"အီး..ယား"
မနက်မိုးလင်းပြီဖြစ်၍ နေလုံးကြီးမှအလင်းရောင်သည် ဖန်သားပြင် နံရံမှတစ်ဆင့် ကိုယ်ပေါ်သို့ကျရောက်လာသောကြောင့် မထချင်ထချင်နဲ့ အိပ်ရာထဲမှလူးလိပ်ပြီး အပျင်းကြောဆန့်လိုက်သည်။
Hotel ၏ view point မှာတည်းခိုနေတာကြောင့် ပုဂံမြို့၏နံနက်ခင်းအလှ တစ်စိတ်တစ်ဒေသကို အပြည့်အဝခံစားရသည်။
"ပုဂံမြို့ကြီးက လှလိုက်တာ။"
သူမရဲ့ ဒုတိယမွေးရပ်မြေ ဖြစ်သည့် ပုဂံမြို့ကြီးအား ငယ်စဉ်အခါက နွေရာသီကျောင်းပိတ်တိုင်း အလည်လာသော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့အား ပညာတော်သင် လေးနှစ်လောက်သွားလိုက်ရသော်ကြောင့် ပုဂံမြို့နှင့်လေးနှစ်သာဝေးကွာခဲ့သည်။
"နိုးပြီလား အိန်ဂျယ်"
ရေချိုးခန်းထဲမှ bath robeနှင့်ထွက်လာသော အရပ်ရှည်ရှည်နှင့် model အချိုးအစားနှင့်ကိုက်ညီတဲ့ ခန္ဓာကိုယ်ပိုင်ရှင်မိန်းကလေးတစ်ယောက်က မေးလိုက်သည်။
"ဟုတ်မချယ် morning"
မနက်ခင်းအပြုံးလေးကို အချိုသာဆုံးပြုံးပြလိုက်တော့ မချယ်ဆီက တွက်လာတဲ့ စကားသံက
"သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေး"ဆိုပြီး ခေါင်းလေးကိုလာပုတ်သည်။
"ဒီနေ့တို့တွေ လုပ်ငန်း စကြမယ်ပေါ့ အိန်ဂျယ်"
"ဟုတ် မချယ်"
"ပြောပါဦး တို့ဒီနေ့ ဘယ်လို make up lookမျိုးလိမ်းရမလဲ"
"ပုဂံမှာရိုက်မှာဆိုတော့ လုံးဝပုဂံ mood အပြည့်လိုချင်တယ် မချယ် ဒီနေ့ out fit ကိုလည်း ပုဂံကို ခရီးသွားတဲ့ ကောင်မလေးပုံစံ ဖြစ်အောင်ပုဂံက အမှတ်တရ အင်္ကျီလေးတွေပဲ ဝတ်ပေးနော်"
"အင်းပါကွယ် တို့သိပါပြီ ကဲ့ရေသွားချိုးတော့လေ။မနက် 9နာရီကျရင် Hotel Review ပေးဖို့ shooting ရှိတယ်မလား"
"ဟုတ်မချယ် ဒါဆိုရေသွားချိုးတော့မယ်"
မချယ်က ထိုင်းမှာ modelling လုပ်နေတဲ့ professional modelတစ်ယောက်ဖြစ်ပြီး အိန်ဂျယ်ရဲ့ ပွဲဦးထွက် ဓါတ်ပုံ ပြပွဲအတွက် ကူညီပေးပါဆိုလို့ မြန်မာပြည်ကိုရောက်လာခြင်းဖြစ်သည်။
အိန်ဂျယ် က နာမည်ကြီး social influencer တစ်ယောက်ဖြစ်တဲ့အပြင် vlogerတစ်ယောက်လည်းဖြစ်တဲ့အတွက် ဘယ်သွားသွ အိန်ဂျယ်လာမယ်ဆိုလျှင် နာမည်ကြီးစားသောက်ဆိုင်ပဲဖြစ်ဖြစ် Hotelပဲဖြစ်ဖြစ် အလကား service freeပေးပြီး အိန်ဂျယ်ဘက်ကလည်း သူသွားခဲ့တဲ့နေရာ သူစားခဲ့တဲ့အစားအစာတွေအကြောင်းကို ပြန်reviewပေးပြီးကြော်ငြာပေးရသည်။ တစ်ခါတစ်ရံ အိန်ဂျယ်နှင့် အရမ်းရင်းနှီး သည့် Hotelတို့ စားသောက်ဆိုင်တို့ဆို အိန်ဂျယ်ကလာဘ်ပါခေါ်ပေး တတ်သည်။
အိန်ဂျယ် ဒီေန့reviewမပေးလိုက်နဲ့ နောက်နေ့ အဲ့ဆိုင်ကလူအပြည့်နှင့် ရောင်းသမျှအစားအစာ အကုန်sold out သွားတာကြောင့် vloggerလောကတွင်မူ မြန်မာစကားပြောတတ်သည့် နိုင်ငံခြားမလေး lucky girlလေး အိန်ဂျယ်ဆိုပြီ မသိသူမရှိပေ။
YOU ARE READING
Everything is you
Romanceအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️