part 25 u/z

425 15 2
                                    

အချိန်တွေကတရွေ့ရွေ့ကုန်လာတယ်ကြွေငယ်ရန်ကုန်ကနေအေးသာယာကိုပြန်လာတာ၁လတောင်ပြည့်နေပြီလေ
ကြွေငယ်ကဦးနှိုင်းနဲ့မေမေ့တို့ကိုလွမ်းနေပြီလေ
မနေ့ညကခငယ်ကနေရာပြန်လဲဖို့ဖုန်းဆက်ပြောတာကြောင့်ကြွေငယ်သဘောတူလိုက်တယ်
ကြီးမြကလဲအခုတလောကြွေငယ်ကိုသိပ်မဆူတော့သလိုတစ်ခါတစ်လေစကားကောင်းကောင်းတောင်ပြောနေသေးတယ်ဘာကြောင့်လဲဆိုတာကြွေငယ်လဲမသိပါဘူး
မနက်ဖြန်မနက်ခငယ်တို့ရောက်လာကြတော့မှာမို့ကြွေငယ်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားလိုက်တယ်

ကားတစ်စီးပေါ်မှာတော့
ခငယ်ကမှိုင်းနဲ့မူးနှစ်ယောက်လုံးနဲ့စကားတွေပြောလို့ဝတော့အိပ်ဖို့ပြင်လိုက်တယ်
မျက်လုံးမှိတ်လိုက်ပေမယ့်အိပ်မပျော်ဘူးဖြစ်နေတယ်လေ
မနက်ဖြန်​ဘေ ဘီလေးနဲ့တွေရတော့မှာမို့ခငယ်ရင်ခုန်မိတယ်သူ့ဘေ ဘီလေးနဲ့ဝေးနေတာအရမ်းကြာနေပြီလေ

အေးသာယာကိုမလာခင်တစ်ပါတ်လောက်အလိုမှာခငယ်ကဖေဖေနဲ့ဘေ ဘီလေးနေမကောင်းဘူးလို့အိပ်မက်မက်တာကြောင့်ခငယ်အေးသာယာကိုပြန်လာဖို့ပြင်လိုက်တယ်
မှိုင်းတို့နဲ့အရင်ဆွေးနွေးလိုက်တယ်
ခငယ်တို့သူငယ်ချင်း၃ယောက်တွေ့နေကျဘားမှာပဲတွေ့ဖို့ချိန်းလိုက်ပြီးလူစုံတော့ခငယ်ကပဲစကားစပြောလိုက်တယ်
". ..ငါနင်တို့နှစ်ယောက်ကိုပြောစရာရှိလို့ဟ...."
". ...ဘာများလဲ...... "
". ...မှိုင်း အေးသာယာကဆိုင်ခွဲကိုသွားကြည့်အုံးမလား......"
". ....မသွားတော့ဘူးလေအရင်ကသွားထားတာ၁လပဲရှိသေးတယ်နှစ်ကုန်ခါနီးမှတစ်ခေါက်ပြန်သွားမယ်လေ ဘာလို့လဲဟ....... "
". ...ဒီလပြန်သွားလို့ရတယ်မလား....."
". ...ရတော့ရပါတယ် ဘာဖြစ်လို့လဲပါဆို....."
". ..ငါဘေ ဘီလေးနဲ့ဖေဖေနေမကောင်းဖြစ်တယ်လို့အိပ်မက်မက်လို့ပါကိုကို့ကိုဖုန်းဆက်မေးပြီးပြီ ဘာမှမဖြစ်ဘူး ဆိုပေမယ့်ငါသူတို့ကိုလွမ်းနေမိပြီလေ အဲ့တာကြောင့်ကိုကိုနဲ့နေရာပြန်လဲမလို့နင်တို့နှစ်ယောက်နဲ့အရင်တိုင်ပင်တာ     ဟီးဟီး....... "
ခငယ်သူ့သူငယ်ချင်းနှစ်မျက်နှာချိုသွေးကာပြောလိုက်တယ်
". ..သွားကြရအောင်လေနော် မှိုင်းကနောက်အပတ်ထဲဆိုအားတယ်မလား    မှူးရောအားတယ်မလား ငါကိုငြင်းဖို့မကြိုးစားနဲ့ငါနင်တို့အချိန်ဇယားတွေလိုက်ကြည့်ထားပြီးပြီနောက်အပတ်မှာနှစ်ယောက်လုံးအရေးကြီးတဲ့ကိစ္စဘာမှမရှိဘူး......အချိန်ကိုတန်ဖိုးရှိရှိသုံးသင့်တယ်လေအခုအပတ်သွားလိုက်ရင်ဒီနှစ်အတွက်သွားစရာမလိုတော့ဘူးအားနေတာပဲသွားကြမယ်လေနော်......."
". ....OMG ခငယ်တို့များအတော်ပြင်ဆင်ထားတာပဲငါတို့အလုပ်ချိန်တွေကိုတောင်သိတဲ့အဆင့်ဆိုတော့လေးစားပါတယ်ကွယ်တော်တော်ပင်ပန်းရမှာပဲ သနားပါတယ် မှိုင်းရယ်အဖော်လိုက်သွားပေးလိုက်ရအောင်ကွယ်......"
မှူးကရွဲ့ပြီးအဖွားအိုအသံနဲ့ပြောကာစနေတာမို့သူတို့သုံးယောက်လုံးမတိုင်ပင်ထားပဲပြိုင်တူရီလိုက်ကြတယ်
". ...ဒါဆို အားလုံးသဘောတူကြတယ်လို့မှတ်လိုက်မယ်နော်..."
". ..အေးပါ..... "
အဲ့အကြောင်းပြီးသွားတော့အလုပ်အကြောင်းနဲနဲပြောပြီးဇတ်ကားအကြောင်းတွေပြောနေကြတယ်သောက်လိုက်စကားပြောလိုက်နဲ့အိမ်ပြန်ဖို့အချိန်ရောက်လာတဲ့အခါခငယ်ကမှိုင်းနဲ့မှူးတို့ကိုအိမ်ပြန်လိုက်ပို့လိုက်ပြီးမှအိမ်ကိုပြန်လာခဲ့တယ်
အိမ်ရောက်တော့ ဦးမြေမခနှိုင်းသျှံ ကခငယ်ကိုဧည့်ခန်းထဲမှာထိုင်စောင့်နေတာတွေ့လိုက်ရတယ်ခငယ်အိမ်ထဲဝင်လာတော့ခငယ်ကိုအပြစ်သားတွေကိုသတ်မိန့်ပေးမယ့်အကြည့်နဲ့ကြည့်နေတာမို့ခငယ်တောင်လန့်သွားရတယ်
". ...ညနက်နေပြီ မင်းအဲ့တာဘယ်ကပြန်လာတာလဲ ကိုယ်ဖုန်းခေါ်တာလဲမကိုင်ဘူးဘယ်သွားမယ်လို့လဲမပြောသွားဘူး......"
". ...သူငယ်ချင်း တွေနဲ့barသွားခဲ့တာပါဖုန်းကအသံပိတ်ထားတာမို့မကြားတာပါကျွန်တော်သွားတဲ့အချိန် ဦးမြေမခနှိုင်းသျှံ မှအနားမှာမရှိတာဒါကြောင့်မပြောသွားတာပါ....ကျွန်တော်အိပ်ချင်ပြီသွားတော့မယ်...."
ကလေးငယ်အိမ်ပေါ်တက်သွားတော့နှိုင်းဒေါသဖြစ်နေတာတွေကိုလျှော့လိုက်တယ်နှိုင်းအခုတလောကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်းမသိပါဘူးအလုပ်တွေကလဲရှုပ်နေပြီးကလေးငယ်ကလဲပြောင်းလဲသွားတယ်လို့နှိုင်းထင်မိတာကြောင့်စိတ်ရှုပ်နေပြီးဒေါသခနခနထွက်လာတယ်
အဆိုးဆုံးက တော့နှိုင်းအခုမြင်နေတဲ့ကလေးငယ်ကသူ့ကလေးငယ်မဟုတ်ဘူးလို့ခံစားနေရတယ်လေဘယ်လိုမှမဖြစ်နိုင်ပေမယ့်နှိုင်းအဲ့လိုပဲထင်ပြီးနှိုင်းနှလုံးသားကလဲအဲ့လိုပဲယုံကြည်တယ်လေ
နှိုင်းဒေါသတွေနဲနဲပြေသွားပြီဖြစ်တာမို့ဘုရားရှစ်ခိုးဖို့ဘုရားခန်းထဲဝင်လာလိုက်တော့နှိုင်းဒေါသအားလုံးပြေသွားစိတ်အေးချမ်းမှုကိုခံစားလိုက်ရတယ်ဘာလို့ဆိုဒီအခန်းထဲမှာကလေးငယ်ရဲ့ပုံရိပ်တွေအများကြီးရှိနေတယ်လေ  ကြည့်ရင်းကနေ ကလေးငယ်ကိုလွမ်းလာမိတယ် နှိုင်းဘုရားရှစ်ခိုးလိုက်ပြီးအလုပ်တွေကိုဆက်လုပ်လိုက်ကာညနက်မှအိပ်ယာဝင်လိုက်တယ်
နှိုင်မနက်နိုးလာပြီးပုံမှန်အတိုင်းလုပ်စရာရှိတာလုပ်ပြီး ကလေးငယ်နိုးလာတော့ထမင်းအတူစားလိုက်ကြတယ်ထင်းစားပြီးဧည့်ခန်းထဲမှာခနထိုင်နားနေတော့ကလေးငယ်ကပြောလာတယ်
". ....ဦးနှိုင်း ကျွန်တော်နောက်၃ရက်နေရင်မှိုင်းတို့နဲ့အတူခရီးသွားချင်လိ့အဲ့တာခွင့်တောင်းတာပါ....."
". ..ဘယ်နှစ်ရက် ကြာမှာလဲ...."
". ...အများဆုံး ၅က်ပဲကြာမှာပါ......"
". ::. ..အင်း ဒါဆို ဂရုစိုက်သွား  ကိုယ်အလုပ်သွားဖို့ပြင်လိုက်အုံးမယ်...."
". ...ဟုတ်ကဲ့ပါဗျာ..... "
ဦးမြေမခနှိုင်းသျှံ က အလုပ်သွားဖို့ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်လာတယ်ခငယ်လဲအလားတူအလုပ်သွားဖို့ပြင်ဆင်ပြီးဆင်းလာတယ်နောက်တော့ဦးနှိုင်းကခငယ်ကိုလိုက်ပို့ပြီးnine group ကိုထွက်သွားတယ်
အဲ့လိုနဲ့ ပဲအလုပ်သွားလိုက်ပြန်လိုက်ထမင်းစားလိုက်စကားပြောလိုက်နဲ့၃ရက်မြောက်နေ့ကိုရောက်လာတော့ခငယ်တို့ခရီးစထွက်လိုက်တယ်

ကိုယ့္သက္ငယ္ေလး completed Where stories live. Discover now