Part-10(Zawgyi)

102 5 0
                                    

မနက်မိုးလင်းလို့ Jeff နိုးလာသည့်အခါ၊ခါတိုင်းနေ့တွေနဲ့မတူဘဲရင်ခွင်ထဲကအနွေးဓာတ်လေးကြောင့် မနက်ခင်းကပျော်စရာကောင်းနေသည်။

ရင်ခွင်ထဲက ဘေဘီ့ကိုငုံ့ကြည့်မိတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံ။ အိပ်ယာပြောင်းရင်အိပ်ပျော်ဖို့ခက်တယ်ဆိုတဲ့ဘေဘီက Jeff နဲ့ကျတော့အဆင်ပြေတယ်ထင်သည်။

ပါးနုနုလေးကိုလက်လေးနဲ့ထိကြည့်တဲ့အခါ ကြည်နူးမှုတို့လှိုက်ဖိုလာသည်။ ရင်ခွင်ထဲချစ်ရသူကိုဖက်ပြီးနိုးထလာရတဲ့မနက်ခင်းတွေဟာ ကျက်သရေရှိသည်။ ပျော်ရွှင်စရာကောင်းသည်။ကြည်နူးမှုတို့ ခံစားရသည်။

ထိုအချိန်မှာဘဲ Jeff ရဲ့ဖုန်းသံဟာတိတ်ဆိတ်နေတဲ့အခန်းထဲကျယ်လောင်စွာပေါ်ထွက်လာသည်။ ဘေဘီနိုးသွားမှာဆိုးတာကြောင့် ဖြည်းဖြည်းလေးထကာ ဖုန်းကိုယူပြီး အခန်းထဲကအပိုထုတ်ထားတဲ့ ဝရန်တာဘက်သွားပြောရသည်။

Jeff ဒီနေ့အလုပ်ရှိတာတောင်မေ့သွားသည်။ ဘေဘီနဲ့ရှိရင်အရာအားလုံးမေ့လျော့ကုန်သည်။

Jeff အခန်းထဲပြန်ဝင်လာတဲ့အခါ ဘေဘီက စောင်ပုံထဲကနေငုတ်တုတ်ထိုင်နေပြီး Jeff ကိုမကြည်ကြည့် 'ကြည့်' နေလေသည်။

"ဘေဘီဘာဖြစ်လို့လဲ?"

"မနက်အစောကြီး ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

"ကိုယ့်မန်နေဂျာနဲ့လေ"

"ဟမ့်..."

"ဘေဘီကွာ အသည်းယားအောင်"

အိပ်ယာပေါ်ကနေနှုတ်ခမ်းမဲ့ပြနေပါသောဘေဘီ့အား Jeff အသည်းယားလာသည်။

"ပြန်အိပ်ဦးမှာလားဘေဘီ ကိုယ်ကအလုပ်ရှိသေးတယ် ခဏနေသွားရမှာ"

"ကျွန်တော်လည်းပြန်မယ်လေ"

"မပြန်ပါနဲ့ ဘေဘီအိပ်ဦး ကိုယ်အလုပ်ကပြန်လာတော့လိုက်ပို့ပေးမယ်"

"ကိုကိုမှမရှိဘဲ"

Jeff အိပ်ယာပေါ်တက်ကာ ဘေဘီ့ခါးကိုဖက်ပြီး ပုခုံးပေါ် မေး တင်လိုက်သည်။

"ဘေဘီ..."

"ဟင်"

နားနားကပ်ကာ လေသံနဲ့ခေါ်တာမို့ Barcode ပုခုံးလေးကျုံ့သွားသည်။ဒီလူ့အသံကသြရှရှရယ်မို့ ထိုသို့ခေါ်သည့်အခါ ရစ်မူးဖွယ်ရာကောင်းသည်။

RED ROSE OR LOYAL WHITE ONE Where stories live. Discover now