Unicode
"ဂျွန်ဂျောင်ဂု!!!
မထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ!
နေဖင်ထိုးအောင်အထိအိပ်နေမှာလား!! "ဒီသာယာနာေပျာ်ဘွယ် အသံလေးကတော့ မနက်8နာရီထိုးတိုင်း နှိုးစက်သံအလားကြားနေရသည့်
ဂျွန်ဂျောင်ဂု၏ ချစ်လင်ယောကျာ်းလေး ဂျွန်ဆော့ဂျင်၏အသံပင်ဖြစ်သည်။"အင်း~ပြန််လာပြီပဲ"
အိမ်ရှေ့ကအသံဆာဆာကိုကြားနေရပေမယ့်လဲ။
ဂျောင်ဂု အထူးတလည်လုပ်မနေတော့ကာ
အသံကိုညီးညူကာခပ်ပြင်းပြင်းဆွဲရင်း..
ကိုယ်တစ်ဝက်ဖုံးနေသည့် စောင်အား
ဆွဲယူကာခေါင်းမြီးခြုံလိုက်လေသည်။သိပ်မကြာလိုက်..အခန်းတံခါးအား
ကြမ်းတမ်းစွာ ဆွဲဖွင့်သံကြားလိုက်ရပြီး
ကိုယ်ပေါ်၌ ခြုံထားသည့်စောင်အား ဆွဲချခြင်းခံရလိုက်သည်။"ငါ..ပြောတာမကြားဘူးလား!!
8နာရီထိုးေတာ့မယ် အခုထိမထနိုင်သေးဘူးလား..
သားကိုကျောင်းပို့ရဦးမယ်လို့!! ""ထပြီ hyg ရေ ထပြီ.. "
အခန်းထဲထိ ရောက်လာတယ့် ယောကျာ်းလေးကြောင့် ဒီထက်ပို ဆူပူသည့်အသံမကြားရသေးခင် ခုတင်ပေါ်ကနေကုန်းရုန်းထကာ ဂျောင်ဂု ရေချိုးခန်းထဲသို့ တစ်ချိုးတည်းဝင်ပြေးသွားလေသည်။
"ဟူး~ ပြောရဆိုရမကောင်းလိုက်တာ
နေ့တိုင်းဒိီပုံစံပဲ... နေရာတကာလိုက်ပြောနေရင်လဲ
ငါပဲအပေါက်ဆိုးတယ်ဖြစ်ဦးမယ်.. "ဆော့ဂျင် သက်ပြင်းလေးတစ်ချက်ချရင်း
ဂျောင်ဂုအိပ်ထားသည့် ခုတင်ပေါ်က စောင်တွေအား သပ်သပ်ရက်ရက်ခေါက်သိမ်းလိုက်လေသည် ။
ဂျောင်ဂုချွတ်ထားသည့် shirt အကျီတွေအားလိုက်ကောက်သိမ်းရင်း
ရေချိုးပြီး ဝတ်ဖို့အကျီကိုလဲ သေချာလေးရွေးကာ
ထုတ်ပေးခဲ့လေသည်။"ငါသားလေး ဘာတွေလုပ်နေမလဲမသိဘူး "
ဂျောင်ဂုအတွက်လုပ်စရာရှိတာလုပ် ပေးပြီးနောက် သူတို့အခန်းနဲ့ ကပ်လျက်ဖြစ်သည့် သား..အခန်း
ဆီသို့သွားလိုက်သည် ။ လက်ကလေးပေါ်သို့ Baby mind လိုးရှင်းအားထည့်ကာ ပါးနုနုလေးတွေပေါ်ကို လက်လေးတွေနဲ့ ဖိပွတ်ကာလိမ်းနေသည့်သားကြောင့်
ဆော့ဂျင် သဘောကျစွာပြုံးလိုက်ရသည် ။

VOCÊ ESTÁ LENDO
𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |
Fanfic"ငါ့ယောကျာ်းက..ငွေတစ်မျက်နှာပဲသိတာလေ ဒါကြောင့်.. တစ်ခါလောက်နှောင်ကျဉ်သွားအောင် ပစ်ထားလိုက်ချင်တယ် " JJK x KSJ