Everything is you :part-1

5.5K 72 0
                                    

"အား ဒေါ်အေးရေ လာပါဦး"

ဂျိန်း!!!

စနေနေ့မနက် ဝေလီဝေလင်းအချိန်တစ်ခု၌ မိုးချိန်းသံနှင့် တပြိုင်နက်ထွက်လာသော  အမျိုးသမီးတစ်ယောက်ရဲ့ အော်သံ

"အား နာလိုက်တာနော် ကိုမိုးရေခင့်ကိုကယ်ပါဦး အဟင့်"

ကိုးလကြာဝမ်းထဲမှာ လွယ်ထားရတဲ့ သန္ဓေသား မှာမွေးဖွားခံနီး ကြောင့်တစ်ဆစ်ဆစ်ကန်‌ကာအတော်ကိုနာကျင် နေသည်မှာ မနက် ၂နာရီခွဲထဲကပင်။
ခင့်မှာ အစပိုင်းတွင်မိုးမလင်း‌ သေးသည်ကတစ်‌ေကြာင်းချစ်‌ေယာကျာ်း ခရီးသွား၍ အိမ်မှာကိုယ့်ကို ညကြီးအချိန်အခါ ဗိုက်နာလာလျှင် ပြုစုပေးမည့်သူမရှိ၍ကတစ်‌ေကြာင်း‌မိုးလင်းထိ ကြိတ်မှိတ်ခံသော်လည်း အချိန်ကြာသည်နှင့်အမျှ ဝမ်းဗိုက်က ကန်လာပြီးတဆစ်ဆစ်နဲ့နာကျင်လာတော့ ခင်လည်းကူရာမဲ့ အော်နေမိသည်။

ကြည့်ရတာ သားသားလေးလည်း ဗိုက်ထဲမှာနေရတာ ညဉ်းငွေ့ပြီး အပြင်ထွက်ချင်နေပြီထင်ပါရဲ့

"သားလေးရယ်ခဏလောက်ညည်းခံပေးပါနော်  ဘုရားဘုရား ဒီအတိုင်းဆို မွေးတော့မလားမသိပါဘူး။ ဒေါ်အေးရေ "

ခင့်အသံကုန်ခြစ်ကာအော်ခေါ်ပြီး မိနစ်အနည်းငယ်ကြာမှ အခန်းရှေ့မှ ခြေသံကြားရပြီး အခန်းထဲသို့ဝင်လာသည်။

"အို..မမခင် သတိထားပါဦး"

ဒေါ်အေးဝင်လာတော့ ကုတင်ခြေရင်းမှာ လက်‌ကိုနောက်ပြန်ထောက်ကာ ခြေကိုကား၍ ထိုင်လျက်‌အနေအထားဖြင့် ခင်ဟာနာကျင်မှုကြောင့် အသံတောင် မထွက်နိုင်ဘဲချွေးများစီးကျလျက် ရှိုက်နေရှာသည်။

"မမခင် သတိထားပါဦး ဒေါ်အေး မမကြီးကိုသွားခေါ်ပေးမယ် ခဏစောင့်နော်"

ဒေါ်အေး ပြန်လှည့်ထွက်မည်အလုပ် အခန်းထဲသို့ ဆံထုံးထုံး၍ဆံပင်ကို တစ်ဖက်ချထလျက်ရွှေဘီးဆံညှပ်ကြီး ထိုးတားတဲ့ ထောင်ထောင်မောင်းမောင်းအမျိုးသမီးကြီးတစ်ဦးဝင်လာသည်။

"မိအေး မနက်၄နာရီကြီးဆူဆူညံညံနဲ့ဘာဖြစ်‌‌ေနသလဲ"

အမျိုးသမီးကြီးမှာ ဝင်လာသည်နှင့်နှင့် ပိတ်အော်မေးလိုက်တော့ ဒေါ်အေးလည်း ပျာပျာသလဲ ပြန်ဖြေရှာသည်။

Everything is youWhere stories live. Discover now