ဒီနေ့ စနေနေ့ လက်ရည်စမ်း ပြိုင်ပွဲကို မနက်၁၀နာရီ တိတိမှာ ရိပေါ်တို့ Martial Art Sport Clubမှာပဲ လုပ်မှာ
ဒါကြောင့် မနက် ၉နာရီမထိုးခင် ၁၀မိနစ်လောက်မှာ ရိပေါ်နဲ့ ဟောက်ရွှမ်းတူတူ ကွန်ဒိုကနေ ထွက်လာခဲ့ပါတယ် ရှောင်းကျန့် ဘယ်ရောက်နေလဲ မမေးနဲ့ မသိဘူး ရိပေါ် စိတ်သိပ်မကြည်လို့ပါမနေ့က ပြည့်ပြည့်ဝဝ အနားယူမှရမယ် ဆိုပြီး ရိပေါ်ကို သူ့အိမ်ပြန်မခေါ်ဘဲ အိမ်ပြန်လာပို့သွားတာပါ သူတောင် ထားခဲ့နိုင်သေးတာ ကိုယ်ကလည်း နေနိုင်ရမှာပေါ့ ဆိုတဲ့စိတ်နဲ့ စိတ်ရောလူရောမျက်စိရော နားရော အားလုံးအနားယူလိုက် ပါ့မယ်လို့ ပြောပြီး ဖုန်းပါပိတ်ပစ်ပြီး ညစာ စားပြီးတာနဲ့ အိပ်ရာထဲခွေခေါက်ဝင်အိပ်လိုက်တာပါ မိုးလင်းတော့လည်း ဖုန်းမဖွင့်သေးပါဘူး မဖွင့်ချင်လို့ပါ စိတ်မကြည်တော့ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရတာက ဖုန်းပဲရှိတာလေ
ဟောက်ရွှမ်းကလည်း အသေအရောက်ပို့တာ
"မိုင်မနေနဲ့ ဘောလီဘောပုတ်သလို မြှင့်တင်လိုက် ရိုက်ချလိုက် ကျွမ်းကျင်လွန်းတဲ့သူကို ကြိုက်ထားပြီးမှ ဘောလီဘောလို ပုတ်ထုတ်ခံရမှ စူပုတ်မနေနဲ့ ကစားတာ မခံရချင်ရင် ဝေးဝေးနေ ဝေးဝေးမနေနိုင်ရင် ကစားတာခံလိုက် ကိုယ့်မိုက်ပစ်နဲ့ကိုယ် စိတ်ကိုလျော့ ဒီနေ့ ပြိုင်ပွဲရှိတာ စိတ်ရှုပ်မခံနဲ့"
'မင်းကလေ အဲဒီထက် နည်းနည်းလောက်ပိုပြီး ကျန့်ကောကို အကောင်းမြင်ပေးလို့မရဘူးလား ငါ့ကို ပုတ်ထုတ်ထားတာမဟုတ်ပါဘူး အနားယူခိုင်းထားတာကို"
"တွေ့လား မျက်နှာကသာစူပုတ်နေတာ ပြောရင်တော့ နည်းနည်းလေးမှ အထိခံတာမဟုတ်ဘူး အေးပါ အကောင်းမြင်ပေးပါ့မယ် ခုတော့ မင်းကို အားပေးဖို့လိုက်လာတာမို့ မင်းစိတ်မရှုပ်ရင် ပြီးတာပါပဲ"
"စိတ်မရှုပ်ပါဘူး နည်းနည်းလေး နည်းနည်းလေး စိတ်ကောက်ချင်သလိုလိုဖြစ်နေတာပါ ဘာမှမဖြစ်ဘူး"
"ပြီးတာပဲ"
ဒီလိုနဲ့ စူပုတ်သလိုလို မစူပုတ်သလိုလိုနဲ့ ကလပ်ရောက်လာတာပါ ကလပ်ရောက်တော့ ရှောင်းကျန့်ကတောင် ရောက်နေပါပြီ
ရိပေါ်ရောက်လာတာလဲ မြင်ရော ပြုံးပြလိုက်တာမို့ တညလုံး မကျေမနပ်ဖြစ်တာမှန်သမျှ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး
![](https://img.wattpad.com/cover/316625714-288-k23976.jpg)
YOU ARE READING
Never
Fanficဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...