" ကျတော်နဲ့ တွေ့ချင်တယ်ဆိုတော့ ဘာကိစ္စများ
ရှိလို့ပါလဲ အန် တီ "" မင်း နဲ့ ဆယ် ဟွန်း နဲ့ ကြိုက်နေကြပြီလား "
ထိုင်ပင်မထိုင်ရသေး ဆောက်နဲ့ထွင်းသလို တင်းမာနေ
သောမျက်နှာထားနှင့် အပြစ်တင်ဝေဖန်မည့် စကားအသွား
အလာကြောင့် ဆယ် ဟွန်း ထက်အရင် ကျတော်က
ဤမဖြစ်မနေရင်ဆိုင်ရမည့်အခြေအနေအား အလုံးစုံ
ခေါင်းခံခြင်းဖြင့် သဲ ငယ် ကို ဝန်ပေါ့စေချင်ပါသည် ။" ဟုတ် ကဲ့ ။ ကျတော်တို့ ချစ်သူဖြစ်ပြီးပါပြီ "
" ငါ သဘောမတူနိုင်ဘူး ။ မင်းတို့အခုချက်ချင်းဖြတ် "
" ခဏနေပါဦး .. ။ အရင်ဆုံး အန် တီ့ သား ရဲ့
ဆုံးဖြတ်ချက်ကိုမေးပြီးပြီလား ။ ဒါမှမဟုတ် ဒီကိစ္စနဲ့
ပတ်သတ်ပြီး စကားပြောပြီးပြီလား .. ။ "" သူ ဘယ်လိုဘဲ ဆုံးဖြတ်ထားထား ။ ငါကတော့
မင်းတို့ကိုမရ , ရအောင်ခွဲမှာ "" ကျတော့်မိဘတွေတောင် သူတို့သားကို မနိုင်လို့
ခွင့်ပြုပေးထားသေးတာဘဲ ။ အန် တီ လည်း
သဲငယ်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားသင့်တယ် "အတက်နိုင်ဆုံး ချစ်ရသူ၏မိခင်ဆိုသောအတွေးကို
သွင်းထားပြီး မရိုင်းမိရအောင် ကလန်ကဆန်မလုပ်မိ
ရအောင် ထိန်းထားသော်ငြား အသားလွတ်ကြီး
မရ,မကခွဲမည်ဆိုတော့ ယောကျာ်းလေးချင်းဟူသော
ဖြစ်ရပ်မှန်ကို လက်ခံပေးထားသည့် ကျတော်၏မိဘနှစ်ပါး
ကဘဲအလွန်အမင်း သဘောထားကြီးမားကြပုံပင် ။" သားအမိဆက်ဆံရေးကို မင်းက ပျက်ဆီးစေချင်
တာလား "" အန် တီ .. ကျတော်တို့ကို ကြိုးစားခွင့်ပေးသင့်တယ်
ဒါမှမဟုတ် ကျတော်မှာ လိုအပ်ချက်တွေ မရင့်ကျက်မှုတွေ
ရှိသေးရင်ပြောပါ ။
ပြင်သင့်ပြင်ပြီး ဖြည့်သင့်ဖြည့်ရအောင် "သူတို့က ကွဲကြစမ်းဆိုတိုင်း ကွဲရအောင်
ကျတော်တို့သည် မစဉ်းစားတက်သောကလေးအရွယ်
တွေလည်းမဟုတ်သလို အခုမြင်အခုကြိုက်ပြီး
ရူးနေကြသည်လည်းမဟုတ် ။