"ဟင်း..."
ဇာတာစစ်ဖို့ ပင့်လာတဲ့ဗေဒင်ဆရာက ဘာမှမပြောဘဲခုံေပါ်က ဇာတာတွက်ထားတယ့် စာရွက်ကို ကြည့်လိုက် ဒေါ်မြင့်မြင့်စိန် လက်ထဲမှာပွေ့ထားတဲ့ အနှီးထုတ်ထဲက ချစ်စရာကလေး ငယ်လေးကိုကြည့်လိုက်နဲ့ သက်ပြင်းများချလျက်။
"ဆရာ ဘာများဖြစ်လို့ သက်ပြင်း တွေဒီလောက်တောင် ချနေရတာလဲဆရာရယ်"
သတိပဌာန်စံအိမ်အရှင်မ၏စကားကြောင့် ဗေဒင်ဆရာ ကိုမဟာ အနှီးထုတ်ထဲက ကလေးငယ်ကိုကြည့်လိုက်တော့ ကလေးငယ်က လက်မလေးစုပ်ကာနေသည်။
"အင်း ကလေး က နေတက်ရေတက် နံနက် ၄နာရီ၄၄မိနစ်မှာလည်းမွေးတယ်။စနေသားလေး ပြီးတော့ .."
ဆရာကဘာမှမပြောဘဲတုန်ချိတုန်ချိလုပ်နေတာမလို့ သမီးကြီး မိုးသိင်္ဂီက စကား ပြန်ထောက်လိုက်တော့သည်။
"စနေသားဆိုတော့ ဘာများဖြစ်လဲဆရာ"
"ကလေးက စနေသားအပြင် မရဏဖွားလေး"
"ရှင်"
ဗေဒင်ဆရာရဲ့ စကားကြောင့် သတိပဌာန်စံအိမ်ရဲ့ အရှင်မနှစ်ယောက် ပြိုင်တူယောင်ယမ်းက ထူးလိုက်ကြသည်။
"ဆရာရယ် ဟုတ်ရောဟုတ်ပါ့မလား။"
မိုးသင်္ဂီက မယုံသက်ာနဲ့မေးသော်လည်း အမေဖြစ်သူကတော့ မျက်လုံးပင် မဖွင့်နိုင်ဘဲသွေးေဆာင့်တက်နေပြီဖြစ်သည်။
"ဆရာသေသေချာချာတွက်ပြီးမှပြောတာပါ။သိပ်လည်း မစိုးရိမ်ကြပါနဲ့လေ။မရဏဖွားဆိုတာက ကောင်းပြီးဆိုလည်း ရေမြေသခင် စင်္ကြဝတေးမင်းတောင် လိုက်မမှီတဲ့ဇာတာမျိုးဆိုပေမယ့် ဆိုးပြီဆိုလည်း သူ့ကိုသူသာမက သူနားက အရာမှန်သမျှကို ပျက်စီးလွယ်တဲ့ ဇာတာမျိုးပဲ"
"အဲ့တော့ ကျွန်မတို့ဘာလုပ်ရမလဲဆရာ"
မိုးသိင်္ဂီရဲ့အမေးကြောင့် ဆရာလည်းဖြေရခတ်နေသလို စံအိမ်အရှင်မကြီးလည်း ရင်တမမနဲ့ ဗေဒင်ဆရာရဲ့အဖြေကိုစောင့်နေလျက်
"ကလေးက ဒီနေရာနဲ့လုံးဝမအပ်စက်ဘူး ဗျ။ဒီနေရာက ဘုရားရိပ်တရားရိပ် တရားဓမ္မမေတ္တာဓာတ်တွေနဲ့လွှမ်းခြုံနေတာမလား။ပြီတော့ ဒီအိမ်ကလည်း သတိပဌာန်စံအိမ်ရှင်မကြီး ရဲ့မေတ္တာဓာတ်တွေလွှမ်းခြုံနေပြီး သမာဒေဝနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တဲ့နေရာလေ။ အဲ့တော့ ဒီကလေးကံနဲ့မအပ်စပ်တော့ သူ့က အရာအားလုံးကိုဖျက်ဆီးလိမ့်မယ်။သူ့ကံကိုက အဲ့လိုဖြစ်နေတာ။ဒီကလေးကိုဝေးရာကိုရွေ့ရင်ရွေ့ မရွေ့ရင် သတိပဌာန်စံအိမ်ကြီး မီးလောင်တိုက် သွင်းခံရလိမ့်မယ်။"
YOU ARE READING
Everything is you
Romanceအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️