Part-9

264 33 9
                                    

ချစ်သူဖြစ်ပြီးသွားတော့ ပိုပိုကဲသဲလာသည်မှာ Jeff သာဖြစ်သည်။ ကောင်ငယ်လေးကခုမှ ၁၈နှစ်သာသာလေးဘဲရှိသေးတယ်။

မကြာခင် အထက်တန်းအောင်ပြီး တက္ကသိုလ်တက်တဲ့အခါ ပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာမယ့် ကိုယ့်ချစ်သူအကြောင်းတွေးရင်း Jeff သွေးတက်ရသည်။ ကိုယ်တိုင် တက္ကသိုလ် လိုက်တက်လို့ရရင်လည်းကောင်းသား။

အခုတောင် ဘေဘီ့ကို ကြိုက်သလိုလိုနဲ့အနားကပ်ကပ်လာတဲ့သူတွေမနည်း။တော်သေးသည်။ဘေဘီက Jeff ကိုဘဲချစ်လို့။
ဘေဘီ့စိတ်ထဲ Jeff ကလွဲရင်မရှိဘူးဆိုတာ ရေလို ကြည်လင်တဲ့မျက်လုံးလေးတွေမှာအတိုင်းသားမြင်နေရသည်။

ကိုကို လို့တစ်ခါခေါ်တိုင်း Jeff ရင်ထဲလိပ်ပြာလေးတွေထပျံကုန်သလိုဘဲ။ တိမ်တွေပေါ်လမ်းလျှောက်နေရသလို အိစက်နူးညံ့နေတာဘဲ။ စိတ်ဆိုးလို့ နှုတ်ခမ်းလေးစူပြီးမျက်စောင်းထိုးကြည့်တဲ့အခါ Jeff အကြိမ်ကြိမ်နစ်မြောရပြန်သည်။

စတွေ့တဲ့နေ့ကတည်းကဖြစ်တည်လာတဲ့အချစ်တွေဟာ ပိုတိုးလို့ပင် အချစ်တွေ ယိုဖိတ်စီးဆင်းလာသည်။ မေတ္တာရေစီးကြောင်းလေးဟာ ဘေဘီနဲ့တွေ့မှလိုရာခရီးကိုစီးဆင်းခွင့်ရသည့်နှယ်။

ဘေဘီနဲ့ Jeff အခုအပြင်မှာ။ ကိုကို လျှောက်လည်ရအောင်လို့ဖုန်းဆက်လို့ ချက်ချင်းကို Jeff သွားခေါ်လာတာ။ချစ်သူလေးနဲ့ တစ်စက္ကန့်လောက်တူတူနေခွင့်ရရင်တောင် အဲ့တစ်စက္ကန့်ကိုမဖြုန်းတီးချင်။

"ကိုကို"

"ဗျာ"

"ဘာတွေတွေးနေတာလဲ"

လက်ထဲက ရေခဲမုန့်ကို တစ်ကိုက်ကိုက်ရင်းမျက်လုံးလေးစွေကြည့်ကာမေးလာ၏။

"ဘေဘီ့အကြောင်း"

"ဟင် ကျွန်တော်လား"

"ဟုတ်တယ်"

"ဘာဖြစ်လို့လဲ"

"ဘေဘီနဲ့ကိုယ်က၉နှစ်တောင်ကွာတာလေ တော်ကြာ ဘေဘီကကိုယ့်ကိုငြီးငွေ့ပြီးထားသွားရင်ဘယ်လိုလုပ်မလဲ"

အသက်အရွယ်ကွာဟမှုဆိုတာလည်း တစ်ချိန်မှာစကားပြောလာနိုင်သည့်အရာဖြစ်သည်။ မတူညီတဲ့ပတ်ဝန်းကျင်၊မတူညီတဲ့သက္ကရာဇ်၊မတူညီတဲ့အသိုင်းအဝိုင်းမှာ ရှင်သန်ကြီးပြင်းခဲ့တဲ့လူနှစ်ယောက်ချစ်ကြိုက်ကြတဲ့အခါ သေးသေးမွှားမွှားလေးတွေကအစအရေးပါသည်။

RED ROSE OR LOYAL WHITE ONE Where stories live. Discover now