"အဟင့် လွှတ်"
ခြေဖမိုးပေါ်သို့ အားပြင်းပြင်းတစ်ခုဖြင့် တက်ဖိခံလိုက်၍ ပါးစပ်ထဲ၌သွားဖြင့်ခဲထားသော အသားစိုင်လေးတစ်ခုကိုလွှတ်ပေးမိလိုက်သည်။
"ရှင့် ဒါဘာလုပ်တာလဲ"
"ဟင့်"
ကောင်မလေးက မေကျနပ်သည့်မျက်ဝန်းများနှင့်ကြည့်ကာ အသံတိတ်ငိုကြွေးတော့သည်။
မကြာပါဟေဇယ်ရောင်မျက်ဝန်းတို့ကေအာက်က မျက်ရည်တွေ တသွင်သွင်စီးဆင်းနေတာကို မြင်လိုက်ရသည်။
ရုတ်တရက် သူမထငိုတော့ကိုယ်ကပဲ ရာဇဝတ်ကောင်ကြီး ဖြစ်သွားသလိုလိုနဲ့ ကိုယ့်ကိုယ်ကိုတောင် သံသယဝင်လာပြီး နှာခေါင်း ရှုတ်မိသည်။
ကျစ်! တော်တော်စိတ်ရှုပ်ဖို့ကောင်းတဲ့ မိန်းမတွေ
"ဟေ့ အရည်ထွက်မနေနဲ့ မင်းကိုငါဘာမှလုပ်ရသေးတာမဟုတ်ဘူးနော်"
ကိုယ်တစ်ချက်မာန်လိုက်မှ သူမဟာ ရင်ဘတ်ကိုဖိဖိပြီး ပိုလို့တောင်ငိုပါ သည်။အသံတော့ တစ်စက်ကလေးမှတောင်မထွက်ပါ။သူမ ဘယ်လိုများငိုလေသလဲ။။
တကယ်လည်း သူမကို ဘာမှမလုပ်ရသေးပါ။ အားပြင်းတဲ့ ဆွဲဆောင်မှုတစ်ခုနောက်ကို လိုက်ပြီး စိတ်အလိုလိုက်ကာ သူမရဲ့ ရင့်ညွှန့်နားက အသားစိုင်လေးကို ကိုက်ခဲမိတာက လွဲလို့ ပေါ့
"ထွက်သွား မင်းသွားလိုက်တော့ သွား"
Saturn ရှေ့မှာ ရင်ထုမနာလာငိုပြနေတာ မင်းအတွက် ဘာအကျိုးအမြတ်မှရလာမှာမဟုတ်ဘူး ကောင်မလေး။
Saturn က ဘယ်သူ့ကိုမှ မသနားတတ်ဘူး။ဒါပေမယ် ယခုအချိန်တွင်ဆင့်ကဲကာ ကျွန်တော့် အားချစ်တတ်လားလို့ လာေမးပါလျှင် ထိုသူအား အသေရိုက်သတ်မိပါလိမ့်မည်။
အိန်ဂျယ်ထွက်သွားပြီးနောက် Saturn တစ်ယောက် king size bed ကြီးပေါ်မှ အဝတ်ကို ဖယ်လိုက်ကာ အိပ်ရာပေါ်သို့ အရှိန်ဖြင့်လှဲချလိုက်သည်။
နောက်ဆုံးတော့ သူရဲ့goalတစ်ခုဖြစ်တဲ့ သတိပဌာန် အိမ်ကြီးကို ရောက်လာပြီဖြစ်သည်။
ဒယ်ဒီပြောသလိုပဲ သတိပဌာန် အိမ်ကြီးဟာခမ််းနားလွန်းပါတယ်။
YOU ARE READING
Everything is you
Romanceအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️