" သဲငယ် .. ဆံပင်ညှပ်တော့ အရမ်းရှည်နေပြီ "
ငယ်ငယ်တုန်းကဆို နားရွက်အုပ်ရုံမျှ ဆံပင်ရှည်လာ
လျှင်တောင် နည်းနည်းလေး အချိန်မဆိုင်းဘဲ ညှပ်တက်
သူက အထက်တန်းနောက်ဆုံးနှစ်ရောက်မွ ဘာစိတ်ကူး
ပေါက်သည်မသိ ။ အရောင်ဆိုးခွင့်မရသေးသော ဆံပင်
အနက်ရောင်ကို ဆံပင်ညှပ်ဖို့ လုံးဝမထိတော့ ။တက္ကသိုလ်ရောက်တော့ ပထမနှစ်ကတည်းက ဆံပင်
အနက်ေရာင်ကို ရွှေအိုရောင်ပြောင်းဆိုးပစ်ပြီး
ဂုတ်ကျော်ကျော်ဆံပင်ကို သေချာပုံသွင်းကာ အမျိုးမျိုး
စတိုင်ထုတ်တော့သည် ။ယောကျာ်းလေးတစ်ယောက်ဟာ ဆံပင်အရှည်မထား
သင့်သော်ငြား သူနှင့်ကတော့ လိုက်ဖက်သည်ထက်ပင်
အတိုင်းအတာကျော်လွန်ခဲ့၏ ။ဖြူ ဖွေးပြီးပန်းရောင်သန်းနေသည့်အသားအရေ ..
ရှည်လျားလွန်းသည် အရပ် ..
ခန္ဓာကိုယ်ထိန်းသိမ်းနိုင်တဲ့အရည်အချင်းကြောင့်
ချပ်ရပ်ပြီးအဆီအပိုမရှိသည့် ကိုယ်လုံး ..
ကျယ်ပြန့်သည့် ပခုံးကျယ် ..မေးရိုးချွန်ချွန် မထိတရီအပြုံးစစနှင့် နှုတ်ခမ်းပါး ..
နှာတံစင်းစင်း ကြည်တောက်နေသည့် မျက်ဝန်းအိမ် ..
မျက်ခုံးနက်နက် ..ချောလွန်းပါသည်ဟူသော ချီးကျူ းစကားတွေကိုတောင်
ကျော်လွန်၍ အရာရာပြည့်စုံနေသည်မျိုး ။က်တော်ကိုယ်တိုင်လည်း သူ့ဆံပင်အရှည်ကို သဘော
မကျတာမဟုတ်ပေမဲ့ နှစ်ရှည်လမ်ား မထားစေချင် ။" ဘာလို့လဲ ငါနဲ့ကြည့်မကောင်းလို့လား "
" မဟုတ်ပါဘူး ။ ဒါပေမဲ့ .. "
" ငါတစ်သက်လုံးအရှည်ထားမွာ ။ သူက
ဆံပင်အရှည်ကို သဘောကျတယ်တဲ့ "ခေါင်းလျှော်ပြီး ရေစက်လက်နှင့် အပျင်းတစ်နေသည့်သူ့ကို
အနားထိုင်ခိုင်း၍ စေတနာနှင့် လက်အညောင်းခံ
ခေါင်းသုတ်ပေးသည်ကိုမထောက် သဘက်ကိုင်ထားသော
လက်ကိုပုတ်ချပြီး ဆံပင်ညှပ်ခိုင်းလို့ စိတ်ဆိုးသြားသတဲ့ ။လက်စသတ်တော့ ကိုယ်တော်ချောက ဘယ်နှစ်ခုနှစ်ထဲက
ကြိုက်ခဲ့မှန်းမသိသော အချစ်ဦး၏ စကားကို အခုအချိန်အထိ
မမေ့သေးပုံပင် ။
YOU ARE READING
မောင့် သဲ ငယ် .. [ Complete ]
Fanfictionမောင် နဲ့ သဲငယ် ကချစ်ခဲ့ကြလို့လား ..