Unicode
ကလင်! ကလင်
"ကြိုဆိုပါတယ်ဗျ ဟင်! အဖေ! "
"အေး...ငါပဲ တော်သေးတာပေါ့
အဖေဆိုတာသတိရသေးလို့ "ဂျောင်ဂုတစ်ယောက် ဟိုဆော့ဆိုင်မှာကူလုပ်ပေးနေတုန်း
ဆိုင်ထဲကိုဝင်လာတယ့်သူကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ သူဒီမှာရှိနေတာဘယ်လိုသိသွားလဲမသိဘူး...ၕန္ကတ အစ်ကိုဟိုဆော့ကများပြောလိုက်သလား....
ဟာကွာ! ဒီလောက်မပြောပါနဲ့လို့သတိပေးထားရက်နဲ့"ကျွန်တော်ဒီမှာရှိတာဘယ်လိုသိတာလဲ
မဟုတ်မှအစ်ကိုဟိုဆော့ပြောတာလား ""ဒီမှာ ဂျွန်ဂျောင်ဂု မင်းအပြစ်မရှိတယ့်သူကိုဆွဲထည့်စရာမလိုဘူး... ငါဘယ်သူလဲဆိုတာမေ့နေတာလား ဒီနယ်တစ်ဝိုက်မှာငါ့လူတွေကြီးပဲ လွန်ခဲ့တယ့်ခြောက်နှစ်လုံးလုံးမင်းအပုန်းကောင်းနေလို့ ငါမဖမ်းမိခဲ့တာ.... အခုတော့ငါ့မျက်စိရှေ့မင်းရှိနေပြီဆိုတော့လွှတ်မယ်ထင်နေတာလား "
"စကားအပိုမပြောပါနဲ့ဗျာ
အဖေညံ့တယ်ဆိုတာဝန်ခံတယ်မလား
ကျွန်တော့်ကိုဒီမှာတွေ့တာတောင် ဘယ်ဘဝကကုသိုလ်ကောင်းမှုအကျိုးပေးလို့လဲမှမသိတာ "ခုံပေါ်မှာမျက်နှာချင်းဆိုင်ထိုင်ရင်း
တစ်ယောက်နဲ့တစ်ယောက် ရန်သူကြည့်ကြည့်ကာ
တစ်ဘက်နဲ့တစ်ဘက်စကားနာထိုးလို့နေသည်။
အဖေကလဲသားဆိုပြီး အလျော့ပေးမယ့်ပုံမပေါ်သလို
သားကလဲ အဖေဆိုပြီး လက်တစ်လုံးကြောတောင်အတင်မခံဘယ်သူမို့လို့လဲ ဂျွန် အဖေနဲ့ ဂျွန်သားပဲ
ဒီလောက်တော့ရှိမှာပေါ့"ဒါဘာသဘောလဲခုနစ်နှစ်လုံး တွင်းအောင်းနေပြီးမှဘာလို့အခုမှ အကောင်လိုက်ထွက်ပြတာလဲ "
"မသိချင်စမ်းပါနဲ့အဖေရာ ~
အဖေ့လာရာအတိုင်းသာပြန်လိုက်ပါတော့
အခုဆိုကျွန်တော့်ဘဝနဲ့ကျွန်တော်ဖြစ်လို့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ပြီ ""ဂျောင်ဂုမင်းပြောတယ့်အဓိပ္ပာယ်က
မဟုတ်မှမင်း.......""ဒယ်ဒီ ~"
ထိုချိန်ထပ်ခိုးခန်းကနေ ဂျောင်ဂုမင်လေးဆင်းပြေးလာပြီး
ဂျောင်ဂုကိုတင်းကျပ်နေအောင်ဖက်ထားလေသည်။
![](https://img.wattpad.com/cover/320284332-288-k70823.jpg)
ESTÁS LEYENDO
𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |
Fanfic"ငါ့ယောကျာ်းက..ငွေတစ်မျက်နှာပဲသိတာလေ ဒါကြောင့်.. တစ်ခါလောက်နှောင်ကျဉ်သွားအောင် ပစ်ထားလိုက်ချင်တယ် " JJK x KSJ