* သဲငယ် အတွက် .. အမြဲတမ်း အတွက် *
နှင်းဆီပန်းတစ်ပွင့်နှင့် ခပ်ဝိုင်းဝိုင်းချော့ကလက်
တစ်တုံးကို လက်ထဲထည့်ပေးပြီး မှုန်ကုတ်ကုတ်
မျက်နှာအား သတိထား အကဲခတ်မိတော့
စက္ကန့်စာမျှ တွန့်ကွေးသွားသည့် နှုတ်ခမ်းလွှာက
ကျတော့်၏ ကြီးကျယ်မှုမရှိသည့် လက်ဆောင်အား
အသိအမှတ်ပြုပုံပင် ။" ဘာလဲ မင်းကိုကြွေနေတဲ့ကောင်မလေးတွေ
ပေးတာကို လာကြွားတာလား "" မောင် က အဲ့ လို လူ မျိုး လား .. ဒါက
သဲ ငယ် အတွက် သီး သန့် "မယုံသင်္ကာမျက်နှာပေးနှင့် မျက်ခုံးပင့်ကြည့်ပုံကြောင့်
စိတ်မဆိုးမိဘဲ အသည်းတယားယား လူရှေ့သူရှေ့
၌ပင် ဖက်ကိုက်ချင်သည့်စိတ်က လှုပ်လှုပ်ရွရွဖြစ်နေ၏ ။" မင်း လည်း ပါးစပ်ထဲရှိတာပြောတက်တဲ့အကျင့်ကို
ပြင်ဦး "" မောင် ဘာ ပြော မိ လို့ လဲ "
သဲငယ် မှုန်ကုတ်နေလျှင် ပိုလို့ပင်စချင်စိတ်များလာသဖြင့်
မသိချင်ယောင်ဆောင်ပြန်အမေးထုတ်ပြီး နှဖူးပေါ်
ဝဲဆင်းနေသော ဆံသားအချို့ကို လက်အကျင့်အရ
သပ်တင်ပေးမိ၏ ။" ငါ ဒီ နေ့ မင်း အိမ် မလိုက်တော့ဘူး "
ခဏခဏဆံပင်ဆေးဆိုးတက်သောကြောင့် အရမ်းကြီး
မနူးညံ့ပေမဲ့ ထိုအထိအတွေ့ကကို အမြဲတမ်း အကြောင်းရှာ
လက်မလွှတ်ချင်သည့် ခံစားချက်ဖြစ်နေလေတော့
ဘေးနားတွင် သဲ ငယ် ၏ ရည်း စား မျက်လုံးပြူး
ကြည့်နေလျှင်တောင် ဂရုစိုက်မည်မဟုတ်ပေ ။" ဘာလဲ .. သူ နဲ့ ဒိတ် လား "
သဲငယ်ရည်းစားဟုတွေးနေတုန်း ချက်ချင်းရောက်လာ
သော မိန်းမပျို လေး က ကျတော့် ၏ မဟုတ်မဟတ်
ဂွင်ဖန်မည့်အရေးကို အချိန်ကိုက် အခွင့်အလမ်းဖွင့်ပေး
လိုက်သည့်အတိုင်း ။
![](https://img.wattpad.com/cover/171184810-288-k333863.jpg)