Part-14

290 26 8
                                    

Barcode နိုးလာတော့ကိုကိုမရှိ။ ကုတင်ဘေးက စားပွဲပေါ်မှာ စာရွက်ပိုင်းလေးတွေ့လို့ ယူလိုက်တော့

*ဘေဘီ ကိုယ်အလုပ်ရှိလို့အပြင်ခဏသွားတယ် ဘေဘီဗိုက်ဆာရင် မုန့်တွေရှိတယ်*

သြော်...။ တစ်ယောက်ထဲထားခဲ့ပြီး အလုပ်သွားတယ်တဲ့။ နှိုးပြီးအလုပ်ခေါ်သွားတော့ဘာဖြစ်မှာမလို့လဲ။

"မကောင်းတဲ့လူ!"

မထချင်လို့ အိပ်ယာထဲပြန်လှဲပေမဲ့အိပ်လို့မရတော့။

*ကိုကိုဘယ်မှာလဲ*

ကိုကို့ဆီစာပို့တော့လည်းစာမပြန်။

ဖုန်းဆက်ပြန်တော့လည်း

*လူကြီးမင်းခေါ်ဆိုသော..*

တွေ့မယ်။တွေ့ကြသေးတာပေါ့ Jeff Satur။

///////

Jeff အလုပ်ပြီးလို့ဖုန်းထုတ်ကြည့်တဲ့အခါ ရဲရဲနီနေတဲ့ missed call တွေနဲ့ ၁၀စောင်ထက်မနည်းရောက်နေတဲ့ဘေဘီ့ဆီက message တွေ။

Jeff နှလုံးကြီးအပြင်ခုန်ထွက်တော့မတတ် လန့်သွားသည်။

စာတော်တော်များများမှာ

*ကိုကိုဘယ်မှာလဲ*

*ကိုကိုအားလား*

*ကိုကိုပြန်လာနေပြီလား*

*ကိုကိုရေ...*

အခုချိန်သာအိမ်ပြန်ရင် အရစ်ခံမှာကျိန်းသေမလွဲ။Jeff အသက်ဝဝရှုလိုက်ပြီး ဘေဘီ့ဆီဖုန်းပြန်ဆက်လိုက်သည်။

ပထမတစ်ခါ မကိုင်။ဒုတိယတစ်ခါလည်းမကိုင်။တတိယကြိမ်မြောက်လည်းမကိုင်သေးပေ။ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။

"ဘာလဲ ဘာလို့ခဏခဏခေါ်နေတာလဲ"

"ဘေဘီ ဘေဘီဘာဖြစ်လို့လဲကိုယ့်ဆီ missed call တွေအများကြီး"

"ဘာမှမဖြစ်ဘူး"

"ဘေဘီ ဘာစားချင်လဲ ကိုယ်ဘာဝယ်လာရမလဲ"

"ဘာမှမစားချင်ဘူး ဘာဝယ်ရမလဲဆိုရင်တော့ ဓားတစ်ချောင်းသာဝယ်ခဲ့"

"ဟင် ဘာ ဘာလုပ်ဖို့လဲ"

"ခင်ဗျား ထိုးဖို့ ဒါဘဲ!"

*တီ...တီ*

"ဟ...ဟယ်လို ဘေဘီ ဘေဘီ"

သွားပြီ။အကြီးအကျယ်သွားပြီ။ဘေဘီကတကယ်ကောက်နေတာလား။ မဟုတ်သေးဘူး။လေသံက တကယ်စိတ်ကောက်နေတာမျိုးမဟုတ်ဘူး။ အိုကေ စိတ်အေးအေးထားရအောင်။ ဟူးးး....။

RED ROSE OR LOYAL WHITE ONE Where stories live. Discover now