ခဏလေး ဖုန်းပြန်ဖွင့်လိုက်သည်နှင့်
တတီတီ မက်ဆေ့များ ..
မြောက်မြားစွာသော Miss Call များ ..မောင် နှင့် ချစ် တယ် ချင်း ထပ်နေသော အနှီး ဂင် ဂျုံ အင်
၏ ချစ်စကားအဖြာဖြာ .. တောင်းပန်ပါတယ်ဆိုသော
မရိုးလှသည့် အသနားခံစာအဖုံဖုံ ..တစ်ဖက်သတ်အချစ်ဆိုတိုင်း တစ်ဖက်လူထံမှပြန်ချစ်ရန်
မမျှော်လင့်ထားသည့် ကျတော့်အတွက် မောင့်စကား
မှန်သမျှက ယုံချင်စရာတော့သိပ်မကောင်းလှ ။* အသဲ ရေ .. သဲ ငယ် ရေ .. ဟွန်း ငယ် ရေ
ဖုန်းကိုင်ပေးပါကွာ ။ မောင့် ကို စိတ်ပူရအောင်
မလုပ်ပါနဲ့ လား *ငါးမိနစ်စွန်းစွန်းသာ ရှိသေးသော မောင့် ဆီ က
နောက်ဆုံး မက် ဆေ့ ကို ဖတ်နေတုန်း အိမ်တံခါး
ကုတ်နံပါတ်ရိုက်သံနှင့် ဝုန်းဒိုင်းကြဲဝင်လာသည့်
ခြေသံပြင်းပြင်း ။" သဲ ငယ် ရာ .. မောင် မှာ .. စိတ် ပူ လို့ ရူး ..
တော့ .. မယ် "အပိုင်းပိုင်းအပြတ်ပြတ် စကားတစ်ကြောင်း က
မောဟိုက်မှုအပြည့်ပါသော်ငြား ကျတော်မသနားချင်ပါ ။စိုးရိမ်ခြင်း စလာပြီဆို အနည်းနှင့်အများ
တွယ်တာစိတ် စွက်လာမည်မို့ ကျောခိုင်းပြီး
လျစ်လျူ ရှုမှုနှင့်သာ မသိဟန်ဆောင်ပြုလိုက်မည် ။" မောင့် အသဲ .. စကားပြောဦးလေကွာ "
ပခုံးကနေဆွဲလှည့်နေပြီဖြစ်သဖြင့် အလိုက်သင့်
မျက်နှာချင်းဆိုင်မိ၏ ။အမြဲတမ်းလို ကိုယ့်ကိုကိုယ်အထင်ကြီးမှုဖြင့်
မျက်နှာချီ မာန်ဝင့်လွန်းသော ဂင် ဂျုံ အင် သည်
မထင်မှတ်ထားစွာ မှိုင်းရီနေပြီး ဝမ်းနည်းမှုတစ်ပုံတစ်ပင်
နှင့် ကျတော့်အား စိုက်ကြည့်လာသည် ။" မောင် .. မင်း .. "
" ချစ်တယ် .. သဲ ငယ် .. ကျေးဇူးပြု ပြီး
မောင့်ကို မမုန်းလိုက်ပါနဲ့ "
YOU ARE READING
မောင့် သဲ ငယ် .. [ Complete ]
Fanfictionမောင် နဲ့ သဲငယ် ကချစ်ခဲ့ကြလို့လား ..