Chapter-1.1

147 12 11
                                    

Unicode

နေ့အလင်းရောင်သည် ကောင်းကင်ကို ဖြာထွက်နေလျက် ကြီးမြတ်လှသော စစ်သားများသည် မြို့ရိုးတွင်စခန်းချနေကြကာ မှုန်မှိုင်းမှိုင်း ရှေးဟောင်းခေါင်းလောင်းကြီးလည်း မြည်နေလျက်ရှိနေပေသည်။ ဧကရာဇ်အသစ်စက်စက်၏ ထီးနန်းယူပွဲသည်လည်း  ကံလှသောတစ်နေ့တွင် ကျင်းပခဲ့ပြီဖြစ်သည်။ ထိုဧကရာဇ်သည် ရွှေချည်မျှင်များနှင့် မဂ်လာရှိသော တိမ်တိုက်များပါသည့် အနက်ရောင်နဂါးဝတ်ရုံကို ၀တ်ဆင်ထားကာ မရေမတွက်နိုင်သောလူများ၏ ရှေ့တွင် မြင့်မားလှသောစင်ပေါ်သို့  ဖြည်းညှင်းစွာတက်သွားပြီး ထိုဇိမ်ခံဝတ်ရုံကြီးသည်လည်း အနောက်မှ တရွတ်တိုက်ပါလာလေသည်။
ဧကရာဇ်သည် တစ်ဖက်လှည့်လိုက်ပြီး သူ၏လက်များကို အမြင့်ဆုံးထိ ဖြန့်လိုက်ကာ ထိုအချိန်တွင်ပဲ ပြည်သူများနှင့် စစ်သူကြီးများလည်း သူတို့၏ခေါင်းများကို နှိမ့်ချ၍ ဒူးထောက်ကာ အရိုအသေပေး ဆုတောင်းလိုက်ကြ၏။

ဟောခန်းကြီးသည်လည်း နားကွဲလောက်သည့် အသံမျိုးဖြင့် ပြည့်သွားချေသည်။

ဧကရာဇ်အသစ် ကျင်းယွမ်၏ နှလုံးသားသည် ဒူးထောက်နေသည့် ပြည်သူများနှင့် စစ်သူကြီးမျှကိုကြည့်သည်နှင့်အမျှ ခံစားချက်မျိုးစုံဖြင့် ရောပွန်းကာ တုန်ရီနေမိ၏။

ထီးနန်းတင်ပွဲ အခမ်းအနားသည် ပြီးဆုံးဖို့နီးလာသည်နှင့်အမျှ သူ့နောက်လိုက်နေခဲ့သည့် ကုန်းကုန်းလေးသည် ကုန်းကုန်းအကြီးအကဲအဖြစ် ရာထူးတိုးသွားကာ ထိုသူက သူ့အား အခြား အဆင့်အား ဆက်လံလုပ်ဆောင်ရန် လောလော လောလောဖြင့် သတိပေးနေခဲ့သည်။ သို့ပေမယ့် ကျင်းယွမ် ၏ အတွေးများသည် အခြားတစ်နေရာ၊ မောင်းမဆောင်သို့ ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ သူ၏အမေ၊ ကြင်ယာတော်ရှောင်ကို တွေ့ချင်သည်၊ မဟုတ်၊ အခုကစပြီး သူမသည် တော်ဝင်အဆန်ဆုံး ဂုဏ်သရေအရှိဆုံး ဧကရီမယ်တော် ဖြစ်ပေပြီ။

ဧကရာဇ်သည် အပြစ်ရှိသည်ဟု သမုတ်ခံထားရသော မောင်းမဆောင်ရှိ ကိုယ်လုပ်တော်မှ မွေးဖွားလာခဲ့ကာ ကွယ်လွန်ပြီးသော ဧကရာဇ် အစက်ဆုပ်ဆုံးသော သားတော်လည်း ဖြစ်ခဲ့ချေသည်။ ကိုယ်လုပ်တော်(ကြင်ယာတော် ရှောင် မဖြစ်လာခင်အချိန်၏ ဂုဏ်ပုဒ်ဟောင်း) ၏ ကျေးဇူးကြောင့်သာ မဟုတ်ပါလျှင် အခြားမောင်းမဆောင်ရှိ ကိုယ်လုပ်တော်များ၏ မာယာ လှည့်ကွက်များဖြင့် သူလည်း သေပြီးနေလောက်ပေပြီ။

ဗီလိန်​များ၏အမေဖြစ်လာခြင်းWhere stories live. Discover now