Chapter-2.1

79 11 5
                                    

Unicode

ထီးနန်းရပြီးသည့် ပထမဆုံးနေ့တွင် လုပ်စရာများ တောင်လိုရာလိုပုံစွာရှိနေ၏။ ကျင်းယွမ်သည် ထိုအရာများကို ထုံကျင်စွာဖြင့် လုပ်နေရသော်လည်း ကျန်းရွှီနင်၏ ပုံရိပ်လေးက သူ့စိတ်ထဲတွင်ရှိနေလေသည်။ သူမ၏ နွေးထွေးမှု၊ အပြုံးလေးများနှင့် ထွေးပွေ့မှုများကို သူအမှတ်ရမိသည်။ သူမသည် သူ၏အမေ၊ ကျင်းယွမ်၏ မှောင်မိုက်သော ငယ်ဘဝ၏ အလင်းရောင်လေး ဖြစ်ခဲ့သည်။ လူတိုင်းသည် သူ့အား ရှောင်ဖယ်ခဲ့ကြချိန်တွင် သူမကသာ သူ့အားရှင်သန်ရန် အကြောင်းပြချက် ရှိစေခဲ့သူဖြစ်သည်။
 
ကျန်းရွှီနင်သည် တစ်ရက်လေးတောင် အနားမရခဲ့ပေ။ သူမ ဧကရီမယ်တော်၏ ခမ်းနားလှသော ဝတ်စုံကို ဝတ်ဆင်ခဲ့သည့်နေ့တွင်ပဲ သေခဲ့ရသည်။ ကျင်းယွမ် သူထိုအကြောင်းကို တွေးမိသည့်အချိန်တိုင်း သူကိုယ်သူ မုန်းမိ၏။

သူ သူ့အဖေ၊ ဟောင်လိ ကိုရွံသည်၊ သို့ရာတွင် သူ သူ့ကိုယ်သူ ပိုရွံမိသည်- အကယ်၍ သူသာ သူ့အမေ၏ဘဝအား ဆုံးရှုံးရမည် ဆိုသည်ကို သိခဲ့ပါလျှင် သူမစကားအား နားထောင်ပြီး နာခံစွာနေခြင်းထက် ပေါ်ပေါ်ထင်ထင်သာ ပုန်ကန်လိုက်ခြင်းကို ရွေးလိုက်မည် ဖြစ်သည်။

မဟုတ်ပေ၊ ဤလူသည် သူ့အဖေလို့ ခေါ်ဖို့ရန်တောင် မထိုက်တန်၊ သူ ကျန်းရွှီနင်ကို သူ့ဘဝ တစ်လျှောက်လုံးတွင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ခြင်း မရှိခဲ့၊ သူမအား သူနှင့်အတူ မြေကြီးထဲသို့ ဆွဲခေါ်သွားရန်သာ စိတ်အားထက်သန်နေခဲ့သည်၊ ဟောင်လိသည် သူမအား တကယ်ပင် ရွံရှာခဲ့၏။

အပြင်လူများသည် ကျန်းရွှီနင်၏ အလှနှင့် လျှို့ဝှက်ထားသော မြင့်မြတ်သော စရိုက်လက္ခဏာ၊ ထည်ဝါသော အော်ရာကို မြင်တွေ့ခဲ့ကြသည်၊ ဤအချင်းအရာသည် ဧကရာဇ်ဟောင်း သူမအား ချစ်မိကာ နှစ်အနည်းငယ်မျှ ထိုအရသာကို သဘောကျစေခဲ့၏။ သို့ပေမည့် ဤသဘောကျမှုများမှာ သူမ သူ့သဘောမကျဆုံးသားတော် မပါဝင်ခင်ထိ ပွင့်လန်းခဲ့၏။ အမေနှင့် သား ၊ ထို မျက်နှာသာပေးမှုများ ရုတ်ချည်းပြီးဆုံးသွားခဲ့သည်။

သူတို့သည် သူမ၏ အလှ၊ ကြင်နာမှုများသည် မောင်းမဆောင်၏ ရန်လိုမှုများနှင့် ဝေးကွာခဲ့သည်ကို သိခဲ့သည်၊ သူမ မည်သူ့ကိုမျှ ထိခိုက်စေခြင်းမရှိခဲ့သည်လည်း အပါအဝင်။ သူမသည် တော်ဝင်မွေးစားသားနှင့် အလဲအလှယ်အတွက် ဧကရာဇ်နှင့် ဆက်ဆံရေးကို အဆုံးသတ်ခဲ့သည်။ နန်းတော်ရှိလူအားလုံးသည် သူမအကြောင်းပြောနေဟန်ရှိသော်လည်း သူမအား စစ်မှန်စွာ နားလည်ခဲ့သူမှာ ကျင်းယွမ်သာ ဖြစ်သည်။

ဗီလိန်​များ၏အမေဖြစ်လာခြင်းWhere stories live. Discover now