"မဖြစ်နိုင်ဘူး !!"
ဒေါ်မိုးသိင်္ဂီဟာ ကြားလိုက်ရတဲ့ စကားသံကြောင့် ကိုယ့်နားကိုတောင်မယုံနိုင်ဖြစ်ကာ အသံကုန်ဟစ်အော်သည်။
"ဒီမှာ ဦးကျော်ထင် အခုမှ တွေ့တဲ့ လူတစ်ယောက်ကို သတိပဌာန် ရဲ့ အမွေတွေအားလုံး လွှဲပေးမယ်ဟုတ်လား။ စိတ်ရောမှန်သေးရဲ့လားရှင်။ ဖေဖေယုံကြည်လို့ သတိပဌာန်ရဲ့ အမွေတွေကို ခေတ္တထိန်းသိမ်းခိုင်းထားတဲ့ လူတစ်ယောက်က ဒီလို လုပ်ရက်မျိုးလုပ်မယ်ဆိုတာ ဖေဖေသာသိရင် တော့ ဟင်း ...ဦးကျော်ထင်ကို ယုံကြည်ခဲ့တာတွေအတွက်နောင်တရနေတော့မှာပဲ"
ဒေါ်မိုးသိင်္ဂီ၏ လောဘစိတ်ရော အမျက်ဒေါသနှင့်ပါ ရောယှက်ကာ ဦးကျော်ထင်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြိမ်းဝါးတာေကြာင့် ဦးကျော်ထင်၏ သည်းခံနိုင်စွမ်းကို အောက်ဆုံးသို့ရောက်စေခဲ့သည်။
"မမိုးသိင်္ဂီကျွန်တော်တို့ဟာ အဖိုးလက်ထက်ထဲက သတိပဌာန်ရဲ့ အမွေတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာတာအခုထိပဲ။ဒါဟာ ကျွန်တော်တို့ ရဲ့ သားစဉ်မြေးဆက် သတိပဌာန်ရဲ့ အပေါ်မှာ သစ္စာစောင့်တည်မှု ၊အလုပ်ကျိုးစားမှုနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိမှု တွေကြောင့် ယုံယုံကြည်ကြည်နဲ့ သတိပဌာန်ရဲ့ အမွေတွေကို ထိန်းသိမ်းဖို့တာဝန်ပေးအပ်ခဲ့တာဖြစ်တယ်။ကုန်ကုန်ပြောရရင် မမိုးသိင်္ဂီမမမွေးခင်ကတည်း က သတိပဌာန်ရဲ့အမွေတွေကို ထိန်းသိမ်းဖို့ သင်ယူခဲ့တာဖြစ်လို့ ဒီကိစ္စတွေမှာ မမိုးသိင်္ဂီထက်တော့ ပိုသိမြင်နားလည်ပါတယ်.."
"ဖြန်း..."
"အမေ့.."
လက်ရှိသတိပဌာန်ရဲ့ သခင်မဒေါ်မြင့်မြင့်စိန်က သမီးမိုးသိင်္ဂီအား အားဖြင့်လွှဲကာ ပါးပြင်အားပူထူသွားအောင်ရိုက်လိုက်တော့ ဒေါ်မိုးသိင်္ဂီတစ်ယောက် ယောင်ယမ်းကား အမေ တလိုက်ရသည့်အဖြစ်ပင်။
"နင့်ကို လူကြီးကို အဲ့သလိုပြန်ပြောဖို့ ငါသင်ပေးထားသလားဟမ်း။ သတိပဌာန်မှာ အမွေထိန်းတွေကို လေးစားရမယ်ဆိုတဲ့ စည့်ကမ်းရှိတယ်ဆိုတာ ညဉ်းမသိလို့ အခုလိုလုပ်သလား။ ဟမ်း ပြောလေ မိုးသိင်္ဂီ"
YOU ARE READING
Everything is you
Romanceအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️