Day 9 :
တိုးတက်မှုက အနီးကပ် အားပေးလေ့ကျင့်ပေးမှု အရှိန်ကောင်းတာကြောင့် တော်တော်တိုးတက်လာပါပြီ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တော်တော်ရှိလာပါပြီ တဘက်ခါဆို ပြိုင်ရတော့မှာမို့ အားပြင်းအောင် လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းက ပိုများပါတယ် ညာဒူးနဲ့ ပင့်တိုက်ပြီး ယိုင်လာမယ့်ခေါင်းကို ဘယ်ဘက်တံတောင်နဲ့ ပင့်ဆော်ရမှာမို့ သိပ်မသန်တဲ့ ဘယ်ဘက်တံတောင်ကို ပိုသန်မာ လာအောင် Breaking Brickနဲ့ပဲ ကျင့်ခိုင်းတာပါ ပထမပိုင်းမှာ အပေါ်ကနေ Breaking Brick ကို တံတောင်နဲ့ တိုက်ချပြီး ကွဲအောင် ကျင့်ရပါတယ်ဘယ်ဘက်တံတောင် အားကောင်းလာပြီး အခေါက်တိုင်း ကို ထပ်ထားတဲ့ Breaking Brick ကွဲကြေသွားတဲ့အထိ ထပ်ခါထပ်ခါ ကျင့်ရပါတယ် ဘယ်တံတောင် တစ်ချက်တိုက်ပစ်လိုက်တောင်း Brick 3ထပ်လုံး ကွဲလာတဲ့အချိန်မှာ အပေါ်ကနေ အောက်ကို အားနဲ့ရိုက်ချတာမျိုးမဟုတ်ဘဲ လေထဲက တွဲလောင်းချထားတဲ့ Brickချပ်ကို ကွဲအောင် လေ့ကျင့်ခိုင်းတာပါ ခက်ခဲပေမယ့်လည်း ရိပေါ် ရအောင်လေ့ကျင့်နိုင်ခဲ့ပါတယ် တစ်ခုခုတိုးတက်အောင် လေ့ကျင့်တိုင်း ချစ်ရသူနည်းပြကြီးက Training Coachကြီးဆီက အချစ်ဆုလာဘ်ရမှာ သေချာတာမို့ ရအောင် ကြိုးစားတာပေါ့ ရလည်းရတယ်လေ
*
*
*
Day 10
ဒီနေ့က သောကြာနေ့ ဆိုပေမယ့် ကျောင်းမသွားခိုင်းတော့ဘဲ ခွင့်ယူခိုင်းလိုက်တာပါ မနက်၇နာရီထပြီး ၈နာရီထိ Training အချိန်လို့ သတ်မှတ်ပေးထားတာပါ ၇နာရီထိုးတာနဲ့ ကျန့်ကောကိုယ်တိုင် Protective Gear ဝတ်စုံပြည့်နဲ့ ဝတ်ပြီး ပြိုင်ဘက်နေရာကနေ ဝင်ထိုးပေးပြီး Trainပေးမှာပါ
YOU ARE READING
Never
Fanfictionဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...