မင်းလည်းငါ့ကို မမြင်သလို ငါလည်းမင်းကိုမသိဘူးရိပေါ်..........
ရုတ်တရက်ဆို Control မလုပ်နိုင်တဲ့ စိတ်တွေကြောင့် ခပ်ချေချေပဲ နှုတ်ဆက်ပြီး လှည့်ထွက်ခဲ့လိုက်ပါတယ်ရိပေါ် စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်သွားတာပါ ကျန့်ကောက ရုတ်တရက် သူ့ရှေ့မှာပေါ်လာတဲ့အပြင် ကောကသူ့ကို မသိဘူးဆိုပြီး ပြောသွားတာ အဲဒါသေချာတယ် တစ်ခုခုကို မကျေမနပ်ဖြစ်နေတာ မျက်လုံးတွေကလည်း သူ့ကိုမကြည့်တဲ့အပြင် မျက်နှာကလည်းတည်ထားတယ်
နှုတ်ခမ်းလေးကလည်း မဆိုစလောက်လေး စူနေတယ် အခုမှ ပြန်တွေ့တာလေ ဘာတွေများအမှားလုပ်မိလို့လဲ တစ်ခုခုတော့ တစ်ခုခုပဲ ကောလို Xiao Groupရဲ့ ဆက်ခံသူက ဒီမှာလာလုပ်စရာအကြောင်းရင်းလည်း မရှိဘူးလေနောက်ပြီးတော့ ရိပေါ်ရဲ့ Personal Stylist တဲ့လား ဇဝေဇဝါ မရေမရာနဲ့ အတွေးများနေတဲ့ရိပေါ်ကို Staffတွေက သတိပေးပြီး ဝတ်စုံစမ်းဖို့ ပြောလာတာကြောင့် ဘာပဲဖြစ်ဖြစ် ကောနဲ့ပြန်တွေ့ရတာ ဝမ်းသာတယ် မုန်းနေတာမှမဟုတ်တာ မပိုင်ဆိုင်ရမှန်းသိလို့နေသာ ဝမ်းနည်းနေရတာ ခုလိုလေး အနားမှာရှိနေတော့လည်း မမြင်ဘဲလွမ်းနေရတာထက် မြင်နေလျက် လွမ်းရခြင်းက ပိုပြီး သက်တောင့်သက်သာရှိမယ်ထင် တာပါပဲလို့တွေးလိုက်ပြီး ဟင်းခနဲ သက်ပြင်းချလို့ အဝတ်လှဲဖို့ ပေးတဲ့ဝတ်စုံကိုယူလို့ အဝတ်လှဲခန်းထဲမှာ အဝတ်လှဲလိုက်ပါတယ်
ပထမတစ်စုံက အဆင်ပြေတယ် ဝတ်ပြီးသားလာပြတဲ့အချိန် တခြားသူတွေက မဆိုးဘူးအဆင်ပြေတယ်ဆိုပေမယ့် ကျန့်ကော
"မရဘူး အဆင်မပြေဘူး မြင်နေကျပုံစံမျိုးဖြစ်နေတယ် မင်းသားဆိုတာ ဒီထက်မိမိုက်နေရမှာ ရော့ ဒီအင်္ကျီအစား ဒီအရောင်နဲ့ ပြန်ပြောင်း ဝတ် ခုချက်ချင်းသွားလဲကြည့် "ကျန့်ကောက ဝတ်ဆိုတော့လည်း သွားဝတ်ရတာပေါ့ Staffတွေနဲ့ Camera Man လက်ထောက်တွေကတော့ နာမည်ကြီးခါစ ပြုနေတဲ့
မင်းသားကို အထက်စီးကနေ ဟောက်သလိုလို လေသံနဲ့တောင် ပြောနေတဲ့ Stylistကို ကွက်ကြည့်ကွက်ကြည့်ပေါ့ ဘာမှမပြောဘဲ ငြိမ်ခံနေတဲ့ မင်းသားကိုလည်း တော်တော် သဘောကောင်းတဲ့မင်းသားလို့ ထင်နေပုံရတယ်
YOU ARE READING
Never
Fanfictionဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...