𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕 - 2

1.3K 177 21
                                    

Unicode

"ဦးလေးဒီမှာတက္ကဆီခ "

"ကျေးဇူး တူလေး "

ပိုက်ဆံအိတ်ထဲက နောက်ဆုံးလက်ကျန်ပိုက်ဆံလေးကို
တက္ကဆီခအနေနဲ့ပေးလိုက်ပြီး ရင်ခွင်ထဲမှာအိပ်ပျော်နေတယ့်သားကို နှိုးရတော့သည်။ အိမ်ကထွက်လာကတည်းက
သူ့ပါးပါးနာမည်ခေါ်ပြီးငိုလာတာ ချော့လို့ပြုလို့လဲမရနဲ့
ငိုရင်းမောလာပြီး လမ်းတစ်ဝက်အရောက်မှာတော့
အိမ်မောကျသွားလေသည်။။

"သားရေ သား~ ထတော့
ဒယ်ဒီတို့ရောက်ပြီ "

"အင်း ~အဲ ဒယ်ဒီ "

ရင်ခွင်ထဲက အိမ်မှုန်စုံမွှားနဲ့သားက ငိုထားတာကြောင့်
မျက်လုံးလေးတွေနဲ့နှာခေါင်းလေးတွေကရဲလို့နေသည်။
ဒီလိုကျတော့လဲ သူ့ပါးပါးနဲ့တစ်ပုံစံတည်းပဲ။သားပါးပါးအပေါ်ကိုစိတ်ဆိုးတာမဟုတ်ပါဘူး စိတ်မကောင်းဖြစ်မိတာ ။ ဒါပေမယ့် သားမျက်နှာကိုမကြည့်ပဲ စိတ်ဆန္ဒအတိုင်းလုပ်ခဲ့တယ့်သူကိုတော့ နှောင်ကျဉ်သွားစေချင်တယ်။

"သားထဒယ်ဒီတို့ရောက်ပြီ"

လက်တစ်ဖက်ကနေသားကိုချီရင်း
မျက်စိရှေ့က HoBa soup ဆိုတယ့်စွတ်ပြုတ်ဆိုင်အတွင်းသို့ဝင်သွားပြီး အကဲခတ်ကြည့်လိုက်သည်။

"အင်း မဆိုးပါဘူး
သူ့ဟာနဲ့သူတော့ လည်ပတ်သားပဲ "

အရင်ဆုံးလူရှင်းတယ့် ဝိုင်းတစ်ဝိုင်းကိုဝင်ထိုင်လိုက်ပြီး
စားပွဲထိုးကောင်လေးတစ်ယောက်ကိုခေါ်လိုက်ကာ

"ဒီဆိုင်ပိုင်ရှင်
Jung Hoseok ဆိုတယ့်သူရှိလား "

"သူဌေးကို? ဘာဖြစ်လို့လဲဗျ "

"အသိတစ်ယောက်ရောက်နေတယ်လို့ပြောပေးပါ "

"အာ ဟုတ်ကဲ့ ကျွန်တော်ပြောပေးပါ့မယ် "

သူ့ကိုလူထူးဆန်းကြည့်သလိုကြည့်ရင်း
စားပွဲထိုးကောင်လေးဟာ ဆိုင်ပိုင်ရှင် Jung Hoseok
ဆိုတယ့်သူကိုသွားခေါ်ပေးလေသည်။ ။

ခဏအကြာတော့ ခပ်လန်းလန်းအဝတ်အစားနဲ့
ဆိုင်အနောက်ကနေထွက်လာတယ့် အစ်ကို ဟိုဆော့ကိုတွေ့လိုက်သည်။

𝑴𝒚 𝑴𝒐𝒐𝒏𝒍𝒊𝒈𝒉𝒕🌙 # 𝒌𝒋|Complete |حيث تعيش القصص. اكتشف الآن