အပေါင်းအသင်းတွေနဲ့ နှုတ်ဆက်နေတဲ့ ရှောင်းကျန့်ကို ကျွန်တော်ပြန်နှင့် ဦးမယ်လို့ Message ပို့လိုက်ပြီး ယွီပင်းနဲ့ ပြန်ပို့ခိုင်းလိုက်ပါတယ်
နှစ်ယောက်တည်း ရှိနေချိန် ကျန့်ကောက လက်ထပ်မယ်လို့ ပြောတိုင်း စိတ်တိုပြ ပြီး နောက်ခါပြောဦးမလားဆိုပြီးကျန့်ကောမှတ်သွားအောင် အချစ်ကြမ်းပြတတ်ခဲ့တာ အဲဒီတုန်းက ကျန့်ကောက စနေတယ်ပဲ ထင်ခဲ့တာအခုတော့ လူသိရှင်ကြားထုတ်ပြောလာပြီမို့ ဒါ စနေတာ မဟုတ်ဘူးဆိုတာ ရင်ထဲက အလိုလိုသိနေပါတယ် ဒါပေမယ့် ကျန့်ကော ကိုယ်တိုင်ပေးမယ့် ဖြေရှင်းချက်ကို စောင့်ရဦးမယ် တွေးလေလေ ခေါင်းတွေ ပူလာတာမို့ ရေပန်းအောက် အဝတ်တောင် မချွတ်ဘဲ ဝင်ထိုင်မိပါတယ် ဒါလည်း စိတ်ကမအေးနိုင်ဘူး ဘယ်လောက်ကြာကြာထိုင် မိမှန်းတောင် မသိပါဘူး
အေးလာပြီလို့ ခံစားရလို့ ရေပန်းအောက်ကထွက် အဝတ်တွေချွတ်ခဲ့လိုက်ပြီး ဗီရိုထဲက တွေ့ရာ အဝတ်အစား ကောက်ဝတ်လိုက်ပါတယ် အခုတောင် ပြန်မရောက်သေးဘူးလား နှစ်ယောက်အတူရှိခဲ့တာ ကာလမှာ ကျန့်ကောက ရိပေါ်ကို မချစ်ခဲ့ဖူးနဲ့တူပါတယ် မချစ်တဲ့သူတွေတောင် ချစ်တယ်ဆိုတဲ့ စကား ကျန့်ကောဆီက ကြားခဲ့ရဖူးတယ် ရိပေါ်သာ မကြားဖူးတာ ချစ်စိတ်နဲ့ ကျန့်ကောနဲ့ အတူတူနေခဲ့တာ ကျန့်ကောဘက်ကတော့ ဒီအတိုင်း သွေးသားလိုအပ်ချက်အရပဲ ထင်ပါရဲ့တကယ်ဆို ဘယ်လိုလုပ်ရမလဲ
ရိပေါ် ခေါင်းတွေ အရမ်းပူနေတုန်း အခန်းတံခါးဖွင့်သံကြားတော့ ပျော်ရွှင်နေတဲ့ပုံစံနဲ့ ဝင်လာတဲ့ကျန့်ကောကို မြင်လိုက်ပါတယ်
"ကျန့်ကော ကျွန်တော့်ကို ဘယ်လို ရှင်းပြမလဲ"
"အာ ရိပေါ် ဘာထပ်ရှင်းပြရမှာလဲ မင်းလည်းကြားခဲ့တာပဲလည်း ၂၀၁၉ ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်မှာ
ဒါ စတာလည်း မဟုတ်ဘူး နောက်တာလဲ မဟုတ်ဘူး""ဘယ်သူနဲ့ လက်ထပ်မှာလဲ"
"အင်း ဘယ်လိုပြောရမလဲ ငါ့ကိုယူမယ့်သူနဲ့ ငါလက်ထပ်မှာပေါ့"
"ကျွန်တော်က ရော ကျွန်တော်က ကျန့်ကောရဲ့ဘာလဲ"
"မင်းက ငါနဲ့ အခုလက်ရှိတွဲနေတဲ့သူလေ ဒါပေမယ့် မင်းကလက်ထပ်လို့ မရသေးဘူးလေ ဒါပေမယ့် ငါက လက်ထပ်ချင်နေပြီ ဘယ်လိုလုပ်မလဲ လက်ထပ်ရမည့် အရွယ်လည်း ရောက်နေပြီ ဒါကြောင့် ငါ့ကိုယူမယ့်သူ နဲ့ ငါ လက်ထပ်မှာလေ"
![](https://img.wattpad.com/cover/316625714-288-k23976.jpg)
YOU ARE READING
Never
Fanfictionဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျိုး..... တစ်ခါတစ်လေ ကိုယ့် အနှစ်သက်ဆုံး အရာတွေက ကိုယ့်ကို ပြန်ပြီး လှလှပပကြီး ပညာပေးတတ်တာကို ဘဝနှင့်ရင်းပြီးမှ သိလိုက်ရတာမျိုး ...... ကြားဖ...