𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕-5

1.3K 167 16
                                    

Unicode

"အစ်ကိုဘယ်လိုလုပ်ကြမလဲ " ဂျီမင်

မနက်ဆိုင်ဖွင့်ကတည်းက ယွန်းဂီနဲ့ ဂျီမင်တို့နှစ်ယောက်
ဦးနှောက်ခြောက်နေရသည်။ အကြောင်းကတော့မနေ့ကမှာထားတယ့် Cake order ကိုပို့ပေးဖို့ရာအခက်တွေ့နေခြင်းပင် ......

Deliveryနဲ့ပို့ရင်လဲ ပို့ရမည့်နေရာက ဝေးတာကြောင့်
9နာရီမထိုးခင်အချိန်မီေရာက်ဖို့ဆိုတာမသေချာပေ
အရေးကြီးတာက မုန့်ပင် သေချာမှာထားတာမို့
မုန့်ပုံစံပျက်လျှင်သူတို့ မျက်နှာပျက်ရလိမ့်မည်။

သူတို့ဆိုင်ကအရမ်းကြီးမကြီးသလို တစ်ခါမှလဲဒီလိုဝေးဝေးလံလံပို့ဖူးတာမရှိတော့ တစ်ခါမုန့်ပို့ဖို့ရာအဆင်မပြေပေ...

"ဘာဖြစ်နေကြတာလဲ?
မျက်နှာလဲမကောင်းကြပါလား "

ထိုစဉ် ဆိုင်ထဲကိုရောက်လာတယ့်ဆော့ဂျင်
ဂင်မ်ဘာ့ပ် (ရေညှိထမင်းလိပ်) ရောင်းပြီးပြန်လာတယ့်ပုံပင်
လက်ထဲမှာလဲ ထမင်းလိပ်ဘူးလေးနဲ့ ရေညှိဟင်းရည်ဘူးလေး ပါလာကာ ဒီနေ့ဂျောင်မင်လေးမွေးနေ့မို့ သူတို့ေပးဖို့ယူလာသည်နဲ့တူတယ်

"အာ! အစ်ကိုဆော့ဂျင် "

ရုတ်တရက်ဂျီမင်အကြံပေါက်သွားကာ ဆော့ဂျင်ကိုအကူအညီတောင်းဖို့ရာလုပ်လိုက်သည်။
ဆော့ဂျင်ထိုင်ခုံလေးမှာထိုင်ဖို့လုပ်တုန်း ရုတ်တရက်ထအော်တယ့် ဂျီမင့်ကြောင့် လန့်သွားကာပြူးတုပြဲတဲလေးဖြင့်ကြည့်လာသည်။

"ဘာလို့လဲ ဂျီမင် "

"အစ်ကိုကျွန်တော့်တို့ကို
တစ်ခုလောက်ကူညီပေးပါ " ဂျီမင်

ဂျီမင်က ယွန်းဂီမျက်နှာတစ်ချက်ကြည့်ရင်းသူ့ကိုပြောလာသည်။

"ဘာများလဲ ပြောလေ
အစ်ကိုကူညီပေးမှာပေါ့ "

"ဒီလိုပါ မနေ့က အစ်ကို့ရှေ့တင်ဖုန်းဆက်
မှာတယ့် cake လေ... အဲ့ဒါ Deliveryနဲ့ပို့ရင်
စိတ်မချလို့........ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံးကလဲမအားလို့......... " ဂျီမင်

"အစ်ကိုသွားပို့ပေးရမလား " ဆော့ဂျင်

အရိပ်ပြအကောင်မြင်တယ့် ဆော့ဂျင်ကဂျီမင်ပြောတာကိုချက်ချင်းရိပ်မိလေသည်။ ဒါပေမယ့် ဘာကြောင့်များ
ငွေတိုးချေးတာကျအလိမ်ခံလိုက်ရလဲမသိ.....

𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |Tempat cerita menjadi hidup. Temukan sekarang