၂၀၂၀ မှာ ရိပေါ် ရဲ့ သတင်းကို ပြန်ကြားရပြီးနောက်ပိုင်း ဘဝက သာသာယာယာပါပဲ တစ်နေ့တစ်နေ့ ဘယ်ကလို အချိန်ဘယ်လို ကုန်မှန်းကို မသိပါဘူး ရိပေါ် သတင်းတွေတင်ပေးတဲ့ Fan Account တွေမှန်သမျှ လိုက် Followထားလိုက်ရုံပါပဲ ရိပေါ်ပုံတွေ တင်ပေးသမျှ အသည်းပေးနေရတာရယ် ပုံတွေSaveနေရတာရယ် အပတ်စဉ် SDC 3 စောင့်ကြည့်နေတာရယ်နဲ့ အောက်တိုဘာလကုန်တောင် ရောက်သွားတာပါပဲ
Final က live ပြနေတာမို့ ရှောင်းကျန့်မှာ ရိပေါ်မျက်နှာလေး တဝကြီးကို ထိုင်ကြည့်မိတယ် ပြိုင်ပွဲပြီးတော့ SDC ကို မသွားဘူး လုံးဝမသွားဘူးဆိုပြီး စွာတာတာလေး ပြောခဲ့တာရော သူတို့က ဆရာကြီးတွေလေ ဆိုပြီးရှိန်နေတဲ့ Dancer ငယ်လေးက အခုတော့ ချန်ပီယံရတဲ့ Team ရဲ့ Captainလေးဖြစ်လာတာမို့ အရမ်းကျေနပ်တယ် Episode1 တုန်းက ငါ့ရိပေါ်လေးကို Voteမပေးတဲ့ဟာတွေကိုလည်း မြင်ပြီလားလို့ ကြုံးဝါးပစ်လိုက်တာ
အဲဒီညမှာ ရိပေါ်လေးကလည်း Post တင်ခဲ့တယ် အဲဒီထဲကမှ ကျွန်တော့်အသက် ၂၁မှာ သဘောကျခဲ့တဲ့အရာကို အသက်၈၁ နှစ်ထိလည်း သဘောကျသွားဦးမှာတဲ့ ရှောင်းကျန့် ကမ္ဘာလိပ်ကြီးလုပ်လိုက်ဦးမယ် အဲဒါ ငါ့ကိုပြောတာ အဲဒါငါ့ကို ပြောတာ သူနဲ့ငါနဲ့ သူ့အသက် ၂၁မှာတွေ့တာလေ...... ပထမဆုံး လက်ဝှေ့ပြိုင်ပွဲတုန်းက ရိပေါ်က ၂၁ပဲရှိသေးတာလေ ကျေနပ်လွန်းလို့ အဲဒီညက ရှောင်းကျန့် အလိုလိုပြုံးနေမိတာ သွားတောင်စိမရဘူး ငါ့ကို သတိရနေတာမလား ရိပေါ် ငါကလည်း မင်းကို လွမ်းလိုက်တာ ရိပေါ်ရေ
နိုဝင်ဘာလထဲမှာ Projectလက်စသပ်ပြီး ဒီဇင်ဘာဆို ပေကျင်းကို ပြန်လို့ရပြီမို့ မကြာခင် ပြန်ဆုံကြရတော့မှာပဲ အခုတော့ Neverလေးက စကားတစ်လုံး စ ပြောနေပါပြီ စကားစပြောတုန်းက ဘာပြောမှန်းမသိဘူး ကျူ့......ကျူ့ နဲ့ပြောနေတာမို့ ဘာမှန်းလည်း မသိပါဘူး နောက်မှ ထမင်းကျွေးလည်း ပုတ်ထုတ်ပြီး ကျူ့ ......ကျူ့...... ဆိုပြီး TV ကိုလက်ညှိုးထိုးပြတာပါ
သူကို ဖွင့်ပြနေတဲ့ ကာတွန်းလိုင်းတွေ ဖွင့်ပြလည်း မဟုတ်ဘူး ကျူ့.....ကျူ့ ဆိုပြီး လက်ညှိုးထပ်ခါ ထပ်ခါထိုးနေမှ သဘောပေါက်တယ် YouTube ဖွင့်ခိုင်းနေတာကိုး
![](https://img.wattpad.com/cover/316625714-288-k23976.jpg)
YOU ARE READING
Never
Fanfictionဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...