𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕-7

1.5K 170 19
                                    

Unicode

"Hyung~~"

"ဂျောင်ဂု! ရောက်လာပြီလား"

ဂျောင်ဂု သူ့ကိုခေါ်နေတယ့်အသံကိုမကြားပဲ ဂျောင်မင်လေးကိုချီထားလျက် ခုတင်ပေါ်ကဖြူလွှလွှခန္ဓာကိုယ်လေးကိုကြည့်ကာမျက်ရည်တွေဖြင့်အနားသို့ေလျှာက်လာလေသည်။ခုချိန်သူဘယ်သူ့ကိုမှသတိမမူမိပါ သူ့ hygကသာအရေးကြီးဆုံးပင်...

"Hyg....Hyg~~"

"ဂျောင်ဂု စိတ်အေးအေးထား  Hygပြောပြပါ့မယ်
တကယ်တော့အစ်ကိုဆော့ဂျင်က ......."

"ဟာ!  ယွန်းဂီ Hyg
ပြောလေဗျာ  Hygကဘာဖြစ်လဲလို့
ကျွန်တော်စိတ်ပူလွန်းလို့သေတော့မယ်ဗျ! "

စကားကိုအချိန်ဆွဲနေသည့် ယွန်းဂီကြောင့်
ဂျောင်ဂုစိတ်မရှည်စွာအော်လိုက်သည်။  ယွန်းဂီခင်မျာ
ဂျောင်ဂုရဲ့ နေမထိထိုင်မသာ ရုပ်ကိုကြည့်ကာ ရယ်ချင်လာတာကြောင့် အန္ဒြေမပျက်အောင်ကြိုးစားထိန်းရင်း....

"အစ်ကိုဆော့ဂျင်ဗိုက်ထဲမှာ
နောက်ထပ်ပေါက်စလေးရှိနေပြီ...မင်းတို့နောက်ထပ်ကလေးတစ်ယောက်ရတော့မှာ"

"ဗျာ ~"

ယွန်းဂီစကားကိုကြားသည်နှင့် ဂျောင်ဂုတစ်ယောက်
ကြောင်အ,လျက်သာား .....တောင့်တောင့်ကြီးရပ်နေမိသည်။
ဘယ်..ဘယ်လို hyg ဆီမှာကလေးလေး...ငါတို့ကလေးလေး...

"အား!  ယွန်းဂီHyg လိမ်နေတာတော့မဟုတ်ပါဘူးနော်"

မျက်ရည်တွေကြားကနေ ဂျောင်ဂုတစ်ယောက်ဝမ်းသာအားရမေးမိသည်။

"ငါက လိမ်စရာလား တကယ်...
အစ်ကိုဆော့ဂျင်မှာ နောက်ထပ်မင်းရဲ့ရင်သွေးလေးလွယ်ထားရပြီ "

"ပျော်လိုက်တာ!  ဟား!  သားသားရေ
မင်းအငယ််လေးရတော့မယ်ကွ! "

ဂျောင်မင်လေးပါးကိုတရွှတ်ရွှတ်နမ်းကာ
အပျော်လွန်နေသောဂျောင်ဂုကိုကြည့်ကာ နမ်ဂျွန်းရော
ယွန်းဂီတို့ပါ အပြုံးကိုယ်စီနဲ့ပင်...အထူးသဖြင့် ဂျီမင်ကတော့
ဂျောင်ဂုတို့ကို အားကျတယ့်မျက်လုံးလေးတွေနဲ့ကြည့်နေလေသည်။

တကယ်ဆို သူတို့အိမ်ထောင်ကျတာသုံးနှစ်ပင်ပြည့်ခဲ့ပြီ နှစ်ယောက်လုံးကြိုးစားပေမယ့်လို့ အခုထိ ကလေးမရကျသေးပါ...ဒါကြောင့်ဂျီမင်ဝမ်းနည်းမိပေမယ့်လို့...

𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |Donde viven las historias. Descúbrelo ahora