မနက်ဝေလီဝေလင်း မနက်၎နာရီခွဲမှာBarcode နိုးလာတယ်။ပြောရရင် အိပ်မရတာဆိုပိုမှန်မယ်။ နားထဲမှာ စွဲမြဲနေတဲ့ ထိုလူရဲ့ရယ်သံ။အလွတ်ကျက်ထားသလိုမေ့မရတဲ့ မျက်နှာ။ Barcodeအိပ်လို့မပျော်ခဲ့။ အိပ်ပျော်သွားပြန်တော့လည်းခဏလေးသာ ပြန်နိုးလာခဲ့သည်။ထိုအိပ်ပျော်သွားတဲ့အချိန်မှာတောင် Jeff Satur ကအိပ်မက်ထဲထိပါလာသည်။
*Barcode ရေအိပ်တော့ကွ*
အိပ်မှဖြစ်မှာ။သင်တန်းရှိတယ်။မအိပ်ချင်တဲ့မျက်လုံးကို အတင်းဖိပိတ်ကာအိပ်ဖို့ကြိုးစားရသည်။
///////
အိပ်မပျော်လို့ သီချင်းရေးရန်ကြံရွယ်ကာမှ ကလေးငယ်ရဲ့အကြောင်းဘဲအာရုံထဲရှိနေခဲ့သည်။တကယ်ကို ၉နှစ်ငယ်တဲ့ကလေးကိုသဘောကျသွားမိမယ်မထင်ခဲ့မိတာအမှန်။
အဲ့နေ့က Jeff ကလေးငယ်ကိုစတွေ့တဲ့နေ့မှာ ဘာရယ်မဟုတ်မျက်လုံးထဲ သင်တန်းရှေ့ ငုတ်တုတ်ကလေးဒူးပိုက်ကာထိုင်နေခဲ့ပုံက ချစ်စရာကောင်းလို့ ငေးကြည့်နေခဲ့မိတာ။
မိုးရွာထဲပြေးဖို့ထွက်သွားတာမြင်ပြန်တော့မနေနိုင်ဘဲ ထီးလိုက်ပေးခဲ့မိပြီး အနီးကပ်မြင်ခဲ့ရတဲ့မျက်နှာကလေးဟာ အာရုံထဲကမေ့ဖျောက်မရခဲ့။
မျက်လုံးဝိုင်းကလေးတွေနဲ့စိုက်ကြည့်နေခဲ့တဲ့ ကလေးငယ်ဟာ Jeff နှလုံးသားထဲနေရာယူမှန်းမသိယူသွားခဲ့သည်။
မျက်ခုံးတန်းများဟာ နက်မှောင်၊သွယ်တန်းကာ ပုံသွင်းစရာမလို သိပ်လှသည်။ မျက်တောင်ရှည်များသည် ယပ်တောင်တစ်ခုသဖွယ် ကော့ဖြာကျ၏။ ထိုမျက်တောင်လေးများပင့်ကာ ကြည့်လိုက်ပါက ဝိုင်းစက်ကာကြည်လင်နေသာ မျက်ဝန်းညိုများသည် အကြည့်မလွှဲရက်စရာပင်။ ညာဘက် မျက်လုံးဘေးက မှဲ့နက်လေးသည်တယုတယနမ်းရှိုက်ချင်စရာဖြစ်သည်။
ထိုမှတစ်ဆင့် နှာတံမြင့်မြင့်ချွန်ချွန်နှင့် ပြည့်ပြည့်ဖူးဖူးနှုတ်ခမ်းတစ်စုံသည် အားလုံးထဲမှာသဘောကျချင်စရာအကောင်းဆုံးပင်။ကလေးငယ်အကြောင်းစာဖွဲ့ရရင် တကယ်ကိုပြီးဆုံးနိုင်မည်မဟုတ်တော့။ ဖြူစင်ကာ ရိုးသားသည့်ကလေးငယ်သည် Jeff နှလုံးသားထဲအရိုးရှင်းဆုံးနည်းနှင့်သာဝင်ရောက်လာခဲ့သည်။