". ...baby လေးအခုရှင်းရှင်းလင်းလင်သိသွားပြီဆိုတော့ကိုယ့်ကိုအဖြေပြန်ပေးတော့လေနော်....."
တိမ်ထိုက်အခုစိတ်တွေလဲရှင်းသွားပြီးတွေဝေနေစရာလဲမလိုတော့ဘူးသေချာသွားပြီတိမ်ထိုက်သူ့ရှေ့ကကောင်ငယ်လေးကိုချစ်မြတ်နိုးပြီးတစ်ဘဝလုံးလက်တွဲသွားချင်တယ်ဆိုတာလေ
နဲနဲတော့ ရှက်ပေမယ့်ဒီလူသားကိုဆုံးရှုံးရမှာစိုးတာကြောင့်ဝန်ခံဖို့ဆုံးဖြတ်လိုက်တယ်
". ...ဟို....တကယ် တော့လေ.....ငါကလေ.....
တောင်းပန်ပါတယ် အရင်ကတည်းကဝန်မခံခဲ့လို့အခုငါ့စိတ်ငါသေချာသွားပြီ.....ငါကလေ...ဟို....မောင်မင်းကိုချစ်နေတာကြာပါပြီ......"
တိမ်ထိုက်ပြောပြီးရှက်လို့ခေါင်းငုံ့နေလိုက်တယ်ရင်တွေလဲအရမ်းခုန်နေတယ်လေခငယ်ဝမ်းနည်းမိသွားတယ်babyလေးကအစကတည်းကသူ့ကိုမချစ်နိုင်ရင်မျှော်လင့်ချက်တွေမပေးသင့်ဘူးလေ
ဒါပေမယ့် babyလေးကဘယ်တုန်းကမျှော်လင့်ချက်ပေးခဲ့လို့လဲခငယ်ပဲအမြဲလိုက်ရှုပ်နေတာအခုbabyလေးကသူ့ကိုလိုက်မရှုပ်စေချင်လို့ပွင့်ပွင့်လင်းလင်းပြောလာတယ်ထင်ပါရဲ့
babyအတွင်းရေးမှူးမောင်မင်းစိုးကလဲချစ်စရာကောင်းပြီးဖော်ရွှေတတ်တယ်babyအလုပ်မှာအရမ်းအားကိုးရတယ်လေbabyလေးကသူ့ထက်ငယ်တဲ့မောင်မင်းကိုချစ်မိသွားတာကbabyအပြစ်မဟုတ်ပါဘူး
babyလေးနဲ့မောင်မင်းကလိုက်ဖက်ပါတယ်
". ...အင်း ကိုယ်သိပြီ ကိုယ်မင်းကိုလိုက်မနှောက်ယှက်တော့ပါဘူးကိုယ်အခုဖေဖေတို့နဲ့ရန်ကုန်ပြန်ပြီးရင်ဒီကိုပြန်မလာတော့ဘူးမင်းကိုအရင်ကစိတ်ရှုပ်စေမိရင်တောင်းပန်ပါတယ်....အာ.... ကိုယ်အဝတ်တွေသွားပြင်အုံးမယ်နော်.....ကိုယ်မင်းကိုချစ်တယ်ဆိုတာကိုတော့အမှတ်ရစေချင်တယ်......"
ခငယ်လဲပြောရင်းငိုချင်လာတာကြောင့်ခတ်ခတ်အခန်းထဲဝင်လာပြီးငိုလိုက်မိတယ်
ခငယ်babyလေးကိုသိပ်ချစ်တာအစကbabyလေးပြန်ချစ်လာမှာလို့ပဲမျှော်လင့်ခဲ့တာတကယ်အရူးတစ်ယောက်လိုပါပဲအောက်မှာကျန်ခဲ့တဲ့တိမ်ထိုက်မှာကြောင်အသွားမိတယ်
ခငယ်ကဘာဖြစ်သွားတာလဲတိမ်ထိုက်ကခငယ်ကိုချစ်တယ်လို့ပြောနေပြီပဲအဲ့အရူးလေးကဘာဖြစ်သွားတာပါလိမ့်
ဒီကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ပြောလိုက်တာကြောင့်တိမ်ထိုက်ရင်ထဲဆစ်ကနဲဖြစ်သွားပြီးနာလာတယ်
ခငယ်အစကတည်းကသူ့ကိုမချစ်ပဲစိတ်ကစားခဲ့တာလားထိုက်ကတကယ်ပြန်ချစ်တော့ထိုက်ကိုအားနာလို့လိုက်မရှုပ်တော့ဘူးပြောပြီးတောင်းပန်သွားခဲ့တာလား
ဒီလိုချစ်ချင်တိုင်းချစ်ပြီးမချစ်ချင်တော့ရင်ထားသွားရအောင်ထိုက်ကအရုပ်ကလေးမဟုတ်ဘူးလေ
ထိုက်အစကတည်းကပြောထားပါတယ်ထိုက်ချစ်မှန်းသေချာရင်ခငယ်မချစ်ရင်တောင်ထိုက်ကမရ ရအောင်ပြန်လိုက်မှာလို့လေ
ပြီးတော့ခငယ်ကထိုက်ကိုအနမ်းအကြွေးဆပ်ရအုံးမယ်လေ
". ...မင်း မောင့်လက်ကနေပြေးလို့မလွတ်ပါဘူးအချစ်ရယ်.....အခုတော့မောင် မင်းလေးစိတ်ကြိုက်လွတ်ပေးလိုက်မယ်....... "
ထိုက်တစ်ယောက်ထဲတိုးတိုးလေးရေရွတ်ပြီးပြုံးလိုက်တယ်
ပြီးတော့အိမ်ကိုပြန်လာလိုက်တယ်သူလုပ်စရာရှိတာတွေလုပ်ထားရမယ်လေ
YOU ARE READING
ကိုယ့္သက္ငယ္ေလး completed
Romanceသက်ငယ်ကိုယ့်ကိုချစ်ရကုသိုလ်ရပါတယ်သက်ငယ်ရယ် မြေမခနှိုင်းသျှံ ကျွန်တော်ကဦးအချစ်တွေကြောင့်အရမ်းဆိုးလာတယ် နေခကြွေ သက္ငယ္ကိုယ့္ကိုခ်စ္ရကုသိုလ္ရပါတယ္သက္ငယ္ရယ္ ...