part 28 u/z

445 18 2
                                    

အေးချမ်းရိပ်တွေပြည့်နေတဲ့မျက်နှာလေးရယ်ငြိမ်သက်စွာတရားထိုင်နေတဲ့အမူအရာလေးတွေကိုကြည့်ရင်းနှိုင်းနှလုံးခုန်သံတွေမြန်လာတယ်
ဘယ်အကြောင်းကြောင့်နှိုင်းက ကလေးငယ်ကိုနှစ်ယောက်ရှိတယ်လို့ထင်မိလဲမသေချာပါဘူး
သေချာတာတစ်ခုကတော့နှိုင်းကအပြစ်ကင်းတဲ့မျက်ဝန်းဝိုင်းတွေကိုပဲရင်ခုန်နေတာပါနှိုင်းအရင်ကအတိုင်းတရားထိုင်နေတဲ့ကလေးငယ်ကိုခုံးပေါ်လက်ထောက်ထားရင်းလွမ်းနေခဲ့ရတဲ့မျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်နေလိုက်တယ်
ခနအကြာမှာ နာရီအချက်ပေးသံမြည်လာတာမို့ကလေးငယ်ကမျက်လုံးကိုဖြည်းညင်းစွာဖွင့်လိုက်ရင်းဦး၃ကြိမ်ချကာနှိုင်းဘက်ကိုလှည့်လာပြီးအံသြသွားပုံရတယ်
". ..အယ် ဦးနှိုင်း ဘယ်တုန်းကတည်းကရောက်နေတာလဲ....."
နှိုင်သဘောကျစွာပြုံးလိုက်မိတယ်သူကလေးငယ်ရဲ့အဲ့လိုခေါ်သံလေးကိုလွမ်းနေခဲ့ရတာလေ
". ...ကိုယ်လွမ်းနေခဲ့ရတာ...."
". ...ဟင်......"
". ..ကိုယ် သက်ငယ်လေးကိုချစ်တယ်
ဘယ်အကြောင်းကြောင့်ကိုယ်ကအရင်လကိုယ်မြင်တွေ့နေရသူကသက်ငယ်လေးမဟုတ်ဘူးလို့ထင်မိတာလဲမသိဘူး........
သေချာတာကတော့ကိုယ်ကသက်ငယ်လေးရဲ့စူးရှတဲ့မျက်ဝန်းဝိုင်းလေးအစား အပြစ်ကင်းတဲ့မျက်ဝန်းဝိုင်းလေးကိုပိုမြတ်နိုးမိတယ်ဆိုတာပဲ......ကိုယ်သက်ငယ်လေးကိုဖွင့်ပြောဖို့ပြင်ဆင်ထားခဲ့ဖူးပေမယ့်သက်ငယ်လေးကပျောက်သွားတယ်လေ အခုတော့ကိုယ်သက်ငယ်လေးထပ်ပျောက်သွားမှာစိုးလို့ဖွင့်ပြောပါရစေ.......ကိုယ်သက်ငယ်လေးကိုအရမ်းချစ်တာပဲ ကိုယ့်ကိုအဖြေပေးလေနော်သက်ငယ်....."
ဦးနှိုင်း ကရုတ်တရက်ကြီးချစ်ကြောင်းတွေဖွင့်ဟဝန်ခံပြီးကြွေငယ့်လက်ကိုကိုင်ကာအဖြေပြန်ပေးဖို့ချစ်ရိပ်အပြည့်ရှိနေတဲ့မျက်ဝန်းလေးနဲ့မျက်တောင်မခတ်ပဲကြည့်နေတယ်
ဒီဦးနှိုင်းဟာလေ ဒါကဘုရားခန်းဆိုတာသိသေးရဲ့လားမသိဘူးပြောချင်တာတွေပဲဇွတ်ပြောနေတော့တယ်ကြွေငယ်လဲကြည်နူးနေမိပေမယ်မျက်နှာပူကာရှက်သေးတယ်လေ

နှိုင်းလဲမျက်နှာတွေရဲပြီးခေါင်းငုံ့ကရှက်နေတဲ့အကောင်ငယ်လေးကိုကြည့်ရင်းသဘောကျစွာပြုံးလိုက်မိတယ်ပြီးတော့သက်ငယ်လေးလက်ကိုပြန်ဆွဲယူလိုက်ပြီးနူးညံ့စွာနမ်းရှိုက်လိုက်မိတယ်လက်သေးသေးလေးတွေကမွေးလိုက်တာ
". :. ..သက်ငယ် လို့ ကိုယ့်ကိုချစ်လားဟင်...."
". ..အာ    ဦးနှိုင်း ကတော့လေအပြင်မှာသွားပြောရအောင်ဗျာ....."
ကြွေငယ်လက်ကိုဆုပ်ကိုင်ထားတဲ့ဦးနှိုင်းလက်ထဲကနေကြွေငယ်ရုန်းလိုက်ပြီအပြင်ဘက်ကိုထွက်လာတယ်
နှိုင်းလဲအပြင်ကိုထွက်သွားတဲ့ကလေးငယ်နောက်အမြန်လိုက်ခဲ့လိုက်တယ်
". ...ဦးနှိုင်း အလုပ်ရှိသေးတယ်မလားအလုပ်ခန်းထဲမှာစကားသွားပြောရအောင်လေကြွေငယ်ဦးနှိုင်းစိတ်ရှုပ်နေတဲ့အကြောင်းကိုရှင်းပြမလို့ပါ ပြီးမှ ဦးနှိုင်း ပြန်ဆုံးဖြတ်လေကြွေငယ့်ကိုချစ်သေးရဲ့လားဆိုတာ..:. ."
". ....ဘာအကြောင်းပဲရှိရှိသေချာတာကတော့ကိုယ်အခုကိုယ့်မျက်စိရှေ့မှာရှိနေတဲ့ကောင်ငယ်လေးကိုပဲ ချစ်တယ်ဆိုတာသေချာပါတယ်....."
". ....ဟုတ်ပါပြီ ဗျာ အလုပ်ခန်းထဲသွားပြောကြမယ်လာ....."
". ...ကိုယ်အခုတလောအလုပ်တွေပဲလုပ်နေရတာပင်ပန်းနေပြီးကိုယ်နားချင်ပြီကလေးငယ်အခန်းမှာပဲသွားပြောကြမယ်လေ...."
". ...ဟုတ်ကဲ့ဗျ ဒါဆို အခန်းထဲသွားကြမယ်လေ......"
". ....အင်း...... "
နှိုင်းလဲကလေးငယ်နောက်လိုက်ဝင်သွားလိုက်တယ်
". ....ဦးနှိုင်း ထိုင်အုံးလေ....."
". ....ကိုယ်မထိုင်ချင်တော့ဘူးကိုယ်လှဲအိပ်ချင်တယ်သက်ငယ်ကိုလွမ်းတဲ့စိတ်တွေကမပျောက်သေးဘူးမို့သက်ငယ်လေးကိုယ့်ရင်ခွင်ထဲမှာပဲနေပြီးရှင်းပြပါလား......"
". ....အမ်  ဟုတ်ကဲ့ပါဗျ...... "
ကြွေငယ်လဲလှဲအိပ်နေတဲ့ဦးနှိုင်းရင်ခွင်နွေးနွေးဝင်လိုက်ပြီးဦးနှိုင်းကိုခငယ်နဲ့စတွေ့တဲ့အချိန်ကစပြီးအခုအချိန်အထိအဖြစ်အပျက်တွေကိုဖြည်ဖြည်းချင်းရှင်းပြလိုက်တယ်
". ...:အော် အဲ့တာကြောင့်ကိုယ်ကမတင်မကျဖြစ်နေတာပေါ့  ဒါနဲ့ သက်ငယ်ကဘာလို့ကိုယ့်ကိုပြောပြနေရတာလည်းကိုယ်မရိပ်မိအောင်နေပြီးဂရုစိုက်သင့်တယ်လေ......
သက်ငယ်က ကိုယ်စိတ်ဆိုးမှာမကြောက်ဘူးလား......"
". ....ဦးနှိုင်း စိတ်ဆိုးမှာကြောက်တာပေါ့ဗျာဒါပေမယ့်ကြွေငယ်က ဦးနှိုင်းကိစ္စအားလုံးကိုသူစိမ်းတွေစီကနေကြားမယ့်အစားကြွေငယ်ကိုယ်တိုင်ပဲပြောပြချင်မိတယ်လေ ဦးနှိုင်းက ကြွေငယ့်ကိုချစ်တာပဲလေကြွေငယ်ချော့လိုက်ရင်ဦးနှိုင်းစိတ်ကောက်ပြေသွားမှာပဲလေ ဟုတ်တယ်မလား ဟီး..... "
နှိုင်းရင်ခွင်ထဲကနေနှိုင်းကိုသွားတန်းညီညီလေးတွေပေါ်အောင်ရီပြပြီးချစ်စရာကောင်းအောင်ပြောတတ်လွန်းတဲ့သက်ငယ်လေးကြေင့်နှိုင်းသဘောကျစွာပြုံးလိုက်မိတယ်
သက်ငယ်ပြောသလိုပါပဲနှိုင်းသူစိမ်းတွေစီကနေသိရရင်စိတ်မဆိုးရင်တောင်စိတ်မကောင်းဖြစ်မိမှာပဲလေအခုလိုသက်ငယ်လေးကိုယ်တိုင်ရှင်းပြတော့သက်ငယ်လေးကနှိုင်းကိုအလေးထားကြောင်းပြလိုက်သလိုပဲလေ
သက်ငယ်လေးကိုစချင်သေးတာမို့နှိုင်းမေးလိုက်မိတယ်
". ....တကယ်လို့ ကိုယ်ကစိတ်ဆိုးနေသေးရင်ရောသက်ငယ်လေးကဘယ်လို့ပြန်ချော့မှာလဲ...."
". ...အမ်း  အဲ့တာကဘယ်လိုလုပ်ရမလဲဆိုတော့......."
နှိုင်းရင်ခွင်ထဲကထွက်ပြီးထထိုင်လိုက်ကာပါးဖောင်းဖောင်းလေးတွေကိုပိုဖောင်းအောင်လုပ်လိုက်ပြီးစဥ်းစားသလိုလုပ်နေတဲ့ကလေးငယ်လေးကိုကြည့်ရင်းသဘောကျစွာရီမိတော့ ကလေးငယ်နှိုင်းကိုလှည့်ကြည့်လာပြီးနှိုင်းမျက်နှာပေါ်အုပ်မိုးလိုက်ကာပြောလိုက်တယ်
". ....ဟားဟား စဥ်းစားနေပုံလေးကချစ်စရာလေးကွာ....."
". ....ဦးနှိုင်း အဲ့လိုအမြဲအဲ့လိုရီပါလားဗျာကြွေငယ်ကဦးနှိုင်းရဲ့ပါးချ်ုင့်လေးတွေကိုသိပ်သဘောကျတာဗျ......​"
သက်ငယ်လေးကနှိုင်းရဲ့မျက်နှာကိုလက်သေးသေးလေးတွေနဲ့ထိကိုင်ပြီးသဘောကျစွာပြုံးနေတယ်လေ
". ...ဒါနဲ့ ဦးနှိုင်းကဘာလို့ ကြွေငယ်ကိုသက်ငယ်လို့ခေါ်တာလဲဗျ....".
". ...အဲ့တာက သက်ငယ်လေးကိုမြင်ရင်ကိုယ့်နှလုံးခုန်သံတွေမြန်လာပြီးသက်ငယ်နဲ့အတူရှိနေချိန်တိုင်းကိုယ်အမြဲပြံးရတယ်လေအဲ့တာကကိုယ့်ကိုအသက်ရှည်စေနိုင်တယ်တယ်လေသက်ငယ်လေးမရှိရင်ကိုယ့်နှလုံးသားလေးကဝမ်းနည်းပြီးနေမကောင်းဖြစ်တော့မှာလေပြီးတော့ကိုယ်ကသက်ငယ်လေးကိုအသက်တမျှမြတ်နိုးတာကြောင့်သက်ငယ်လေးလို့ခေါ်တာပါ....:. "
ကြွေငယ်ဦးနှိုင်းရဲ့အဖြေကြောင့်သဘောကျစွာပြုံးလိုက်မိတယ်ဒီလူကြီးကစကားသိပ်တတ်လွန်းပြီးချစ်ဖို့ကောင်းလွန်းတယ်လေကြွေငယ်အသဲယားလာတာကြောင့်လက်နဲ့ထိတွေမိတဲ့နှခမ်းလေးကိုဖျက်ခနဲနမ်းလိုက်တယ်
". ....မွ  ချစ်ဖို့ကောင်း လိုက်တာဗျာ သက်ငယ်လဲဦးကိုချစ်တယ် အရမ်းချစ်တယ် ဗျာ......"
ကြွေငယ်ပြောပြီးရှက်လာတာမို့ဦးရင်ခွင်ထဲအမြန်ဝင်လိုက်ပြီးမျက်နှာကိုဝှက်ထားလိုက်တယ်
နှိုင်းမှာတော့ကလေးငယ်အပြောကြောင့်မှင်သေရာမှအသိပြန်ဝင်လာတယ်
". ...သက်ငယ် ကိုယ့်ကိုကြည့်ပြီးပြန်ပြောပါအုံးကွာကိုယ်ကြားချင်တယ်လို့...."
". ...အိပ်တော့မယ် ဗျ ......"
":. .....လုပ်ပါကွာနောက်တစ်ခါလောက်ပဲပြန်ပြောပြပါကွာကိုယ်ကြားချင်လို့ပါနော်....
နော်လို့သက်ငယ်......."
ဦးကအတင်းပြောနေတာကြောင့်ကြွေငယ်လဲရှက်ရှက်နဲ့ပဲပြန်ပြောလိုက်တယ်
". ....သက်ငယ်လဲ ဦးကို အရမ်းချစ်တယ် လို့
ရပြီလား အိပ်တော့ မယ်ဗျာ good night ပါဗျ...."
". ...အင်း good night ပါကိုယ့်သက်ငယ်ရယ် ချစ်လိုက်တာကွ မွမွ...... "
နှိုင်းလဲသူ့ရင်ခွင်ထဲက ကလေးငယ်ရဲ့နှဖူးလေးကိုနမ်းလိုက်ပြီးရင်ခွင်ထဲကကောင်ငယ်လေးကိုပိုတင်းကျပ်အောင်ဖက်ထားလိုက်တယ်
အခန်းထဲကကောင်လေးနှစ်ယောက်ကတော့တစ်ယောက်ရင်ခုန်သံတစ်ယောက်နားထောင်ရင်းအပြုံးကိုယ်စီနဲ့အိပ်ပျော်သွားကြတယ်
အိပ်မက်တွေလဲလှနေတယ်ထင်ပါရဲ့မျက်နှာထက်မှာအပြုံးတွေဝေဆာနေလေရဲ့.........

ကိုယ့္သက္ငယ္ေလး completed Where stories live. Discover now