Believe or Not .. [U]

151 15 0
                                    

ခဏလေး ဖုန်းပြန်ဖွင့်လိုက်သည်နှင့်
တတီတီ မက်ဆေ့များ ..
မြောက်မြားစွာသော Miss Call မ်ား ..

မောင် နှင့် ချစ် တယ် ချင်း ထပ်နေသော အနှီး ဂင် ဂျုံ အင်
၏ ချစ်စကားအဖြာဖြာ .. တောင်းပန်ပါတယ်ဆိုသော
မရိုးလှသည့် အသနားခံစာအဖုံဖုံ ..

တစ်ဖက်သတ်အချစ်ဆိုတိုင်း တစ်ဖက်လူထံမှပြန်ချစ်ရန်
မမျှော်လင့်ထားသည့် က်တော့်အတွက် မောင့်စကား
မှန်သမွ်က ယုံချင်စရာတော့သိပ်မကောင်းလွ ။

* အသဲ ရေ .. သဲ ငယ် ရေ .. ဟွန်း ငယ် ရေ
ဖုန်းကိုင်ပေးပါကွာ ။ မောင့် ကို စိတ်ပူရအောင်
မလုပ်ပါနဲ့ လား *

ငါးမိနစ်စွန်းစွန်းသာ ရှိသေးသော မောင့် ဆီ က
နောက်ဆုံး မက် ဆေ့ ကို ဖတ်နေတုန်း အိမ်တံခါး
ကုတ်နံပါတ်ရိုက်သံနှင့် ဝုန်းဒိုင်းကြဲဝင်လာသည့်
ခြေသံပြင်းပြင်း ။

" သဲ ငယ် ရာ .. မောင် မွာ .. စိတ် ပူ လို့ ရူး ..
တော့ .. မယ် "

အပိုင်းပိုင်းအပြတ်ပြတ် စကားတစ်ကြောင်း က
မောဟိုက်မှုအပြည့်ပါသော်ငြား က်တော်မသနားချင်ပါ ။

စိုးရိမ်ခြင်း စလာပြီဆို အနည်းနှင့်အမ်ား
တွယ်တာစိတ် စွက်လာမည်မို့ ကျောခိုင်းပြီး
လျစ်လျူ ရှုမှုနှင့်သာ မသိဟန်ဆောင်ပြုလိုက်မည် ။

" မောင့် အသဲ .. စကားပြောဦးလေကွာ "

ပခုံးကနေဆွဲလှည့်နေပြီဖြစ်သဖြင့် အလိုက်သင့်
မျက်နှာချင်းဆိုင်မိ၏ ။

အမြဲတမ်းလို ကိုယ့်ကိုကိုယ်အထင်ကြီးမှုဖြင့်
မျက်နှာချီ မာန်ဝင့်လွန်းသော ဂင် ဂျုံ အင် သည်
မထင်မှတ်ထားစြာ မှိုင်းရီနေပြီး ဝမ်းနည်းမှုတစ်ပုံတစ်ပင်
နှင့် က်တော့်အား စိုက်ကြည့်လာသည် ။

" မောင် .. မင်း .. "

" ချစ်တယ် .. သဲ ငယ် .. ကျေးဇူးပြု ပြီး
မောင့်ကို မမုန်းလိုက်ပါနဲ့ "

အလွှာပါးပါး သည်းခံနိုင်ရည်မ်ားအား ထိုတစ်ခွန်းတည်းနှင့်
ဖြိုဖျက်လိုက်သလို ဒီ အို ဆယ် ဟွန်း ၏ ထိန်းချုပ်နိုင်မှု
အလုံးစုံသည် ဂင် ဂျုံ အင် ၏ အငိုမျက်လုံးများအောက်
အရည်ပျော်ရချေပြီ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now