ကြွေငယ်အကျင့်အတိုင်းထနေကျမနက်အစောကြီးထပြီးချက်ပြုတ်ပြင်ဆင်ကာဆွမ်းတော်တင်ပြီးတရားထိုင်ပါတော့တယ်ဒီနေ့ကလုပ်စရာလဲသိပ်မရှိတာမို့၇နာရီ အထိတရားမှတ်ဖို့ဆုံးဖြတ်လိုက်တယ်
နှိုင်းကအမြဲ၆နာရီဆိုထပြီးမျက်နှာသစ်ကာအဝတ်အစားလဲပီး၆နာရီခွဲဆိုလေ့ကျင့်ခန်းလုပ်လေ့ရှိတယ်နှိုင်းတို့အိမ်ကအရမ်းကျယ်တာကြောင့်အပြေးလေ့ကျင့်လို့ရတဲ့နေရာလဲအိမ်အနောက်ဘက်မှာရှိပါတယ်နှိုင်းပြင်ဆင်ပြီးအိမ်အနောက်ဘက်ကိုထွက်လာဖို့လုပ်နေချိန်ကလေးငယ်အခန်းရှေ့ဖြတ်သွားတော့ကလေးငယ်ကိုပါလေ့ကျင့်ခန်းအတူလုပ်ရန်ခေါ်ဖို့ စိတ်ကူးပေါ်လာတယ်ဒါကြောင့်ကလေးငယ်ကိုနိုးဖို့တံခါးခေါက်လိုက်တယ်
". ...ဒေါက် ဒေါက် ဒေါက်....ကြွေငယ်လေးကိုယ်အပြေးလေ့ကျင့်ခန်းလုပ်မလို့လိုက်အုံးမလား...."
အထဲကနေတုန့်ပြန်သံမကြားရတာကြောင့်ကလေးငယ်မထသေးဘူးထင်ပြီးနှိုင်းလဲဆက်မနိုးတော့ပဲအိမ်အောက်ထပ်ကိုဆင်းလာတယ်
အောက်ရောက်တော့အိမ်တော်ထိန်းကထူးဆန်းသလိုမျက်နှာပုံစံနဲ့နှိုင်းရှေ့လာခဲ့တယ်
". ...ဘာဖြစ်လို့လဲကြီးဝေ..."
". .. သခင်ကြီး မိဖြူကမနက်အိပ်ယာထတော့ထမင်းဟင်းတွေချက်ပြီးသားဖြစ်နေတာမို့ကြီးကြီးကိုလာပြောတယ်ကြီးကြီးလဲတစ်ယောက်ယောက်ချက်ထားတာနေမှာပေါ့လို့ပြောတော့မိဖြူကသူအကုန်လိုက်မေးပြီးပြီဘယ်သူမှမချက်ဘူးတဲ့လေ အဲ့တာသခင်လေးကိုပြောပြဖို့စောင့်နေတာပါ ကြီးကြီးဖြင့်ဆွမ်းတော်တင်ဖို့တောင်မပြင်ရသေးဘူး.... "နှိုင်းမျက်မှောင်ကြုတ်မိသွားတယ်ဒါကဘယ်လိုဖြစ်တာလဲ
". ...မိဖြူအကုန်မေးပြီးတာသေချာလား..."
". ..သေချာပါတယ်သခင်ကြီး အယ်နေပါအုံးဒေါ်လှကိုမမေးရသေးဘူးမနက်ကတည်းကမတွေ့မိလို့ပါ...."
". ...ဒေါ်လှချက်ထားတာနေမှာပေါ့..."
". ...ဒေါ်လှကလျှပ်စစ်မီးနဲ့မှမချက်တတ်တာသခင်ကြီးရယ်..."
". ...အဲ့တာလဲဟုတ်သားပဲ...."နှိုင်းစဥ်းစားရကျပ်သွားတယ်စိတ်ကြည်နေတာတောင်ဘယ်ရောက်သွားမှန်းမသိဘူးမျက်မှောင်တွေကိုပိုကြုတ်ထားလိုက်တယ်အဲ့အချိန်မှာပဲတံခါးကနေဟင်းသီးဟင်းရွက်အထုပ်တွေကိုင်ကာဝင်လာတဲ့ဒေါ်လှကြောင့်အားလုံးရဲ့အကြည့်ကဒေါ်လှဆီရောက်သွားကြတယ်
". ...ဒေါ်လှဒီကိုခနလာခဲ့ပါအုံး...."
နှိုင်းစိတ်မကြည်တာမို့အသံကနဲနဲမာနေသလိုဖြစ်သွားတယ်
ဒေါ်လှလည်းမျက်မှောင်ကြုတ်ပြီးသူ့ကိုခေါ်နေတဲ့သခင်ကြီးကြောင့်လန့်သွားမိတယ်သူဘာအပြစ်လုပ်ထားမိတာလဲပြန်စဥ်းစားလိုက်တယ်သခင်ကြီးကသူ့ကိုအလုပ်ဖြုတ်တော့မှာလားမသိဘူး
". ....ဟုတ်ကဲ့ပါ... "
ဒေါ်လှပြောပြီးသခင်ကြီးအနားလျှောက်သွားလိုက်တယ်
". ...ဒေါ်လှကျွန်တော်မေးစရာရှိလို့ ဒီမနက်ထမင်းတွေကဒေါ်လှချက်ထားတာလား...."
". ...မဟုတ်ပါဘူး သခင်လေးချက်ထားတာပါအဒေါ်ရေဆာလို့ရေထွက်သောက်မလို့ အပြင်ထွက်လာတော့ မီးဖိုချောင်ဘက်ကအသံကြားလို့ဝင်ကြည့်လိုက်တော့သခင်လေးကဟင်းချက်ဖို့ပြင်နေတာတွေ့လိုက်တယ်အစကအံ့သြသွားပေမယ့်သခင်လေးကသူအိမ်မှာကတည်းကချက်နေကျဆိုလို့ဘာမှမပြောပဲရေသွားသောက်တယ်ပြီးတော့ပြန်မအိပ်တော့ပဲသခင်လေးကိုလိုတာကူညီပေးလိုက်တယ်.........မိဖြူကိုသွားနိုးမလို့သခင်လေးကသူအိပ်ပါစေဆိုလို့မနိုးပဲနေလိုက်တာပါဘာဖြစ်လို့လဲသခင်ကြီး......."
YOU ARE READING
ကိုယ့္သက္ငယ္ေလး completed
Romansaသက်ငယ်ကိုယ့်ကိုချစ်ရကုသိုလ်ရပါတယ်သက်ငယ်ရယ် မြေမခနှိုင်းသျှံ ကျွန်တော်ကဦးအချစ်တွေကြောင့်အရမ်းဆိုးလာတယ် နေခကြွေ သက္ငယ္ကိုယ့္ကိုခ်စ္ရကုသိုလ္ရပါတယ္သက္ငယ္ရယ္ ...