𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕 - 4

1.2K 165 29
                                    

Unicode

"ဒုန်း! ဒုန်း! "

"တံခါးဖွင့်မှာလားမဖွင့်ပေးဘူးလား!!!!!! "

ခမ်းနားလှတယ့် Kimအိမ်၏ ခြံတံခါးရှေ့၌ဆော့ဂျင်တစ်ယောက် သူ့ကိုအသာတကြည့်တံခါးမဖွင့်ပေးတာကြောင့် ခြံတံခါးကိုခဲနဲ့ထုကာ ​ေသာင်းကျန်းလို့ေနေလသည်။
အစောင့်အချို့ရှိနေပေမယ့် ငယ်ငယ်ကတည်းကလက်စပြင်းတယ့်သူကြောင့် ဘယ်သူမှဝင်မတားရဲပေ

"တံခါးဖွင့်လို့ပြောနေတယ်လေ!! ငါဘယ်သူလဲမင်းတို့မသိဘူးလား "

"သိတယ်ကွာ သိလို့မဖွင့်ပေးတာရှင်းလား! "

ထိုချိန် Kimစံအိမ်ထဲကနေ Mr. Kim ထွက်လာကာ
ဆော့ဂျင်ရှိရာခြံတံခါးရှေ့သို့လာပြီးတားလေသည်။

"သူဌေး Kim ကျွန်တော့်ကိုအိမ်ထဲအသာတကြည်ပေးလိုက်နော် မဟုတ်ရင် ခြံတံခါးဖျက်ဝင်လာမှာ "

"အံ့သြပေါ့!! ငါကကြောက်ရမယ်တယ့်လား !
ပြောတော့သေတောင်.. ငါ့အိမ်ရိပ်ကိုမနင်းဘူးလေးဘာလေးနဲ့ ကလေကချေကောင်နဲ့လိုက်သွား
တုန်းကကျဒီအသံလား အခုငါ့အိမ်ကိုဘာလာလုပ်တာလဲ! "

"ကျွန်တော် သူဌေး Kim ဆီလာတာမဟုတ်ဘူး
ကျွန်တော့်ကိုကိုဆီလာတာ....ကိုကိုဘယ်မှာလဲ "

ခြံတံခါးကို ကြားချကာ အိမ်အတွင်းနဲ့အပြင် စစ်ခင်းလို့နေလေသည်။ တော်သေးတာပေါ့ သူဌေးတွေကြီးနေတယ့် ရပ်ကွက်မို့ မဟုတ်ရင် ဂင််မ်ဆော့ဂျင်တို့ ဆိုးသွမ်းသောင်းကျန်းပုံနဲ့ အရပ်ကခဲနဲ့ဝိုင်းထုခံရလိမ့်မယ်....

"ငါ့သားကြီးမရှိဘူး ပြန်...
ရှိလဲငါက မင်းနဲ့ ပေးမတွေ့နိုင်ဘူး "

"သူဌေး Kim !!"

"ပွမ်!! ပွမ်!! "(ကားဟွန်းတီးသံ)

ထိုစဉ် ခြံရှေ့ဆီသို့ရောက်လာတယ့်
ကားအကောင်းစားတစ်စီး...နောက်ပြီး ထိုကားထဲမှာထွက်လာတယ့်သူကြောင့် ဆော့ဂျင်တစ်ယောက်
ဝမ်းသာသွားလေသည် ။

"ကိုကို!! "

"ငယ်လေး!! "

ခြံရှေ့မှာရပ်နေတယ့်ညီငယ်ဆီကိုအပြေးသွားကာ
ဖက်ထားလိုက်သည်။ ခဏကြာဖက်ထားရာကခွာကာ
မျက်နှာလေးကိုကြည့်မိတော့ မျက်နှာလေးကညိုးလို့နေသည်။ စိတ်ပူတာပေါ့ တစ်ယောက်ထဲရှိတယ့်ညီလေးပဲ
ဒီလိုမျက်နှာမကောင်းဖြစ်နေတော့ အစ်ကိုတစ်ယောက်နေနဲ့ ဘယ်စိတ်ကောင်းပါ့မလဲ

𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |Место, где живут истории. Откройте их для себя