V1 P2

1.6K 96 2
                                    

PhyuSin809

Unicode

ပြောရမယ်ဆိုရင် အစကတည်းက ဝမ်ဖူမှာ နာကျင်စရာကောင်းတဲ့ ဘဝတစ်ခုရှိခဲ့တယ်။

ဟုတ်ပါတယ်။ သူ့မိဘနှစ်ပါးစလုံးက ကျင့်ကြံသူတွေဆိုပေမယ့် ကျင့်ကြံဆင့်က အရမ်းမမြင့်ဘူး။ ဝမ်ဖူမမွေးဖွားခင်ကတည်းက သားရဲတွေကြောင့် ဒဏ်ရာရထားတဲ့ သူ့အမေကို သူ့အဖေက အနောက်မှာထားခဲ့ပြီး သားရဲကိုမျှားခေါ်သွားတဲ့အတွက် သူ့အမေရှေ့လေးတင် အဖေဖြစ်သူက သေဆုံးသွားခဲ့တယ်။

ဒါက ကျင့်ကြံသူတွေဆီမှာ ဖြစ်နေကျဆိုပေမယ့် သူမရဲ့ကျင့်ကြံဆင့်တိုးလာလေ သူမစိတ်ထဲ ပိုစိုးရိမ်လာလေပဲ။ သူမကျင့်ကြံလို့ နာကျင်ရမှာကို စိတ်မပူပေမယ့် သူမစိတ်ထဲရှင်းပြလို့မရနိုင်လောက်အောင် တစ်ခုခုကအရမ်းကို ရှုပ်ထွေးနေတယ်။ ဘာမှမလုပ်တာထက်စာရင် သတိထားနေတာက ပိုကောင်းတယ်။ ဝမ်ဖူအမေက ကျင့်ကြံရေးလောကမှထွက်တော့ ကျောင်လုတိုက်ပွဲထဲရောက်သွားပြီး တောင်တစ်ခုကို မတော်တဆရောက်သွားတယ်။ အဲ့မှာနေပြီး ဝမ်ဖူကိုမွေးဖွားခဲ့တယ်။

နောက်တော့ သူမရဲ့အမြဲသတိရှိမှုအတွက် ကျေးဇူးတင်ရမယ်။ ကလေးကထူးခြားတဲ့စွမ်းရည်ရှိတယ်။ ကျင့်ကြံသူတွေက သူ့ကိုမြင်တာနဲ့ အမြန်ပဲသတိထားမိကြလိမ့်မယ်။

ဒါက အသက်အရွယ်ခန္ဓာကိုယ်အစားထိုးတယ်ဆိုတာ ဝမ်ဖူအမေက မသိခဲ့ဘူး။ ဒါပေမယ့် ဒီထူးခြားမှုက ကမ္ဘာကြီးကို အန္တာရယ်ရှိလာနိုင်တယ်ဆိုတာတော့ သူမသိတယ်။ ဒါကြောင့် ဒီတောင်ထဲမှာပဲ ဝမ်ဖူရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ခဲ့တယ်။ သူ့ကို အပြင်မထွက်ဖို့၊ ပိုကျင့်ကြံပြီး သန်မာလာမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်လို့ သူ့ကိုနူးညံ့စွာပြောပြတယ်။

လက်တွေ့မှာတော့ သူမက မျှော်လင့်ချက်လုံးဝမရှိတော့ဘူး။ အမေတစ်ယောက်အနေနဲ့ သူမကလေးအတွက် အကောင်းဆုံးတွေကိုသာ လုပ်ပေးခဲ့တယ်။ သူမကလေးရဲ့ထူးခြားမှုက သူ့ကိုပိုသန်မာလာစေနိုင်ပြီး ပါရမီရှင်တစ်ဦးဖြစ်လာနိုင်သည်။ သူကနောင်တစ်ချိန်မှာ ကြီးမြတ်သူဖြစ်လာနိုင်တဲ့အတွက် ဘယ်အချိန်မဆိုအသတ်ခံရနိုင်တယ်။

လရောင်ဖြူလေးမ‌ဖြစ်ချင်တဲ့ကြာပန်းဖြူhostကကောင်းတဲ့hostမဖြစ်နိုင်ဘူး (System)Where stories live. Discover now