မနက်နိုးလာတဲ့အချိန်မှာ ကိုကိုကမရှိ။ ဘေးနေရာကအေးစက်နေတာမို့ကိုကိုထသွားတာကြာပြီထင်သည်။
Barcode လှုပ်ရှားလိုက်တဲ့အခါ နာကျင်မှုကကျောရိုးတစ်လျှောက်ကနေခါးအထိပင်။
"အာ့!"
နာလိုက်တာ။တဆစ်ဆစ်နဲ့နာကျင်မှုကတော်တော်ဆိုးပါသည်။ မနေ့ကတစ်ခါဘဲပြောလို့ယုံမိခါမှ ၂ခါ၃ခါတွေဖြစ်ကုန်သည်။ နောက်ဆုံး Barcode ပင်ပန်းကာအိပ်ပျော်သွားတော့သည်။
////
ဘေဘီ့အသံကိုကြားလိုက်တာမို့ Jeff ဖုန်းပြောတာအမြန်အဆုံးသတ်ပြီး ဝရန်တာဘက်ကနေအထဲပြန်ဝင်လာတော့ ဘေဘီက Jeff ကိုမျက်စောင်းထိုးကာကြည့်နေသည်။ Jeff အသာလေးရယ်ပြလိုက်သည်။မရယ်ပြလို့လည်းမဖြစ်။မနေ့ကတစ်ခါဘဲဆိုပြီးဘယ်နှခါမှန်းမသိဖြစ်သွားတာလေ။"ဘေဘီ နိုးနေပြီလား"
"နိုးနေပြီလေမမြင်ဘူးလား"
"ဘေဘီကလဲ"
"ဘာမှမလဲဘူး"
"စိတ်မဆိုးပါနဲ့"
ဘေဘီ့ဘေးဝင်ထိုင်ပြီး ကောက်နေတဲ့ ကောက်တေးလေးကိုချော့ရသည်။
"အမယ်လေး စိတ်မဆိုးပါနဲ့တဲ့လား အံ့သြလိုက်တာ"
"အဲ့တာဆိုလည်းဆိုးပါ အများကြီးတော့မဆိုးနဲ့"
"ဟမ် စိတ်ဆိုးတာအဲ့လိုဆိုးလို့ရလို့လား"
"ရတယ်ရတယ်"
"တော်စမ်းပါခင်ဗျား"
Barcode တစ်ချက်လှုပ်တိုင်း ခါးကနေလှိုက်တက်လာတဲ့နာကျင်မှုကမချိမဆန့်ခံစားရသည်။
"ခင်ဗျားကြောင့်အခုလှုပ်တောင်မလှုပ်နိုင်ဘူး"
"တော်တော်နာနေသေးလား ကိုယ်ဆေးတော့လိမ်းပေးထားပါတယ်"
"တစ်ခါဘဲဆိုပြီးခင်ဗျားဘယ်နှခါတောင်လဲဟမ်"
*ဘုန်း ဘုန်း*
"အာ့ အား နာတယ်ဘေဘီရ"
"နာအောင်လုပ်တာနာမှာဘဲ"
ရင်ဘတ်ကိုလက်သီးဆုပ်နဲ့တအုန်းအုန်းထုပေမဲ့ အားသိပ်မပါတာမို့ သိပ်တော့မနာ။