Chapter-2.2

83 12 0
                                    

Unicode

ညအခါယံမှ ကျင်းယွမ် ဝန်လေးစွာဖြင့် သူ့စိတ်များကို တည်ငြိမ်အောင်လုပ်ပြီး မောင်းမဆောင်ထဲသို့ ချည့်နဲ့စွာ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကုန်းကုန်းကြီးက ဒူးထောက်လာခဲ့၏။

"အရှင်မင်းကြီး၊ အရိပ်အစောင့်ခေါင်းဆောင် မုချီက သေသွားခဲ့ပါပြီ။ သူက ဧကရီမယ်တော်ရဲ့ လူဖြစ်ဟန် ရှိပါတယ်" ကျန်းချင်းနင် ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ " ဒီငယ်သား သူ့ရဲ့ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကို ဘယ်လိုလုပ်လိုက်ရပါမလဲ? အရှင်မင်းကြီး"

အရိပ်အစောင့်များ၊ ထိုလူများသည် သက်သေတစ်မှမရှိဘဲ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသော လူများဖြစ်သည်၊ အကယ်၍ သူသည် ခေါင်းဆောင် အုပ်ချုပ်ရေးမှူးဖြစ်စေကာမူ ဧကရာဇ်အစောင့်များထက် များစွာ ရာထူးနိမ့်လေသည်၊ ထို့ပြင် သူတို့သည် ပေါ်လာလေ့လည်း မရှိပေ။ ထိုလူကို ကျင်းယွမ် သည် သူ့အမေ ကြင်ယာတော်ရှောင်၏ နန်းတော်တွင် တွေ့ဖူးလေ၏။

အဲ့တော့? သူ့ သခင်အတွက်သေပေးရမဲ့ အစေခံသာသာပဲလေ။ ကျင်းယွမ် သူ၏လမ်းကို သာမန်ကာလျှံကာ ရမ်းလိုက်ကာ ကုန်းကုန်းကြီး ဘာသာ ကိုင်တွယ်ခိုင်းလိုက်လေသည်။

"မင်းသားရွှမ် ဘယ်မှာလဲ?" သူမေးလိုက်သည်။

"မင်းသားက ဒီတစ်နေ့လည်လုံး ငိုပြီး ပင်ပန်းသွားလို့ ကျင့်နန်းတော်ရဲ့ အစွန်ဖက်ဟောခန်းမှာ နားနေပါတယ်" ကျင်းယွမ်၏ ခေါင်းအားယူလာပေးရန် အမိန့်ပေးလာမည်မျိုးကို ကြောက်ရွံ့ကာ ကျန်းချင်းနင် စိုးစိုးရိမ်ရိမ်ဖြင့် ပြန်ဖြေလိုက်၏။

ကျင်းယွမ် တိတ်ဆိတ်နေခဲ့သည်။ သူ ကျင်းရွှမ်ကို ပြန်တွေ့တုန်းက သူ့ကိုယ်သူ ရွှေနှလုံးသားနှင့် လူလို့တောင်ထင်မိ၏၊ သို့ရာတွင် လူအတော်များများကလည်း သူ ကျင်းရွှမ်အား တစ်ခုခုလုပ်မည်ဟု ထင်ကြဆဲပင်။ အမှန်တရားမှညမူ ထိုညီအစ်ကို နှစ်ဦးသားသည် အမေနှင့် သားဆက်ဆံရေးထက်တောင် ပိုကောင်းကြသေး၏။
[T/N- ရွှေနှလုံးသားနှင့်လူ-ကြင်နာသဘောကောင်းတဲ့လူ။
အမေနဲ့သားဆက်ဆံရေးဆိုတာက သူတို့အမေနဲ့မဟုတ်ဘဲ ပုံမှန်အမေနဲ့သား ဆက်ဆံရေးထက်တောင်ကောင်းတယ်လို့ပြောတာပါ။]

ဗီလိန်​များ၏အမေဖြစ်လာခြင်းWhere stories live. Discover now