part 15 u/z

518 20 2
                                    

     စံအိမ်ကိုပြန်ရောက်တော့နှိုင်းနဲ့ကလေးငယ်လဲအခန်းကိုယ်စီဝင်ပြီးရေချိုးအဝတ်စားပြီးထမင်းစားဖို့အောက်ကိုဆင်းလာခဲ့တယ်
". ...ကြွေငယ်မေမေတို့အိမ်သွားတာပျော်ခဲ့ရဲ့လား...."
". ..ပျော်ပါတယ် ဗျ မေမေကတောင်ဦးနှိုင်းကိုမေးနေသေးတယ်..ကြွေငယ်ကဦးနှိုင်းအစည်းအဝေးရှိလို့ ပြောလိုက်တော့မေမေကအားတဲ့ရက်ကျအတူလာလည်ပါအုံးတဲ့...."
". ...အင်း ကိုယ်ဒီအပတ်ပိတ်ရက်ကျရင်အားတယ်မေမေတို့ဆီသွားလည်ရအောင်ကိုယ်မရောက်ဖြစ်တာလဲကြာပြီ....."
". ..ဟုတ်ကဲ့ပါဗျာ... "
နှိုင်းတို့ထမင်းစားပြီးတော့ကလေးငယ်ကတရားထိုင်းအုံးမယ်ဆိုပြီးဘုရားခန်းထဲဝင်သွားတော့နှိုင်းလဲလိုက်ခဲ့တယ်
". ..အမ် ဦးနှိုင်းကြွေငယ့်ကိုဘာပြောစရာရှိလို့လဲဟင်....."
". ...ဘာမှ ပြောစရာမရှိပါဘူးကိုယ်လည်းကလေးငယ်နဲ့အတူဘုရားရှစ်ခိုးမလို့လေရတယ်မလား..."
". ..ရပါတယ် ဗျာ ကုသိုလ်အလုပ်လုပ်တာပဲဒါပေမယ့်ဦးနှိုင်းစာရင်းတွေလုပ်စရာရှိသေးတယ်မလား...."
". ...အင်း ကိုယ်ဘုရားရှစ်ခိုးပြီးမှလုပ်လိုက်မယ်..."
". ..ဟုတ်ကဲ့ပါဗျ... "
အဲ့လိုနဲ့နှိုင်းလဲကလေးငယ်နဲ့အတူဘုရားရှစ်ခိုးလိုက်တယ်ရှစ်ခိုးလေ့မရှိတော့ဘုရားစာတွေကဟိုမေ့ဒီမေ့နဲ့ကလေးငယ်ပြန်တိုင်ပေးမှမှန်တော့တယ်
ဘုရားရှစ်ခိုးပြီးတော့ကလေးငယ်ကတရားစပြီးထိုင်ပါတယ်နှိုင်းလဲစာရင်းတွေလုပ်စရာရှိတာမို့အလုပ်ခန်းထဲဝင်လာခဲ့တယ်
အလုပ်ခန်းထဲရောက်တော့စစ်စရာရှိတာတွေကိုစစ်ဖို့ပြင်လိုက်တယ်ဒါပေမယ့်တရားထိုင်နေတဲ့အေးချမ်းလှတဲ့မျက်နှာသေးသေးလေးကိုပြန်မြင်ရောင်မိတော့ရင်ထဲကြည်နူးလာတယ်စာရင်းစာအုပ်ကိုင်လိုက်ပေမယ့်ကလေးငယ်မျက်နှာပဲပြန်မြင်နေရတာမို့စိတ်မရှည်ဖြစ်လာကာအလုပ်တွေအကုန်ဘုရားခန်းထဲယူလာပြီးခုံအသေးလေးတစ်ခုချကာကလေးငယ်မျက်နှာကြည်ကြည်လေးကိုကြည့်ပြီးအလုပ်လုပ်နေလိုက်တယ်
အသံမကျယ်အောင်ဂရုစိုက်လုပ်ပြီးအားလုံးပြီးသွားတဲ့အခါမေးလေးထောက်ပြီးကလေးငယ်ကိုထိုင်ကြည့်နေမိတယ်သူ့ကလေးငယ်ကကြည့်ပြီးရင်ထပ်ပြီးကြည့်ချင်လာအောင်ချစ်စရာကောင်းပြီးအေးချမ်းရိပ်တွေပြည့်နေတဲ့မျက်နှာလေးပိုင်ဆိုင်ထားတာကြောင့်နှိုင်းမှာကြည့်မဝဖြစ်ရတယ်

ကိုယ့္သက္ငယ္ေလး completed Where stories live. Discover now