မိုးခလေးဒီနေ့ဦးမြေမခနှိုင်းသျှံနဲ့တွေ့ရမှာမို့စိတ်လှုပ်ရှားနေတယ်google နဲ့ facebookထဲမှာအဲ့လူအကြောင်းရှာကြည့်တော့လဲဘာမှသိပ်မတွေ့ရဘူးအဲ့လူကစီးပွားရေးလုပ်တာအရမ်းတော်ကြောင်းချောမောခန့်ညားပြီးအရှုပ်အရှင်းကင်းကြောင်းတွေပဲတွေ့နေရတယ်ရုပ်ရည်ကမိုးခလေးအကြိုက်မဟုတ်ပေမယ့်လဲမိုးခလေးအရင်စကားပြောကြည့်ရမှာပေါ့
မိုးခလဲတွေးရင်းလာခဲ့တာအခု nine group ရဲ့ကုမ္ပဏီရောက်တော့မနေ့ကသူ့ကိုဖုန်းဆက်တဲ့အတွင်းရေးမှူးအကိုကိုဖုန်းခေါ်လိုက်တယ်
". ...တီ တီ တီ...."
". ....ဟယ်လိုအကိုလေးရောက်ပြီလား..."
". ...ဟုတ်ကဲ့ ရောက်ပြီဗျ...."
". ...ဒါဆို အထဲဝင်ခဲ့လိုက်ပါဗျကျွန်တော်စောင့်နေပါတယ်..."
". ....ဟုတ်ကဲ့ပါ.... "
မိုးခလဲပြောပြီးဖုန်းချလိုက်တယ်ပြီးတော့အထဲမဝင်ခင်ကုမ္ပဏီကိုမော့ကြည့်လိုက်တယ်မိုးခနဲနဲတော့ရှိန်မိပါတယ်မိုးခတို့ကုမ္ပဏီကtopစာရင်းထဲမဝင်ရုံတမယ်ပဲအောင်မြင်ပါတယ်အခုမှအလိမ်ခံလိုက်ရတာကြောင့်စီးပွားရေးတွေကျနေတာအဲ့တာတောင်မိုးခတို့ကုမ္ပဏီကအရမ်းကြီးမားတာ
အခုဒီကုမ္ပဏီကမြန်မာနိုင်ငံမှာtop 1စာရင်းဝင်ဖြစ်တာကြောင့်မိုခတို့ကုမ္ပဏီထက်အဆ၁၀၀ပိုပြီးကြီးမားလှပါတယ်မိုးခလဲကုမ္ပဏီလိုက်ငေးရင်းအထဲရောက်လာတော့သူ့အနားကိုအရပ်ရှည်ရှည်နဲ့အကိုကရောက်လာပြီးပြုံးပြကာသူ့ကိုသူမိတ်ဆက်ပါတယ်
". ....မဂ်လာပါ ဗျာ အကို့နာမည်က တည်သန့်ပိုင်ပါ ခနကအကိုလေးဖုန်းခေါ်တဲ့လူပါဗျ..."
". ....အော်ဟုတ်ကဲ့ပါ တွေ့ရတာဝမ်းသာပါတယ် ဗျ...."
". ...အကိုလေးဘော့ကရုံးခန်းထဲမှာစောင့်နေပါတယ်ကျွန်တော့နောက်လိုက်ခဲ့ပါဗျ..."
". ..ဟုတ်ကဲ့ပါ... "
အဲ့အရပ်ရှည်တဲ့အတွင်းရေးမှူးကရှေ့ကနေသွားတော့သူလဲနောက်ကလိုက်လာ လိုက်တယ်
ခနအကြာceoရုံးခန်းကိုရောက်လာတယ်
". ...ဒေါက် ဒေါက် ဒေါက်.... ဘော့ ကျွန်တော်ဝင်ခဲ့မယ်နော်..."
". ..အင်...."
အကိုသန့်ပိုင်ကတံခါးခေါက်လိုက်ပြီးဝင်ခွင့်တောင်းတော့အထဲကလူကြီးကအသံအေးစက်စက်နဲ့ အင်း တစ်လုံးထဲပြန်ဖြေလာတယ်အကိုသန့်ပိုင်အထဲဝင်လိုက်တော့သူလဲလိုက်ဝင်လိုက်တယ်
အထဲမှာတော့ ကော်ဖီ ခွက်ကိုကိုင်ထားပြီးသူတို့ကိုကျောပေးကာရပ်နေတဲ့အကိုသန့်ပိုင်ထက်တောင်အရပ်ရှည်တဲ့လူကြီးကသူတို့ဝင်လာတော့မိုးခကိုတစ်ချက်ကြည့်လာတယ်
ပြီးတော့ အကိုသန့်ပိုင်ကိုအပြင်ထွက်ခိုင်းလိုက်တယ်
". ...သန့်ပိုင်မင်းထွက်သွားလို့ရပြီငါသူနဲ့နှစ်ယောက်ထဲဆွေးနွေးချင်လို့...."
". ..ဟုတ်ကဲ့ ဘော့ ကျွန်တော်သွားပြီဗျအကိုလေး..."
". ..ဟုတ်ကဲ့ပါ... "
အကိုသန့်ပိုင်သူ့ကို့နှုတ်ဆက်ပြီးအပြင်ထွက်သွားလိုက်အဲ့တော့မှမိုးခလဲခနကလူကြီးဆီအကြည့်တွေပြန်ပို့လိုက်မိတယ်
လေးထောင့်ပုံစံမျက်နှာထားမှာ ထူထဲတဲ့မျက်ခုံးနဲ့စူးရှတဲ့မျက်ဝန်းတွေရှိပြီးမျက်မှောင်ကြုတ်ကာနှခမ်းပါးလေးတွေကစေ့စေ့ပိတ်ထားတယ်အသံ က ခပ်သြသြနဲ့အေးစက်စက်ရှိတာမို့စွဲဆောင်မှုရှိတယ်
အကိုသန့်ပိုင်နဲ့လမ်းယှဥ်လျှောက်ရင်တောင်မိုးခကသူ့ပုခုံးပဲရှိတာဒီလူကြီးနဲ့ဆိုမိုးခခေါင်းကသူ့ရင်ဘတ်အောက်တောင်နဲနဲရောက်နေသေးတယ်ဒီလူကြီးကတကယ့်ကိုအားကိုးချင်စရာ Daddy type ပုံစံပါပဲ
ဒါပေမယ့် မိုးခကလုံးဝမကြိုက်ပါဘူးသူကချစ်စရာကောင်းပြီးစိတ်ကောက်တတ်တဲ့ဘေဘီလေးတွေကိုပဲချစ်တတ်တာလေ
အခုလိုရေခဲတုန်းလူမျိုးကိုနဲနဲလေးမှမကြိုက်ပေါင်
". ...ဟူး...."
မိုးခလေးဒီလူနဲ့သူ့အကြိုက်နဲ့အရမ်းကွဲဲပြားနေတာကြောင့်သက်ပြင်းလေးချလိုက်တယ်
မိုးခလေးအဲ့လူကိုကြည့်ပြီးအကဲခတ်နေတာအလိုလိုနေရင်းလေထုကအေးစက်လာသလိုခံစားရတာကြောင့်အဲ့လူကြီးကိုမော့ကြည့်လိုက်တော့သူ့ကိုအေးစက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာကြောင့်လန့်သွားရတယ်
ဒါပေမယ့် ကိုယ်ရှိန်ကို သတ်ပြီးအဲ့လူကြီးကိုမျက်မှောင်ကြုတ်ကာပြန်ကြည့်လိုက်တယ်သူပဲမျက်မှောင်ကြုတ်တ်တတ်တာကြလို့ဟွန်း
". ...မင်းမထိုင်တော့ဘူးလာ..."
". ...ထိုင်မှာပေါ့ဗျ..."
ပြောပြီးမိုးခလဲသူ့ရှေ့မှာခပ်တည်တည်နဲ့ဝင်ထိုင်လိုက်တယ်
". ..ကိုယ်နဲ့လက်ထပ်မယ့်ကိစ္စကိုမင်းသဘောတူလား...."
မိုးခစိတ်ထဲမှာတော့
". ...သဘောတူစရာလားခင်များလိုကျောက်ရုပ်ကြီးနဲ့ယူရင်ကျွန်တော်ပျင်းပြီးရူးရပါလိမ့်မယ်..."အဲ့လိုပြောနေပေမယ့်လက်တွေ့ကျတော့
". ...ကျွန်တော် စဥ်းစားနေဆဲပါဗျ ဘာဖြစ်လို့လဲဗျ...."
". ...ကိုယ်ကမင်းကိုသဘောမကျဘူးကောင်လေးမေမေ့ကိုကတိပေးထားလို့တာကိုယ်မင်းနဲ့လက်ထပ်ရမှာ ဒါက ကိုယ်အပွင့်လင်းဆုံးဝန်ခံတာပါ ကြည့်ရတာမင်းလဲကိုယ့်ကို သဘောကျပုံမရဘူးကိုယ်ပြောတာဟုတ်တယ်မလား......"
အဲ့လူကြီးကဒဲ့ကြီးမေးလိုက်တော့မိုးခလဲအမှန်အတိုင်းပဲဝန်ခံလိုက်တယ်
". ...ဟုတ်တယ် ကျွန်တော်ကချစ်စရာကောင်းပြီးကျွန်တော့်ထက်ငယ်တဲ့ဘေ ဘီလေးတွေကိုပဲသဘောကျတာဗျ...ဒါပေမယ့် ဒီလက်ထပ်ပွဲကိုကျွန်တော်ငြင်းလို့မရဘူးဗျ...."
". ....ကျစ်....ကိုယ်လဲငြင်းလို့မရလို့ခက်နေတာ...."
အဲ့လူကြီးကစုတ်သတ်လိုက်ပြီးနဂိုကြုတ်နေတဲ့မျက်မှောင်တွေကပိုကြုတ်သွားတယ်
". ..မင်းဘယ်လိုဖြစ်ချင်လဲ....."
". ...ကျွန်တော်တို့နှစ်ဖက်လုံးငြင်းလို့မှမရတာလက်ခံရမှာပဲလူကြီးတွေကနောက်နှစ်ပါတ်အတွင်းမဂ်လာပွဲလုပ်ချင်နေကြတယ်....."
". ...အင်းဒါဆို ကိုယ်တို့လက်ထပ်ပြီးရင်တစ်ယောက်အကြောင်းတစ်ယောက်အရင်လေ့လာရအောင် မင်းနေရတာလွတ်လပ်အောင်ကိုယ်မိဘတွေနဲ့အိမ်ခွဲနေလိုက်မယ်
ပြီးတော့ကိုယ်မကြိုက်တာတွေကိုယ်ပြောမယ် မင်းလဲမင်းမကြိုက်တာတွေပြောနိုင်တယ်တစ်ယောက် personal ကိုတစ်ယောက်မစွက်ဖက်ရဘူး ကျန်တာကနောက်မှဆွေးနွေးကြမယ် မင်းဘယ်လိုသဘောရလဲ......."
". ....ကောင်းပြီ ကျွန်တော်သဘောတူတယ်
အခုကျွန်တော်တို့ဆွေးနွေးပြီးပြီဆိုတော့ကျွန်တော်ပြန်တော့မယ်ဗျ....."
". ...အင်း ကိုယ်သန့်ပိုင်ကိုပို့ခိုင်းလိုက်မယ်...."
". ..ဟုတ်ကဲ့ပါ... "
မိုးခလဲပြောပြီးအခန်းထဲကထွက်လာလိုက်တယ်ပြီးတော့ကိုသန့်ပိုင်ကိုတွေ့လိုက်တယ်အိမ်ပြန်ဖို့ကိုသန့်ပိုင်လိုက်ပို့မယ်ဆိုလို့မိုးခလဲကားပေါ်တက်ပြီးအိမ်ပြန်လာလိုက်တယ်
အိမ်ရောက်တော့မေမေကအဆင်ပြေလားမေးလာတယ်
". ..ဘယ်လိုလဲသားငယ်သားသွားတွေ့တာအဆင်ပြေရဲ့လား..."
". ..ပြေပါတယ်ဗျ လက်ထပ်တာကအမေတို့သဘောကျသလိုစီစဥ်လိုက်ပါ ဒါနဲ့ မေမေသားတစ်ဘက်ခါကျရင်မှိုင်းနဲ့လိုက်သွားမယ်နော်မှိုင်းကအေးသာယာမြို့ကသူ့ဆိုင်ခွဲကိုသွားကြည့်မလို့အဲ့တာသားနဲ့မှူးကလိုက်သွားမလို့......"
". ....ဟုတ်ပါပြီ လမ်းမှာ ဂရုစိုက်နော် သား..."
". ..ဟုတ်ကဲ့ပါဗျသားအပေါ်သွားတော့မယ်နော်...."
". ...အေးသားသွားနားတော့မေမေလဲသျှားဆီဖုန်းဆက်လိုက်အုံးမယ်.... "
". ....ဟုတ်ပါပြီ ဗျာ...."
သားငယ်အပေါ်ထပ်တက်သွားတော့ဆောင်းလဲဝမ်းသာလွန်းတာကြောင့်သျှားဆီဖုန်းဆက်ဖို့ပြင်လိုက်တယ်
YOU ARE READING
ကိုယ့္သက္ငယ္ေလး completed
Romanceသက်ငယ်ကိုယ့်ကိုချစ်ရကုသိုလ်ရပါတယ်သက်ငယ်ရယ် မြေမခနှိုင်းသျှံ ကျွန်တော်ကဦးအချစ်တွေကြောင့်အရမ်းဆိုးလာတယ် နေခကြွေ သက္ငယ္ကိုယ့္ကိုခ်စ္ရကုသိုလ္ရပါတယ္သက္ငယ္ရယ္ ...