Chapter 2.3

122 15 2
                                    

Unicode

တခဏကြာပြီးနောက် အခန်းထဲတွင် အာကာသဟင်းလင်းပြင်သို့ ဦးတည်နေသည့် တံခါးပေါက်တစ်ခု ဖြည်းညင်းစွာ ပွင့်ဟလာသည်။

လက်တိုအင်္ကျီ၊ခါးနားတွင် တွဲရက်ချည်ထားသော သေနတ်နှင့်အတူ စစ်ဘောင်းဘီ ဝတ်ဆင်ထားသော ဆံပင်တိုတိုနှင့် မိန်းမတစ်ဦးသည် အရိပ်ထဲမှ ထွက်ပေါ်လာ၏။ သူမ၏ခန္ဓာကိုယ်သည် နေရာအတော်များများတွင် ထိခိုက်ဒဏ်ရာရနေကာ သူမကိုယ်ကလည်း ရွှံများဖြင့် ပေကျံနေသည်။ သူမ၏ နူးညံ့သောပါးများကလည်း ဖုံတွေပေနေသော်လည်း သူမ၏ နှာတံမြင့်မြင့်အပေါ်တွင်ရှိသော ထိုမဲနက်လှသောမျက်လုံးများမှ အလင်းရောင်တောက်တောက်လေးအားတော့ ထိုအရာက ဖုံးကွယ်မရပါချေ။

သူမသည် ပြုပြင်ထားသော ရိုင်ဖယ်သေနတ်အား သယ်ထားကာ ထက်မြပြီးအန္တရာယ်ရှိပုံပေါ်နေ၏။
"ဂုဏ်ယူပါတယ် host နံပါတ် ၁၅၄၈၀၀ ကျန်းရွှီနင်၊ မင်း စာအုပ်ငါးအုပ်လုံးမှာ အောင်အောင်မြင်မြင် တာဝန်ပြီးသွားခဲ့ပါပြီ"

စက်ရုပ်တစ်ရုပ်သည် သူမနားအားကပ်လာကာ မှတ်တမ်းများအား မွှေနှောက်လျှောက်ရှာနေတော့သည်။

"ကျွန်တော် အခုသက်ဆိုင်တဲ့ မှတ်တမ်းတွေကို စစ်ကြည့်နေပါတယ်"

နာမည်: [ကျန်းရွှီနင်]

ကမ္ဘာကူးပြောင်းခြင်းနှင့် ကိုက်ညီသော တာဝန်:  [ဗီလိန်၏အမေအဖြစ် ပံ့ပိုးပေးခြင်း]

အခြေခံတာဝန်:[ ပထမ သုံးနှစ်တာကာလအား ရှင်သန်ရန်]

တရားဝန် တာဝန် : [မူလ အမြှောက်စာဇာတ်ကောင်/ဗီလိန်/ရက်စက်သော ဇာတ်ကောင်များ၏ ကလေးများကို ပြုစုပျိုးထောင်ကာ သူတို့ကမ္ဘာနှင့် ကိုက်ညီသော သူတို့၏ ကမ္ဘာကြီးအပေါ် မှန်ကန်သောရှုထောင့်/အမြင်သို့ တဖြည်းဖြည်းချင်းစီ ပြောင်းလဲပေးရန်]

အောက်တွင်ပါရှိသော အရာများသည် အောင်မြင်သည်ဟု သတ်မှတ်၍ရရန် လိုအပ်သော အချက်များဖြစ်သည်။

1.ထိုကမ္ဘာ၏စည်းမျဉ်းများနှင့်အညီ ဇာတ်ဆောင်ကို ကျိုးကြောင်းဆီလျော်စွာ အနိုင်ယူပါ။

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်​များ၏အမေဖြစ်လာခြင်းWhere stories live. Discover now