"သုံးရာတစ်ဆယ့်ငါး"
ကြီးမားလှသည့်ရေကူးကန်ကြီးေဘးတွင် လက်ထောက်၍လှဲကာ ခြေထောက်ကိုလည်း ရေကူးကန်ဘေးနားရှိ branchဘေးတွင်ထောက်ထားလျက် ဒိုက်ထိုးနေသည်။
"သုံးရာတစ်ဆယ့်ခြောက်"
လက်ကိုအားပြုကာကွေးလိုက် သောကြောင့် တောင့်တင်းပြီး အထစ်ထစ်တွေရှိတဲ့ ရင်ဘတ်ကြီးဟာ ကြမ်းပြင်နှင့်နီးကပ်သွားလိုက် ပြန်ထလိုက်သောကြောင့် ပုခုံးနှင့်တစ်တန်းထဲဖြစ်သွားလိုက်လိုက်နှင့် အတွင်းအားတို့အသုံးပြုလိုက်ရသောအခါ ယောကျာ်းပီသ တဲ့ မေးရိုးကြီးမှာ ထင်းကနဲ့နှင့် ပေါ်လွင်လာသည်။
"သုံးရာတစ်ဆယ့်ခွန်"
နံနက်၈နာရီဝေလီဝေလင်းနေထွက်စရောင်ခြည်သည် အတွင်းအားထား၍ ကိုယ်တွင်းကယ်လိုရီလောင်ကျွမ်းကာ ချွေးထီးထီးကျနေသော ကျောပြင်ကြီးပေါ်ကိုဖြာကျလျက်။
"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်ဆရာ"
နောက်မှကြားရတဲ့ အသံကြောင့် workout လုပ်နေတာကို ရပ်ကာ မတ်တပ်ရပ်၍လက်နှစ်ဖက်တွင်ကပ်နေသောဖုန်အနည်းငယ်ကိုခါလိုက်သည်။
"ပြောJax"
ထိုအမျိုးသားက ဘာကိစ္စရှိလို့လဲဟူသော မျက်နှာထားဖြင့်မေးလိုက်တော့ ထိုအမျိုးသားနှင့်မတိမ်းမယိမ်းအရွယ် suit အပြည့်နှင့် ထောင်ကောင်းကောင်းလူငယ်တစ်ယောက်က ဦးညွှတ်ကာပြောသည်။
"ဒယ်ဒီကြီး ဆီကဖုန်းလာပါတယ်။အရေးကြီးပြောစရာရှိလို့ video call ခေါ်ပေးပါလို့ ပြောပါတယ် ဆရာ"
"အိုကေ ကောင်းပြီJax"
နောက်တစ်ဖန်နှုတ်ဆက်ဖို့ ဦးညွတ်လိုက်ချိန်မှာ ဆရာ့ရဲ့ တစ်ကိုယ်လုံးမှာ အဝတ်ဆိုလို့ တစ်ထည်ပဲရှိတဲ့ boxerအောက်က ဖုထွက်နေတဲ့အရာကြောင့် Jax တံတွေးမြိုချကာ ပြန်လှည့်ထွက်လာရသည်။
------------
"နေကောင်းလားဒယ်ဒီ"ဒယ်ဒီနှင့်ဖုန်းပြောရမှာမို့လို့ Hoddieအပွတစ်ထည်ကောက်ဝတ်ထားသော်လည်း အောက်တွင် တော့Boxerတစ်ထည်တည်းသာ။
အလုပ်စားပွဲမှာထိုင်ကာ laptop ထဲရှိ အသက် ၆၀နီးပါးအမျိုးသားကြီးအား ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
YOU ARE READING
Everything is you
Romansaအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️