* ချစ်တယ် .. မောင် *
" သဲငယ် မောင့် ကို တစ်ခုခု ပြောလိုက်သေးလား "
ဘာဘယ်တီးတစ်ဘူးနှင့် ချော့ကလက် ကိတ်
သေးသေးလေးတစ်တုံးကို ကျတော့်စားဖို့ရန်
ကိုယ်တိုင်သွားယူပေးသူ ဂျုံ အင် အား အမြဲတမ်း
အတွေးထဲသာထားနေကြစကားတစ်ခွန်းအား
နှုတ်ခမ်းလှုပ်ရုံဖွင့်ထုတ်မိချိန် သတိထားမိသွား၍လားမသိ
မျက်ခုံးစွန်းကိုချိုးကာတရားခံစစ်သလိုစစ်လာသည်ကြောင့် မကြားဟန်ပြုလိုက်သည် ။" ဟွန်း ငယ် ..
မောင်ကြားအောင်ပြောလေကွာ .. မင်းက တိုးတိုး
တိုးတိုးနဲ့ သိချင်စိတ်ပေါက်အောင် တမင်ဆွပေးနေတဲ့
အတိုင်းဘဲ ..လွန်ခဲ့တဲ့တစ်ပတ်ကအတိုင်း နားတပူပူနှင့် ကျတော့်ထံမှ
တစ်ခုခုထွက်မလာမချင်းကို ထိုမေးခွန်းကလွဲ
အခြားပြောင်းမသွား ။" သဲငယ် .. ဟွန်း ငယ် .. မောင် မေးနေတာကြားလား "
" နားညည်းတယ် ပိတ်ထားစမ်း "
" သဲငယ် မင်းကွာ .. အရမ်းဆိုးလိုက်တာ "
ကျတော့်၏ စကားအကန်များအား စိတ်မဆိုးသည့်အပြင်
ချစ်မဝသယောင် အပြုံးရေးရေးက ပိုလို့ပင်
ကန်လန့်တိုက်ချင်စိတ်ပေါက်သည် ။ဘယ်လိုသည်းခံစိတ်နှင့် ကျတော် ဆိုးသမျှအား
ဒေါသမထွက် စိတ်မခုဘဲ ပြုံးဖြီးနိုင်သည်မသိ ။" အဲ့တော့ ဘာဖြစ်ချင်လဲ .. "
" ချစ်ချင်တယ် .. "
" ဂင် ဂျုံ အင် .. မင်း ဘာစကားပြောတာလဲ "
လက်ထဲက ဘာဘယ်တီးဘူးနှင့် ကောက်ပေါက်ရန်
ဟန်ပြင်တော့ လက်တကာကာ နှင့် တဟဲဟဲ
အရယ်မပျက် ။မုန်းဖို့ကောင်းလိုက်တဲ့ မောင် ..
" မင်းလည်း မုန်းဖို့ကောင်းတယ် သဲငယ် "
ကျတော့်စိတ်ကိုသိနေသည့်နှယ် ကျတော်တွေးသမျှအား
နားလည်နေသည့်နှယ် တစ်ထပ်တည်း
ပြန်ချေပသော စကားကြောင့် အလိုလိုက်ခံရလို့
အားနာမိသည့်စိတ်တောင်ကြက်ပျောက်ငှက်ပျောက် ။
![](https://img.wattpad.com/cover/171184810-288-k333863.jpg)
KAMU SEDANG MEMBACA
မောင့် သဲ ငယ် .. [ Complete ]
Fiksi Penggemarမောင် နဲ့ သဲငယ် ကချစ်ခဲ့ကြလို့လား ..