သားလေးကိုသွားကြိုအုံးမယ်
ပြန်လာရင်စားလို့ရပါစေ မဟုတ်ရင်
နင်သေဖို့သာပြင်ထား
ချက်ပြီးရင်အိမ်ကအဝတ်တွေအကုန်လျှော်ထား
ငါသွားပြီ အေး...ထမင်းခိုးစားလို့ကတော့သေပြီသာမှတ်
ကြားလား.....ငါပြောတာ
ကြွေငယ်လဲဝမ်းလဲဝမ်းနည်းကြောက်လဲကြောက်တာကြောင့်အမြန်ပင်ခေါင်းငြိမ့်ပြီးဖြေပေးလိုက်တယ်
ဟုတ်.... ဟုတ်ကဲ့ ကြားပါတယ်
အေး....ကြားရင်ပြီးရော
ကြွေငယ်ကိုပြောပြီးတာနဲ့အပေါ်တက်ပြီးပိုက်ဆံအိတ်ယူကာ ကြော့ကြော့မော့မော့ထွက်သွားတယ်
ကြွေငယ်လဲဝမ်းနည်းလို့ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီးထမင်းချက်ဖို့မြန်မြန်ပြင်ဆင်လိုက်ရတယ်ဝမ်းနည်းနေလဲမထူးဘူးလေ
ဒါတွေကကြွေငယ်လူမှန်းသိတတ်စအရွယ်ကတည်းကကြုံလာရတာဆိုတော့ကျင့်သားရနေသင့်ပါပြီ
ဒါပေမယ့် ခက်တာကကြွေငယ်ကဝမ်းနည်းလွယ်တာပဲ
ကြွေငယ်အတွေးတွေကိုမြန်မြန်ဖျက်ကာမီးဖိုချောင်ထဲဝင်လာတယ်
YOU ARE READING
ကိုယ့္သက္ငယ္ေလး completed
Romanceသက်ငယ်ကိုယ့်ကိုချစ်ရကုသိုလ်ရပါတယ်သက်ငယ်ရယ် မြေမခနှိုင်းသျှံ ကျွန်တော်ကဦးအချစ်တွေကြောင့်အရမ်းဆိုးလာတယ် နေခကြွေ သက္ငယ္ကိုယ့္ကိုခ်စ္ရကုသိုလ္ရပါတယ္သက္ငယ္ရယ္ ...