"သည်းခံရမယ်""သားကောင်ကြီးကြီးကိုလိုချင်ရင်တော့ ခြင်္သေ့လိုသည်းခံပြီးစောင့်ဆိုင်းရမှာပဲကောင်လေး"
ကိုယ်ရှေ့မှာထိုင်ပြီး ယမကာကြားထဲမှာ ယစ်မူးနေတဲ့ အပွင့်တွေအခတ်တွေနဲ့ သက်ကြားအိုကြီးတွေကို ထိုင်ဧည့်ခံနေရတဲ့ ဒုက္ခတရား နဲ့ တွေ့တော့မှ ကိုယ့်လိုစိတ်မြန်လက်မြန်ကောင်ကို ဒယ်ဒီ ခဏခဏ ပြောပြီးဆုံးမတဲ့ စကားကို သွားသတိရသည်။
စိတ်ေတွသာလွှတ်ချလိုက်ရင်ေတာ့ ဇိမ်ခံ သင်္ဘောကြီးေပါ်က Saturn နဲ့ ညွှန်မှူးချုပ်ကိုးေယာက်ရဲ့အထူး သီးသန့်ညစာစားပွဲကနေ ကိုးလောင်းပြိုင်လူသတ်ပွဲဖြစ်သွားမည် မှာ အသေအချာပင်။
ရောပတ္တမြား ရော့နဂါးလုပ်ထားတာတောင် ဝှေ့လည်ကြောင်ပတ်လုပ်ကာ တစ်ယောက်တစ်မျိုး မရိုးရအောင်အရစ်ရှည်နေသည့် ထိုလူသုံးယောက်ကဟာ လောဘနွံထဲက ပန်းကြာဖြူလေးများ သဖွယ် ဒရမ်မာလာရိုက်နေတော့
"အပြင်က တစ်ယောက်ဝင်လာခဲ့"
အရှေ့မှ အစောင့်တစ်ယောက်ကို လှမ်းခေါ်လိုက်တော့ သေတ္တာအိတ်ဆွဲကာ ယောကျာ်းသားတစ်ယောက်လာ၍ Saturn ရှေ့တွင် သေတ္တာကိုလာချသည်။
"မင်းသွားတော့"
Saturn အမိန့်ပေးလိုက်တော့ ထိုလူက ပြန်လှည့်ထွက်သွားသည်။
"ကိုစေတန် ကတော့ ကျွန်တော်တို့ကိုရေထပ်လောင်းဦးမယ်ထင်တယ်။"
Saturn နှင့်မျက်နှာချင်းဆိုင် ဝဝတုတ်တုတ် ဗိုက်ပူပူနှင့် အနောက်တိုင်းဝတ်စုံဝတ်ထားသည့့် လူကြီးက ခနဲ့ကာဆိုသည်။
"ကျွန်တော်တို့ကိုရေတိမ်နစ်အောင်တော့မလုပ်ပါနဲ့ ကိုစေတန်ရယ်။ကျွန်တော်တို့က ကိုယ့်နယ်မြေတော့ ကိုယ်ပိုင်ပေမယ့် အထက်ကိုလည်းကြောက်ရတယ်ဗျ။ တော်ကြာ အထက်က ကွက်ကျော်ရိုက်တယ်ဆိုပြီး ကျွန်တော်တို့ ကိုပြန်ချိန်မှ ဒုက္ခရောက်နေဦးမယ်။အသက်ကြီးကာမှ ဂျေးအောင်းရတာကလည်းကြားမကောင်းပါဘူးဗျာ။"
အသားညိုညိုနှင်စီးကရက်ခဲထားသည့် Saturn ၏မျက်စောင်းထိုးမှာ ထိုင်နေသော လူကြီးကလည်းဆိုပြန်တော့
YOU ARE READING
Everything is you
Romanceအပယ်ခံဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မှကိုယ့်ရင်ထဲကိုဝင်ခဲ့ပါ ဘေဘီ❤️