ဒီနေ့က မင်္ဂလာပွဲနေ့မို့ အားလုံးက စောစောထ ပြင်ဆင်နေကြတာပါ ရိုးရာဓလေ့အလိုက် လုပ်တဲ့ပွဲမို့ အရမ်းကြီးလည်း အလုပ်မရှုပ်ပါဘူး
ဝတ်စုံက ရိုးရာဝတ်စုံပဲ ဝတ်ဆင်ရတာပါ အတွင်းခံက အစ ဝတ်ပြုကျောင်းက ထုတ်ပေးတဲ့ လက်ထပ်ပွဲ ဝတ်စုံကိုသာ ဝတ်ဆင်ရတာက လည်း အများနဲ့ မတူတဲ့ ထူးခြားချက်ပါ
သတို့သားက နှစ်ယောက်မို့ ဝတ်စုံက ဒီဇိုင်းတူတူကိုမှ အရောင်လေးပဲ ကွဲတာပါယွီပင်းနဲ့ ရှောင်းကျန့် က လေ့လာသူများမို့ နားလည်အောင် ရိပေါ်ပဲ ရှင်းပြလိုက်ပါတယ်
"ဝတ်စုံက လူပေါ် မူတည်ပြီး ကွာခြားတယ် လက်ထပ်မယ့်သူက ယောက်ျားလေးနှစ်ယောက်ဆိုရင် အင်္ကျီက နဂါးနှစ်ကောင်နဲ့ မိန်းကလေး နှစ်ယောက် ဆိုရင် ဇာမဏီ နှစ်ကောင် ယောက်ျားလေးနဲ့ မိန်းကလေးဆိုရင် တစ်ဘက်က နဂါး တစ်ဘက်က ဇာမဏီလေ
ဒီအဝတ်အစားတွေ အားလုံးက ဝတ်ပြုကျောင်းတော်က ကံကြမ္မာနတ်မင်းဆီ ဆက်သထားပေးထားတာ ကံကြမ္မာက သူတို့နှစ်ယောက်ကို ဘဝလက်တွဲဖော်တွေ အဖြစ် အသိအမှတ်ပြုအောင် လို့လေ ဒါကြောင့် တခြားဝတ်စုံ ဝတ်ဆင်ခွင့်မရှိဘူး ဒီကပေးတဲ့ ရိုးရာဝတ်စုံပဲ ဝတ်ရတာ"
ရိပေါ် စကားကြောင့် ယွီပင်းက ဖြည့်ပြီး မေးလိုက်ပါတယ်
" ဒီဓလေ့ထုံးစံကို ဘယ်အချိန်ကာလ လောက်ကစပြီး မိန်ကျားရွာလေးမှာ ကျင့်သုံးနေတာလဲ"
"သေချာအတိအကျတော့ မသိဘူး ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာတာ ကြာလှပြီ"
"ဒါဆိုရင် ဒီရွာက အရင်ကတည်း လိင်တူလက်ခံတာပေါ့"
"ရွာကလူတွေက ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပြီး လူကိုလူ လို့ပဲ သဘောထားတာလို့ ကျွန်တော်ကထင်တယ်"
YOU ARE READING
Never
Fanficဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...