Chapter-1.2

113 16 6
                                    

Unicode

ကျင်းယွမ်သည် ထလိုက်သည်နှင့်အမျှ ကျန်းရွှီနင်၏ လက်ကိုလွှတ်ချလိုက်၏၊ ကျင်းရွှမ်၏အသံကို ကြားလိုက်သည်နှင့် သူ၏မြင့်မြတ်မှုနှင့် တည်ငြိမ်မှုကို ပြန်ရသွားသလိုပင်။ ဝမ်းနည်းမှုဟူသည့် တိမ်ဖုံးနေသဖွယ် မျက်လုံးတစ်စုံကလည်း သူတို့၏ ကြည်လင်မှုကို ပြန်ရသွားကာ သူ့အမေ၏ ဘေးနားတွင် ဝမ်းနည်းနေသော သူမဟုတ်တော့သကဲ့သို့။
ကျင်းယွမ် သူ၏လက်များကို နောက်ပို့လိုက်ပြီး သူ၏ မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ကာ အခန်းထဲတွင် ရှိနေသောလူများကို ဖိအားအပြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်၏၊ ထိုသို့ အချိန်ကြာ ရှိနေသည်မှာ သူ သူ့အမေ‌ရှေ့တွင် ရပ်ကာ ဒူးမထောက်ခင်ချိန်ထိပင်။

“ဧကရီမယ်တော်ကို အနီးကပ် အလုပ်အကျွေးပြုနေကြတာ ဘယ်သူတွေလဲ?” သူအံကြိတ်စွာဖြင့် ပြောလိုက်သည်။

“ဒီကျွန် အခုပဲ နန်းတော် ခြံဝင်းရဲ့ အနောက်ပိုင်းမှာတော့ သံသယဝင်စရာလူတစ်ယောက်ကို ဖမ်းမိခဲ့ပါတယ် အရှင်မင်းကြီး။ အဲ့လက်အောက်ငယ်သားကို အတည်ပြုပြီးချိန်မှာတော့ သူက လွန်လေပြီးတဲ့ ဧကရာဇ်‌ဘေးနားမှာ ခစားတဲ့ နန်းတော် အစေခံ ကျူကွေ့ဖြစ်နေပါတယ်!” အစောင့်တစ်ယောက်သည် အလျှင်အမြန်ဝင်လာပြီး ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။

ဧကရာဇ်သည် ဆိတ်ဆိတ်သာနေခဲ့သည်၊ သူ့ဘေးနားမှ ကုန်းကုန်းချုပ်ကြီးကမူ ဒေါသရိပ်တက်နေသော အကြည့်များ ပေးကာ သူတို့အား ထိုအစေခံကို ဤသို့ လွှတ်လိုက်ရန် စေခိုင်းနေ၏။  ထို့နောက် နန်းတော်အစေခံတစ်ဦးက တံခါးမှ ထွက်လာကာ ဟောခန်းမထဲသို့ ပစ်ချခံလိုက်ရသည်။

“မင်းဘာလို့ ဧကရီမယ်တော်ရဲ့ နန်းတော် ဟောခန်းမထဲမှာ ရှိနေခဲ့တာလဲ ကျူကွေ့?"

နန်းတော်အစေခံကျူကွေ့၏ အဝတ်အစားများနှင့် ဆံပင်များက ယခုလိုအခြေအနေကြောင့် ရှုပ်ပွနေ၏။ သူမတွင် ကြောက်ရွံ့ခြင်း လုံးဝရှိမ​နေရုံသာမက နှုတ်ခမ်းထောင့်စွန်းတွင်တော့ ကြောက်စရာကောင်းသော အပြုံးတစ်ခုကရှိနေသည်။

"ဧကရာဇ်၊ နင်က ဒီလောက်တောင် အသိအဉာဏ်ကြွယ်ဝရဲ့သားနဲ့၊ တစ်ခုခုကို သံသယ မဖြစ်မိဘူးလား? "
သူမ ဤနေ့ကို အသက်ရှင်၍ ကျော်ဖြတ်နိုင်မည် မဟုတ်မှန်းသိသောကြောင့် ငိုလည်းမငိုသလို ပြဿနာလည်းမရှာခဲ့ပေ၊ ထို့ပြင်လွန်စွာမှ ငြိမ်းချမ်းနေခဲ့၏။
"သုံးနှစ်တိုင်တိုင် ဧကရာဇ်ဟောင်းက အရမ်းနာမကျန်းဖြစ်တာတောင် အိမ်ရှေ့စံမင်းသား မြှောက်ဖို့ကို ငြင်းဆန်ခဲ့တာကို၊ ဘာလို့ အရင်နှစ်ကမှ ရုတ်တရက် သူ့စိတ်ကို ပြောင်းလိုက်လဲဆိုတာကိုလေ?"

ဗီလိန်​များ၏အမေဖြစ်လာခြင်းWhere stories live. Discover now