သဲငယ်ပခုံးအားဖက်ရင်း လမ်းလျှောက်ရသည့်
အရသာသည် ကျတော် ရည်းစားထည်လဲတွဲပြီး
ချိန်းတွေ့သောခံစားချက်ထက်ပင် ပိုလတ်ဆတ်ပြီး
ပိုလှသည် ။ ပို၍လည်း နွေးထွးသည် ။" သဲငယ် .. ဟွန်း ငယ် .. မင်း မောင့် ကို ချစ်လား "
" ဘာတွေလာမေးနေတာလဲ ?? ရူးနေလား "
ကျတော့်အမေးကို
မျက်မှောင့်ကုတ် ပေစောင်းစောင်းကြည့်ပြီး
ဘုကလန့်ပြန်ဖြေသည့် သဲငယ် စကားကြောင့် ဘယ်လိုပင်
နားထောင်ရကန့်လန့်ဖြစ်စေကာမူ ကျတော့်အတွက်တော့
ရယ်လို့မဆုံးနိုင် ။" မင်း က ငါ့အတွက်တစ်ဦးတည်းသောသူဘဲ
ဆယ်ဟွန်း ။ ဒါလေးတော့ သိထားပေး "မကြားဟန်ဆောင်ပြု အလေးမထားသလို မျက်နှာလွဲ
သွားသည့်တိုင် ကျတော့်ကို နည်းနည်းလေးတောင်
စိတ်မကွက်စေပါ ။ဆိုးစမ်းပါ ။ ရစ်စမ်းပါ ။ ဂျစ်တိုက်စမ်းပါ ။
မောင် ဟာ သဲ ငယ် အတွက် စိတ်ရှည်ပြီးသား ။အများအမြင် ကျတော်ဟာ သဲငယ် ကို ရိုးရှင်းစွာ
ခင်တွယ်သည်မဟုတ်ဘဲ နားလည်ရခက်သော
စိတ်ခံစားချက်နှင့် အတ္တနွယ်သည်ဟု လက်ညိုးထိုးကြ
လိမ့်မည် ။သို့သော် ကျတော့် စိတ် ကျတော့် ခံစားချက်ကို
ကိုယ်တိုင်သာ နားလည်သည် ။ သိသည် ။မောင်ဟာ သဲ ငယ် ကို ချစ်သော်လည်း
စွဲလမ်းခြင်းပါမည်မဟုတ် ။မောင် ဟာ သဲ ငယ် ကို အပိုင်လိုချင်စိတ် ရှိသော်လည်း
တဏှာကင်းသည် ။ဤသည်ကား နှစ်ရှည်လများ ယုံကြည်ခဲ့သော
ကျတော့်၏ စိတ်ရင်းအမှန် ဖြစ်ပေ၏ ။သို့သော်ငြား အခုတလော မကြာခဏ
ထိုစိတ်ရင်းအမှန်ကို သံသယဝင်ချင် လာ သည် ။" မောင် .. "
အရင်တစ်ခေါက် ဆံပင်ညှပ်ခိုင်းကတည်းက
မောင် ဟု မခေါ်မသုံးဘဲနေရာမှ မကြားရတာကြာပြီ
ဖြစ်သော အို ဆယ် ဟွန်း လေး ၏ ဆောင့်ကြီးအောင့်ကြီး
တစ်ခွန်းတည်းလေသံကတောင် နားထောင်နေကြထက်
ပိုချိုသည် ။